စာလို တတ်ပြီးလူလို မတတ်တဲ့ သူတွေကိုတွေ့တော့စိတ်ကောင်းရှိမှလူကောင်းဖြစ်မယ် ဆိုတဲ့ စကားကိုပိုပြီး လက်ခံ လာတယ် ။ အသက်တွေသာကြီးပြီးစိတ်သဘောထားတွေ မကြီးနိုင်သေးတဲ့လူတွေကို တွေ့တော့အသက်ကြီးလို့သာ လူကြီးလိုခေါ်ပြီးအသိ မရှိတော့ အလကားပဲလို့ မြင်လာတယ် ။ လူက ချမ်းသာနေပြီးတော့စိတ်မချမ်းသာနိုင်တဲ့ လူတွေကိုတွေ့တော့ဘယ်လို နေရနေရ ဘယ်လို စားရစားရလွတ်လပ် ပျော်ရွှင်ခြင်းကသာဘဝတန်ဖိုးဆိုတာ လက်ခံလာတယ်

လူတစ်ယောက်ကို “ခင်ဗျား လွဲနေတယ်လို့ပြောရင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ ဒါပေမယ့် လူတစ်ယောက်ကို ဒီလိုလေး လုပ်လိုက်ရင် ခင်ဗျား ပိုပြီးအဆင်ပြေလိမ့်မယ် လို့ပြောရင် လက်ခံချင် လက်ခံလာလိမ့်မယ်။ကိုယ်ဆိုလိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ်ပြောချင်တဲ့စကားတွေကို တစ်ဖက်သားက လက်ခံဖို့ဆိုရင် ပြောတတ် ဆိုတတ်ဖို့က သိပ်အရေးကြီးတယ်။ဘယ်တော့မှ နင်မှားတယ်၊ငါမှန်တယ် ဆိုတာမျိုး မပြောမိစေနဲ့။

အသိတရားခြင်းမတူညီကြတော့တုန့်ပြန်ပုံခြင်းလည်းတူမှာမဟုတ်ပါဘူး . . .

ချစ်တယ် ချစ်တယ်နဲ့ ပစ်ပယ် သွားတတ်တဲ့ သူတွေရှိမယ် စာနာတယ် သနားတယ်နဲ့ နှိမ်ချသွားတတ်တဲ့ သူတွေရှိမယ် ကူညီတယ် ကူညီတယ်နဲ့ အခွင့်အရေး ယူသွားတတ်တဲ့ သူတွေရှိမယ် ချီးကျူးတယ်ချီးကျူးတယ်နဲ့ အပုပ်ချသွားတတ်တဲ့သူတွေရှိမယ် လောကကြီးထဲမှာ နှုတ်ဖျားက ပျားသကာလိုချို နေပေမဲ့အတွင်းသဘောကပုပ်ပွနေတတ်ကြတာကို သင်သိတားပါ ဘ၀သင်ခန်းစာဆိုတာကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းဖူးမှသိတာဆိုပေမဲ့ ကြိုတင်သိရှိထားတော့စိတ်ဆင်းရယ်တဲ့ ဒုက္ခခံစားရမှု့တွေကို