လောကမှာ… လူတိုင်း တုံ့့ပြန်တတ်ကြတယ် ။ဒါပေမဲ့ ပညာရှိလို တုံ့ပြန်တာနဲ့ အောက်တန်းကျကျ တုံ့ပြန်တတ်တာ ကွာသွားတယ် ။
လူတိုင်း အတင်းပြောတတ်တယ် ။ လူ့သဘာဝအရ တခြားသူကို ဒါပေမဲ့ အပေါ်ယံ ဝေဖန်မိတာနဲ့ အောက်တန်းကျကျ privacy ထိပါးတာ ကွာသွားတယ် ။
လူတိုင်းမှာ hate list ရှိတယ် ။မုန်းတာနဲ့အညီ ဥပက္ခာပြု အဖတ်မလုပ်ပဲ ကိုယ့်ဘဝကို လျှောက်နေတတ်တဲ့ သူနဲ့မုန်းတယ်သာပြောပြီး တစ်ချိန်လုံး လိုက် Stalk လုပ် ထိုင်ပူလောင်နေတဲ့သူ ဆိုပြီး ကွာသွားတယ် ။
လူတိုင်းမှာ ပါးစပ်ပါတယ် ။ ပြောသင့်မပြောသင့် ချင့်ချိန်ပြီး မြိုချသင့်ချိန် မြိုချထားတဲ့သူနဲ့စကားဖြစ်ပြီးရော ပြောသူဆိုပြီး ကွာသွားတယ်။
လူတိုင်းမှာ အားနည်းချက်ရှိတယ် ။သူများအားနည်းချက်ကို မထိပါးတဲ့သူနဲ့ သူများအားနည်းချက်ကို နင်းတဲ့သူ ကွာသွားတယ် ။
လူတိုင်းမှာ သူ့အကြောင်းနဲ့သူ ရှိတယ် ။သူများကိစ္စ စိတ်မဝင်စားတဲ့သူနဲ့ အလုပ်မရှိအကိုင်မရှိ သူများနောက်ကြောင်း လိုက်လှန်နေတဲ့သူ ကွာသွားတယ် ။
ဒီလိုပါပဲ လူတိုင်း တူညီစွာ တန့်ပြန်တတ်ပေမယ့်ကိုယ်ချင်းစာစိတ် ရှိသူ နဲ့ မရှိသူရဲ့တုံ့ံ့န်မှုတွေကတော့ ကွာခြားသွားတတ်တယ် ။နာကျင်အောင်မပြောတတ်တာ မဟုတ်ဘဲကိုယ့်ကြောင့် တစ်ဖက်သား နာကျင်သွားမှာစိုးတဲ့ စိတ်ကြောင့်ရပ်တန့်လိုက်ရတဲ့ အခြေအနေတွေ ရှိပါတယ် ။
စကားတစ်ခွန်းကြောင့် လူရဲ့စိတ်ကို အကြိမ်ကြိမ် သေစေတယ် ။
#openmoreonline