သုတ

ဘဝပြသနာများကိုဖြေရှင်းနည်း (အပိုင်း-၃)

By Lei Lei Win Thant

June 27, 2022

ဘဝဒဏ်ခံရသူတစ်ဦး​၏ အခြေအနေ

ဘဝပြသနာများကိုဖြေရှင်းနည်း (အပိုင်း-၃)-ဘဝဒဏ်ဖိစီးမှုသည် သာမန်ကျန်းမာနေသောအချိန်တွင် အသင့် အတင့်မျှသာ ဖြစ်သည်ဟု ယူဆနိုင်သော်လည်း၊ ကျန်းမာရေးချို့တဲ့သည့် အချိန်အခါတွင်ကား သာမန်မျှသော ဘ၀ဒဏ်ကိုပင် အချို့ သူတို့ ခံနိုင်စွမ်း မရှိကြပေ။ တစ်နည်းဆိုရသော် လူတို့သည် ကိုယ်ခန္ဓာတွင် ရောဂါဝေဒနာ ခံစားရသောအခါ စိတ်ဓာတ်တွင်လည်း ခံနိုင်ရည် လျော့ပါးသွားတတ်ကြ ပေသည်။ လူတစ်ဦးတစ်ယောက်အဖို့ အမှားအယွင်း အခက်အခဲတို့နှင့် ကြုံတွေ့ရသောအခါတွင်လည်းကောင်း၊ အခြားသူထံမှ ကူညီအားပေးမှု မမျှော်လင့်နိုင်တော့သည့် အခါတွင်လည်းကောင်း၊ အနာဂတ်အတွက် မျှော်မှန်းချက်များ ပျက်စီးသွားသောအခါတွင်လည်းကောင်း၊ ဘဝဒဏ်ချက် ကို ပိုမိုပြင်းထန်စွာ ခံစားရတတ်ပေသည်။

သုတ အတွေးအခေါ်

OpenMoreOnline