အနင်းခံရတဲ့ မြက်တွေဆိုတာရှင်သန်လာပြီးဆိုရင် သာမာန် အပင်တွေထက် ပိုသန်မာကြပါတယ်။ဘဝက အဖိအနှိမ်ခံနဲ့ တစ်သက်လုံး နေသွားရမှာမှမဟုတ်တာ မဖြစ်နိူင်ဘူးဆိုတဲ့စကားတွေအောက်မှာ စိတ်ဓာတ်ကျသွားတာထက် စိတ်နာတတ်အောင်လေ့ကျင့်ယူရမှာပါ။ဒီနေ့အဆင်မပြေဘူးဆိုပြီး ပြိုလဲသွားဖို့မလိုပါဘူး မနက်ဖြန်တွေမှာ ပြန်ရပ်တည်နိူင်ဖို့ အခွင့်အလမ်းတွေရှိပါသေးတယ် ။လောကဓံက ကြမ်းတယ်ဆိုတာဘဝတွေသန်မာဖို့အတွက် အဆင့်အဆင့်သင်ခန်းစာတွေပါပဲ… မုန်းတိုင်းပြီးရင် လေပြေဆိုတာ လာစမြဲပဲမဟုတ်လား???အတွေးနွံထဲမှာပဲ စိတ်နှစ်မနေနဲ့ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်ပါလူတိုင်းက သန်မာနေလို့ တော့ဘယ်ဟုတ်မလဲ… လဲကျသွားမှာစိုးလို့ တောင့်ခံရင်း ရုန်းကန်းနေကြရတာပါ။ဘဝက ခက်ခဲချင် ခက်ခဲမယ် ကြမ်းတမ်းချင် ကြမ်းတမ်းမယ် ဒါပေမယ့် ဘယ်တော့မှ အရှုံးမပေးပါနဲ့။
Credit _မေဆု(ရာမညမြေ)
#openmoreonline