ရသ

ခွေးပါဝါ

By HapEye.net

March 16, 2020

ပေယျာလကန် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ (အာဏာရှင်) ဘုရင်မှာ ခွေး တစ်ကောင်ရှိတယ်။

ဘုရင်မှာ ခွေး တစ်ကောင်ရှိတာ ဆန်းသလား မဆန်းပါဘူးအလိုဗျာ ဘုရင် တိုင်းခန်းလှည့်ရင်လည်း ဆင်ပေါ်လည်း ခွေးပါ၊ မြင်းပေါ်လည်း ခွေး ပါ။ ပြည်သူတွေကို အတင်း ကန်တော့ခိုင်းနေတာက ဘုရင်ကို။ ဒါပေမဲ့ အလိုလို ခွေး ကိုပါ ကန်တော့နေရတဲ့ တိုင်းပြည်ဖြစ်နေရော။ ဘုရင်မှာ ခွေးအကောင်ပေါင်းများစွာ ရှိနိုင်တာပဲ။ ဟုတ်ပါတယ် အာဏာနဲ့အုပ်ချုပ်၊ မတရားသဖြင့် တိုင်းပြည်ကို  သိမ်းအုပ်ပြီး၊ ငါ့သား၊ ငါ့မယား၊ ငါ့ဆွေ၊ ငါ့မျိုး ကောင်းစားရေးပဲ လုပ်တဲ့ မင်းခေတ်မှာ ခွေးအကောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။ သူတို့က ဘာကြောင့် အာဏာကို ထူထောင်သလဲ။ အာဏာကသာလျှင် သူတို့တစ်မျိုးလုံးကို အကာအကွယ်ပေးနိုင်တယ်။  အာဏာပြထားတယ် ဆိုတာ ရှိတဲ့ စည်းစိမ်ဥစ္စာတွေကိုအကာအကွယ်ပေးထားတာ။  အာဏာကို ထူထောင်ထားတယ်ဆိုတာ သူတို့ ပိုင်ဆိုင် ထားတာတွေ ပျောက်မသွားအောင် အကာအကွယ်ယူနေတာ။ ဒါကြောင့်  အာဏာကို မစွန့်ချင်တာ ဆန်းသလား အဲဒီခေတ်မှာပေါ့ခွေးပေါင်းများစွာထဲက ခွေးတစ်ကောင်ကို ဘုရင်က အချစ်ဆုံးပဲ။ ဘယ်လောက်အထိချစ်သလဲဆိုရင် ဘယ်သွား သွားပါတယ်။  ဘုရင်ပွဲတော်တည်ရင် ခွေးအတွက် ခမ်းခမ်းနားနား တစ်ဝိုင်းတည်း ပြင်ပေးရတယ်။ အလိုဗျာ ဘုရင် တိုင်းခန်းလှည့်ရင်လည်း ဆင်ပေါ်လည်း ခွေးပါ၊ မြင်းပေါ်လည်းခွေးပါ။ ပြည်သူတွေကို အတင်း ကန်တော့ခိုင်းနေတာက ဘုရင်ကို။ ဒါပေမဲ့ အလိုလို ခွေးကိုပါ ကန်တော့နေရတဲ့ တိုင်းပြည်ဖြစ်နေရော။ တစ်နေ့တော့ ဘုရင် အလွန်ချစ်တဲ့ ခွေးသေပါလေရောခွေးသေတာကို ပေယျာလကန်မှာ ခွေးသေတယ်လို့တောင် မပြောရဘူး “ခွေးကံတော်ကုန်တယ်” “ခွေးနတ်ရွာစံတယ်” လို့  အမိန့်တော်ပြန်တယ်။ အဲသည်လောက်ကို ခွေးက တန်ခိုးကြီးနေတာ။ ဘုရင်က အမိန့်ထုတ်တယ်။  ခွေးကံတော်ကုန် သင်္ဂြိုဟ်ပွဲ တစ်မြို့လုံး တက်ရမယ်။ ကံတော်ကုန်ခွေးကို လူတိုင်း ပူဇော်ရမယ်တဲ့။ အမိန့်အာဏာနဲ့ လွှမ်းမိုးခံထားရတော့ လူတွေကကြောက်ပြီး ခွေးမသာပွဲကို လာကြရတယ်။ ခွေးမသာပွဲပြီးလို့ မကြာပါဘူး ဘုရင်သေရော။ ဘုရင်ဆိုတော့ နတ်ရွာစံတယ်၊ ကံတော်ကုန်တယ်  ပြောရမှာပဲ။ ဒါပေမဲ့ ဘုရင်သေပြီလေ။ အာဏာရှင်သေပြီး နောက်တက်လာတဲ့ မင်းက မင်းကောင်း မင်းမြတ်ဖြစ်နေလို့ ဘုရင်သေတာကို ဝမ်းသာပြီး  တစ်နိုင်ငံလုံး အောင်ပွဲခံတယ်။ အာဏာရှင် ဘုရင့်မသာပွဲ သူချစ်တဲ့ခွေးမသာလောက်တောင်  လူမရှိဘူး ခွေးမသာကို အာဏာနဲ့ လူလာအောင် လုပ်လို့ရတယ်။  အာဏာထုတ်တဲ့ဘုရင်သေတော့ အာဏာဟာ နေဝင် သွားတယ်။  ဒါပေမဲ့ အာဏာက ပျောက်သွားတာ မဟုတ်သေးဘူး။ အာဏာက ပုန်းနေတာ။ အာဏာက ရှိနေသေးတာ။ အာဏာကို ပြန်ထူထောင်ဖို့ ခွေးချစ်တဲ့ အာဏာရှင်တစ်ယောက် တစ်နေရာရာမှာ ရှိနေတယ်။ သတိသာထား အဲဒီလို အာဏာရှင် ဆင်ပေါ်ကို ပြန်ရောက်လာရင် ခွေးကိုပါ ကန်တော့နေရတဲ့ဘဝ ပြန်ရောက် ကြဦးမှာ။

Source: ဆရာ တင်ညွန့်

ရသ

Open More Online