ရသ

Taste the Pain

By HapEye.net

March 10, 2020

Taste the Pain ~~~~ တစ်ရံရောအခါမှာတော့ မပျော်မရွှင်လူငယ်တစ်ယောက်က အသက်ကြီးကြီး ဆရာအိုတစ်ယောက်ဆီကို ရောက်လာခဲ့တယ်။သူ့မှာ အလွန်ဝမ်းနည်းဖို့ ကောင်းတဲ့ ဘဝတစ်ခုရှိကြောင်းနဲ့ ဖြေရှင်းဖို့ နည်းကို အလိုရှိကြောင်း တောင်းခံခဲ့ပါတယ်။

မပျော်မရွှင် လူငယ်ကို ဆရာကြီးက ဆားလက်တစ်ဆုပ်စာ ယူခိုင်းတယ်။ ပြီးတော့ ရေတစ်ခွက်ထဲကို ထည့်ခိုင်းခဲ့တယ်။ အဲနောက်မှာတော့ သောက်ကြည့်ခိုင်းပါတယ်။

“ဘယ်လို အရသာ ရှိသလဲ” ဆရာကြီးက မေးခွန်းထုတ်တော့ “ဆိုးဝါးလွန်းတယ်” လို့ လူငယ်က ပြန်ဖြေတယ်။

ဆရာကြီးက ဖြည်းညှင်းစွာ ရယ်ပြီး  လူငယ်ကို နောက်ဆားတစ်ဆုပ်ကို ယူ၊ ဒီတစ်ကြိမ်တော့ ရေကန်ထဲကို ထည့်ခိုင်းခဲ့တယ်။ နှစ်ယောက်လုံး တိတ်တဆိတ် ကန်နဘေးမှာ လမ်းလျှောက်နေပြီးနောက် လူငယ်ကို မြည်းစမ်းကြည့်ခိုင်းတယ်။

“ကန်ထဲက ရေကို မြည်းကြည့်ပါအုံး”ရေစက်ရေပေါက်လေးတွေ လူငယ်ရဲ့ မေးစေ့အောက်ထိ စီးဆင်းကျလာတဲ့အထိ သူသောက်လိုက်တယ်။

ဆရာကြီးက ထပ်မေးပါတယ်။“ဘယ်လိုအရသာ ရှိလဲ”“ကောင်းတယ်” လူငယ်က ပြန်ဖြေတဲ့အခါ“ဆားအရသာရော ရနိုင်သေးလား” ဆရာကြီးက ပြန်မေးလိုက်တော့“မရတော့ပါဘူး” လူငယ်က ဖြေပါတယ်။

ဆရာကြီးက ပြဿနာ လူငယ်လေးဘေးမှာ ထိုင်လိုက်ပါတယ်။ သူရဲ့ လက်ကို ကိုင်တွယ်ပြီးတော့ ပြောတယ်။

“ဘဝရဲ့ နာကျင်မှုဆိုတာ ဆားသန့်သန့်လေးတွေပါ၊ ဒါပေမယ့် အဲဒီနာကျင်မှုကို ခံစားနိုင်တဲ့ ပမာဏက ငါတို့ ထည့်လိုက်တဲ့ ထည့်ခွက်အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် မင်း နာကျင်မှုကို တွေ့ကြုံရတိုင်း မင်းလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက မင်းရဲ့ ခံစားနိုင်စွမ်းကို ချဲ့ထွင်လိုက်ခြင်းပါပဲ။ ဖန်ခွက်မဖြစ်ပါနဲ့တော့၊ ရေကန်တစ်ကန် အဖြစ်ပြောင်းလဲလိုက်ပါ။”

Taste the Pain

Conscious Panda

Swan Htet (HapEye.Net)

ရသ

Open More Online