ဆက်ဆံရေးဟူသည့် အဓိပ္ပာယ်သည် လူအများအကြား စိတ်ခံစားမှုပါသည့် ဆက်ဆံပြောဆိုရေးကို ဆိုလိုသည်။ ပေါင်းသင်းဆက်ဆံရေးသည် တစ်ခါတစ်ရံ ကျွန်ုပ်တို့အား ငြီးငွေ့မှုများကို ဖြစ်စေတတ်သည်။ အချို့သော ဆက်ဆံရေးအခြေအနေများသည် ကောင်းမွန်တတ်ပြီး အချို့ကား အခက်အခဲမျိုးစုံ ရှိတတ်သည်။ ထို့ကြောင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ကျွန်ုပ်တို့ လူသားအားလုံး လေ့ကျင့်ပြင်ဆင်ထားရန် လိုအပ်သည်။ အမှန်စင်စစ် ဆက်ဆံရေးသည် စီမံခန့်ခွဲမှု လုပ်ပေးရသည့် လူ့အသိုင်းအဝန်းအတွက် အရေးပါသော အချိတ်အဆက်တစ်ခုပင် ဖြစ်သည်။
အောင်လှိုင် ဘာသာပြန်သော Why Worry ? Be Happy ! စာအုပ်မှ ကူးယူဖော်ပြထားပါသည်။