ခေါင်းဆောင်များသည် နောက်လိုက် များကို ဖန်တီးမှု မပြု၊
ပို၍ များပြားသောခေါင်းဆောင် များကိုသာ ဖန်တီးသည်။
တွမ်ပီတာ
စာရေးဆရာ၊ လုပ်ငန်းအတိုင် ပင်ခံပညာရှင်
လက်အောက်ဝန်ထမ်းများသည် မိမိတို့ ကိုယ်ကို အကန့်အသတ်များ ထားတတ်ကြသည်။ သူတို့အတွက် အတားအဆီးဆို သည်မှာ အတားအဆီး အစစ်အမှန်မဟုတ်။ သူတို့၏ စိတ်ထဲတွင် ပြဿနာဟု ထင်မြင်ယူဆထား သည်များနှင့် ရုန်းကန်နေတတ်ကြသည်။
မိမိ၏ဝန်ထမ်းများအား ယင်းတို့ လုပ်နိုင်ကြသည်ဟု ထင်သည်ထက် ပိုမိုလုပ်နိုင်ကြောင်း ပြဆိုခြင်းသည် ခေါင်းဆောင်ကောင်း တစ်ဦး၏ ကျွမ်းကျင်မှု တစ်ရပ်ပင်ဖြစ်သည်။ အမှန်တကယ်တွင် ထိုသူများမှာ အနာဂတ်ခေါင်းဆောင်များပင်ဖြစ်သည်။ မိမိ၏ ဝန်ထမ်းများ က မိမိအားချီးမွမ်းလာသည့် အနေအထားသို့ ရောက်လာသည့် အကြောင်းရင်းတစ်ခုမှာ မိမိက ယင်းတို့၏ အလားအလာများကို အမြဲတမ်းမြင်နေ၍ ဖြစ်သည်။ မိမိဝန်ထမ်းများ၏ အားသာချက်များကို အမြဲတမ်းကြည့်၍ ယင်းတို့အား ပြောပြရမည် ဖြစ်သည်။
မိမိက ဝန်ထမ်းတစ်ဦးအား ယုံကြည်မှုရှိကြောင်း ပြလိုက်သဖြင့် ထိုဝန်ထမ်းမှာ သူစွမ်းဆောင်နိုင်သည် ထက် ပိုမိုကြိုးစားလာမည် ဖြစ်တတ်သည်။ မိမိ၏ ယုံ ကြည်မှုကြောင့် ထိုဝန်ထမ်းမှာ တစ်ခါတစ်ရံ မနေတက်သည့် ခံစားမှုမျိုး ဖြစ်တတ်သော်လည်း မိမိအားပိုမို ချစ်ခင်လာမည် ဖြစ်သည်။ မိမိက သူ့အပေါ် ယုံကြည်မှုကို ဖော်ပြလျက် ထိုဝန်ထမ်း တိုးတက်လာစေရန် ဆက်လက်ပြု လုပ်ရမည် ဖြစ်သည်။
အမေရိကန်လုပ်ငန်းကိုင်ငန်း လောကတွင် ခေါင်းဆောင်မှု အပိုင်းတွင် အတော်ဆုံးပုဂ္ဂိုလ်များအနက် တစ်ဦးမှာ ရောဘတ် ဂရင်းလိဖ် Robert Greenleaf ပင်ဖြစ်သည်။ ဂရင် လိဖ်သည် “ ဆောင်ရွက်မှု ပေးသော ဦးဆောင်မှု” Servant Leadership ဟူသောသဘောထား အသိအမြင်ကို စတင်တီထွင်သူဖြစ်သည်။ ခေါင်းဆောင်ဆိုသူမှာ မိမိ၏ နောက်မှလိုက်သောသူများကို ဆောင်ရွက်မှု ပေးရမည်။ အင်္ဂလိပ် ဘာသာဖြင့် Serve လုပ်ရမည်။ မိမိ၏ လူများက မိမိတို့ကိုယ် မိမိ ကန့် သတ်ထားသည်များကို လက်အခံဘဲ ယင်းတို့၏ အားသာချက်များကို ဖော်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးရမည်။
မိမိ၏ လက်အောက်ဝန်ထမ်းများသည် လူများဖြစ်သည့်အတွက် အပြစ်အနာအဆာ မကင်းစင်၊ သို့သော်လည်း အောင်မြင်မှုရရှိသူများ အနေဖြင့် အပြစ်အနာအဆာများ ကင်းစင်ရမည်။
အပြည့်အဝတော်သူများကို မည်သူမဆို ဦးဆောင်နိုင်သည်။ သို့သော်လည်း အပြည့်အဝတော်သူများ ဖြစ်လာစေရန် ကြိုးပမ်းသော မိဘများသည် ကလေးများကို စိတ်ထားပျက်ပြားအောင် လုပ်နေခြင်းပင် ဖြစ်သည်ဟု ဂရင်းဖ်က ဆိုလေသည်။
ပုံမှန်အားဖြင့် လူတစ်ဦးသည် လူ့သဘောသဘာဝအရ ရင့်ကျက်မှု မရှိခြင်း၊ အခက်အခဲများ ကြုံတွေ့ရခြင်း၊ အကျွမ်းကျင်ခြင်း၊ ပျင်းရိခြင်းများ ရှိနေတတ်သည်။ ထိုလူများအား ဉာဏ်ပညာပါ သော ဦးဆောင်မှု ပေးနိုင်ပါက ဆုံးဖြတ်ချက်ချ ၍ရဲ့ဝံ့စွာ လုပ်ဆောင်နိုင်သူများ ဖြစ်လာကြမည်။ ထိုသူများက လုပ်နိုင်သည်ဟု ထင်သည်ထက် ပိုမို စွမ်းဆောင် လာနိုင်စေရန် ပျိုးထောင်ပေးခြင်းသည် အသင်းအဖွဲ့ တည် ဆောက်ခြင်း၏ လျှို့ဝှက်ချက်တစ်ခုပင် ဖြစ်သည်။
ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။