ရှောင်နေလိုက်ပါ မိတ်ဆွေ

သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီဆိုရင်တိုက်ရိုက် သွားမပြောနဲ့။မသိသလို နေပေးပြီးတော့နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ။
သူ့အကျင့်ကို ရိပ်မိနေပြီမလား?သွားပြီး ပေါက်ကွဲ မပြနဲ့။မသိသလို နေပေးပြီးနောက်ဆို ကိုယ်ကဆင်ခြင်လိုက်ပါ။

နင်ကဘယ်လို ငါကဘယ်လိုဆိုပြီးစကားလုံးတွေနဲ့ စစ်တိုက်နေဖို့မလိုပါဘူး။ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကိုကိုယ်က နားလည်နေပြီမလား?ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့။တဖြည်းဖြည်း ရှောင်နေလိုက်ပါ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါထိခိုက်စေနိုင်တာမို့ပါ။တစ်ခါတစ်လေတော့ကိုယ်သိတဲ့ အရာတစ်ခုဟာကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲလိုတာပါ။လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့မပြောလိုဘူး။

မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ်ဆိုရင်လည်းကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ်။ရိုးသားချင်ယောင်ဆောင်သဘောကောင်းသလို ဟန်ပြကွယ်ရာမှာ နောက်ကောက်ချနင်းကိုယ့်ရဲ့ မကောင်းသတင်းကိုအလံတလူလူလို လေလွှင့်ခွင့်ရရင် ရသလိုဖဲ့ညှစ်အရာရာကို သူ့အပြစ်မဟုတ်ဘူးလို့ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့လူမျိုးကိုဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ။

#openmoreonline
#crd

Related Posts