ကိုယ့်အားကိုယ်ကိုး ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ

ချစ်တယ် ချစ်တယ်နဲ့ ပစ်ပယ် သွားတတ်တဲ့ သူတွေရှိမယ်

စာနာတယ် သနားတယ်နဲ့ နှိမ်ချသွားတတ်တဲ့ သူတွေရှိမယ်

ကူညီတယ် ကူညီတယ်နဲ့ အခွင့်အရေး ယူသွားတတ်တဲ့ သူတွေရှိမယ်

ချီးကျူးတယ်ချီးကျူးတယ်နဲ့ အပုပ်ချသွားတတ်တဲ့သူတွေရှိမယ်

လောကကြီးထဲမှာ နှုတ်ဖျားက ပျားသကာလိုချို နေပေမဲ့အတွင်းသဘောကပုပ်ပွနေတတ်ကြတာကို သင်သိတားပါ ဘ၀သင်ခန်းစာဆိုတာကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းဖူးမှသိတာဆိုပေမဲ့ ကြိုတင်သိရှိထားတော့စိတ်ဆင်းရယ်တဲ့ ဒုက္ခခံစားရမှု့တွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်

ဒါကြောင့် နှုတ်ခမ်းဖျာကစကားတွေမှာ သာယာပြီးလူတိုင်းကိုလည်း လွယ်လွယ်မချစ်နဲ့ လူတိုင်းကိုလည်း အထင်မကြီးနဲ့ လူတိုင်းကိုလည်း အယုံမလွယ်နဲ့ လူတိုင်းကိုလည်း အားမကိုးမိစေနဲ့ လူဆိုတာ အားနည်းချက်ကိုမှချနင်းသွားတတ်ကြတယ်မြေပျော့ရင် ခြေရာကျန်သလို စိတ်ပျော့ရင် တစ်သက်လုံးဒဏ်ရာထင်ကျန် နေတတ်တယ်

မိမိအားနည်း အခက်အခဲများကိုဘယ်တော့မှ ထုတ်ဖော်မပြပါနဲ့ ။အမြဲတမ်း စိတ်ဓာတ်မာကျောရဲရင့်သူဖြစ်နေပါစေ မိမိဘ၀ကို မိမိကိုယ်တိုင် လျှောက်လှမ်းကြရာမှာ မိမိကိုယ်ကိုအားကိုးပါ ယုံကြည်ပါ ရဲရင့်ပါ ဇွဲလုံလ ဝီရိယထားပါ စိတ်ဓာတ်မာကျောပါ ဘယ်အရာကိုမှ တွေးမကြောက်ပါနဲ့ ဖြစ်ပျက်ပြီးခဲ့သမျှ အရာတွေကို ပြန်လှည့်မကြည့်ပါနဲ့ မိမိရပ်နေတဲ့ ခြေအစုံ နေရာတိုင်းမှာ မိမိသွေးသား စိတ်ဝိညဉ်တို့ တည်ကြည်ခိုင်မြဲနေပါစေ

မိမိဘ၀ကို ကိုယ့်အားကိုယ်ကိုးကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ.။

#openmoreonline

Related Posts