hapeye

မဖြစ်နိုင်ဘူးဟုဘယ်တော့မှမပြောပါနှင့်။

(Never say never)


အတွေးများ၏စွမ်းအားများကို အသုံးပြုရာတွင် ဆန့်ကျင်ဘက် အသုံးအနှုန်းများကို ရှောင်ရှားရန် အရေးကြီးသည်။ မဖြစ်ဘူး၊ မဖြစ်နိုင်ဘူး၊ မလုပ်ဘူး၊ မလုပ်နိုင်ဘူး၊ မလုပ်သင့်ဘူး၊ မဟုတ်ဘူး စသည့်စကားလုံးများကို ရိုးရှင်းစွာပင် မသိစိတ်ကမကြားရပါ။

မသိစိတ်က ထိုစကားလုံးများကို မကြားရသည့် အကြောင်းအရင်းမှာ မသိစိတ်သည် ရုပ်လွှာများကိုသာနားလည်၍ ဖြစ်သည်။ ဤသဘောတရားကို စမ်းသပ်ရန် သင့်ဘာသာ ပြောကြည့်ပါ။ ‘ငါအာလူးချောင်းကြော် မစားတော့ဘူး’။ ထိုသို့ဆိုလျှင် သင့်စိတ်ကူးအာရုံတွင် မည်သည့်အရာကို ကနဦးမြင်မည်နည်း။ သင် အာလူးချောင်းကြော် စားနေသည့်ပုံကို မြင်မည်။ ကျွန်မ အတွေးတွင်လည်း ယင်းကိုပင် မြင်သည်။ အားလုံးသောသူများ အတွက်လည်း အတူတူပင်ဖြစ်သည်။ ‘ငါလူမွဲစာရင်း ကြေညာခံရလို့ မဖြစ်ဘူး’ ဟု စဉ်းစားလျှင် သင့်ကိုယ်သင် ခိုကိုးရာမဲ့ဘဝကို မြင်ယောင်မိသည်။ ထိုဆန့်ကျင်ဘက်ရုပ်ပုံလွှာဟု သင့်မသိစိတ်က မှတ်ယူသည်။

သင့်ကိုယ်သင် ဆန့်ကျင်ဘက် အတွေးအခေါ်ဖြင့် တွေးနေသည်၊ သို့မဟုတ် ပြောဆိုနေသည်ကို သတိပြုမိလျှင် (ရယ်စရာအဖြစ်ပြောနေသည်ဆိုလျှင်ပင်) ထိုအတွေးကို ချက်ချင်းပြောင်းပစ်ပါ။ ထိုအတွေးဖြစ်စဉ်ကို ဖျက်ပစ်ပြီး သင်ရယူလိုသောအရာ၏ ရုပ်ပုံလွှာဖြင့် ဖြည့်စွက်ပါ။ ‘ငါမဆင်းရဲဘူး’ ဟုတွေးမည့်အစား ‘ငါငွေရေးကြေးရေးအဆင်ပြေတယ်’ ဟု အစားထိုးတွေးပါ။ သင်၏အသိစိတ်က ထိုပြောင်ကျသော လိမ်ညာမှုအတွက် တွန့်ဆုတ်နေမည်ဆိုလျှင်ပင် သင့်ဦးနှောက်ကမှတ်သားမည်မှာ ငွေရေးကြေးရေး အဆင်ပြေသည့် သင့်ရုပ်ပုံလွှာဖြစ်သည်။ ထိုရုပ်ပုံလွှာကိုသာ သင့်မသိစိတ်က စွဲမြဲစွာမှတ်သားမည်။

နောက်ဆုံးတွင် သင့်အသိစိတ်ကပါ ထိုရုပ်ပုံလွှာကို လက်ခံလာမည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts