စာလို တတ်ပြီးလူလို မတတ်တဲ့ သူတွေကိုတွေ့တော့စိတ်ကောင်းရှိမှလူကောင်းဖြစ်မယ် ဆိုတဲ့ စကားကိုပိုပြီး လက်ခံ လာတယ် ။
အသက်တွေသာကြီးပြီးစိတ်သဘောထားတွေ မကြီးနိုင်သေးတဲ့လူတွေကို တွေ့တော့အသက်ကြီးလို့သာ လူကြီးလိုခေါ်ပြီးအသိ မရှိတော့ အလကားပဲလို့ မြင်လာတယ် ။
လူက ချမ်းသာနေပြီးတော့စိတ်မချမ်းသာနိုင်တဲ့ လူတွေကိုတွေ့တော့ဘယ်လို နေရနေရ ဘယ်လို စားရစားရလွတ်လပ် ပျော်ရွှင်ခြင်းကသာဘဝတန်ဖိုးဆိုတာ လက်ခံလာတယ် ။
ပညာတတ်ပြီး အကျည်းတန်နေတဲ့ လူတွေကိုတွေ့တော့စိတ်ကောင်းမရှိတဲ့ ပညာတတ်ခြင်းကလောကကို ဒုက္ခပေးတတ်တယ်ဆိုတဲ့ စကားလေးကို ပိုပြီးတော့ ယုံကြည်လာတယ် ။
ဂုဏ်ဓနရှိပြီး ရုပ်ရည်ချောတဲ့ သူတွေကအခြောက်တိုက် ဘဝင်မြင့်နေပြီးတစ်ဖက်သားကို လူရာမသွင်းချင်ကြတဲ့အခါရိုးသားခြင်းနဲ့ ကိုယ်ချင်းစာတရားကဘဲလူရဲ့ တန်ဖိုးလို့ ကိုယ်မြင်လာတယ် ။
တစ်ထောင်ဖိုး ပေးလို့တစ်ရာဖိုးလောက်တောင်အကောင်းမမြင်ဘဲကိုယ်ဘာလုပ်လုပ် ပတ်ဝန်းကျင်ကအပြစ်ပဲမြင်နေကြတဲ့အခါကိုယ်မှန်တယ် ထင်ရင်ဂရုမစိုက်ပဲ နေတတ်လာတယ် ။
စေတနာ မေတ္တာတွေကကိုယ်ပေးသလောက်မဆိုထားနဲ့တစ်ခါတလေ တစက်လေးမှပြန်မရတဲ့အခါ….နောက်တခါ ပေးနိုင်ရင်ပေးမပေးနိုင်ရင်လဲ ဥပေက္ခာပြုပြီးနေဒါပေမယ့် မင်း မျော်လင့်ချက်တော့သွားမထားမိစေနဲ့လို့ကိုယ့်ကိုယ်ကို ဆုံးမတတ်လာတယ် ။
လူတစ်ချို့က လိုမှခေါ်တယ်လူတစ်ချို့က လိုမှ သုံးတယ်လူတချို့က အဆင်မပြေမှ ဆက်သွယ်တယ်လူတချို့က ဒုက္ခရောက်မှ သတိရတယ်လူတချို့က ဒဏ်ရာတွေ ပေးပြီးလိုသလို သုံးပြီးရင် ပြန်ထွက်သွားကြတယ်ဒါတွေဟာ ဘဝထဲမှာ ခေါက်ရိုးကျိုးနေတဲ့အခါ လူတွေနဲ့ အရောဝင်ရမှာကြောက်လာတယ်လူတွေကို ယုံကြည်ရမှာ ကြောက်လာတယ်လူတွေကို ထပ်ချစ်ရမှာ ကြောက်လာတယ်လူတွေအများကြီးနဲ့တဟီးဟီး တဟားဟား နေရဖို့ထက်တစ်ယောက်ထဲပဲ အေးအေးဆေးဆေးနေချင်လာတော့တယ်နေတတ်အောင်လဲ ကြိုးစားတယ် ။
မိုးရွာရင်လဲ ရွာမယ်နေပူချင်လဲ ပူမယ်တခါတေလ ဘဝကရာသီဥတု ဆန်တယ်ကိုယ်က နေတတ်မှဒီနေ့က မလွယ်ကူဘူးနောက်နေ့က ပိုပြီးခက်ခဲနိုင်တယ်ဒီနေ့ထက် မနက်ဖြန်မှာခံနိုင်ရည် ပိုပြီးရှိနေရမယ်အပင်မြင့်ရင်လဲ လေတိုက် ခံရမှာဘဲအပင်နိမ့်ရင် တက်နင်း ခံရဦးမှာဘဲလောကဓံက ကွက်ကြားမိုး မဟုတ်ဘူးဘာပဲဖြစ်ဖြစ် ကိုယ်က သန်မာနေမှ ဖြစ်မယ် ။
#Openmoreonline
#CrdToOwner