လူအများကြီးနဲ့ ပေါင်းသင်းဆက်ဆံဖူးတဲ့အခါ သင်ခန်းစာတွေလည်း ခပ်များများ ရသွားတတ်တယ်။တချို့က ကိုယ့်ကိုတော်စေ၊တတ်စေတယ်။ တချို့ကြောင့် မှားခဲ့တာရှိသလို၊ နောင်တတွေလည်း ရစေခဲ့တယ်။တချို့က ကိုယ့်ကိုဘဝပျက်သွားစေသည်အထိ ချောက်ထဲတွန်းချ ပေးသွားတယ်။တချို့က ရင့်ကျက်လာအောင် အမျိုးမျိုး ပညာပြပေးသွားကြတယ်။တချို့က လူတိုင်းကို ရင်ဘတ်ကြီးနဲ့ မပေါင်းသင့်ကြောင်း ဥပမာပြပေးသွားတယ်။ တချို့ကမုန်းစရာကောင်းပေမယ့် ကိုယ့်ကို လူတွေကို အရမ်းမယုံဖို့ သတိထားတတ်အောင် သင်ခန်းစာကောင်းတစ်ခုကို သေသေချာချာ ပေးသွားတတ်တယ်။အများကြီး အများကြီးတွေကိုကြုံရင်း ဆုံရင်း ဖြစ်ရင်း ပျက်ရင်းနဲ့ အကြောင်းတွေ သိသွားရချိန်မှာ လူတွေအများကြီးနဲ့ သွားလာစားသောက် ပျော်ပါးနေရတာထက် လူနည်းနည်းလေးနဲ့ အနှစ်သာရရှိအောင် နေတတ်သွားပြန်ရော။နေတတ်ရင်တော့ အဆင်ပြေတယ်၊ မနေတတ်ရင်တော့ အရမ်းရှုပ်ထွေးတယ်။
#openmorenline