သုတ

The Player (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၆)

By HapEye.net

March 10, 2020

The Player (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၆) ~~~~ Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စာလုံးအစောင်းဖြင့် ရေးသားထားသည်။

Rule 6-1. Rules စည်းမျဉ်း ၆-၁ စည်းမျဉ်းများကစားသူနှင့် ကယ်ဒီသည် ဂေါက်စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ရန် တာဝန်ရှိသည်။ မိမိ၏ကယ်ဒီ (သို့မဟုတ်) ကစားသူသည် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ခဲ့လျှင် ကစားသူက ပြစ်ဒဏ်ပေးရသည်။

Rule 6-2. Handicap စည်းမျဉ်း ၆-၂ အချက်အကျောပေးသတ်မှတ်ချက်a. Match Play ကျင်းပြတ်ကစားခြင်းအချက်အကျောပေးဖြင့် ကျင်းပြတ်ကစားရာတွင် မိမိ၏အချက်အကျောပေးအမှန်ကို ပြိုင်ပွဲမကစားမီ တစ်ဦးနှင့်တစ်ဦး အသိပေးသင့်သည်။ မိမိ၏ အချက်အကျောပေးအမှန်ကို သိရှိအောင် လုပ်ဆောင်ရန်မှာ ကစားသူ၏ တာဝန်ဖြစ်သည်။ မိမိ၏ (ဟန်းဒီးကက်) အကျောပေးအချက်ကို အမှန်ထက် ပိုမိုကြေညာခဲ့ပြီး အချက်ပိုမိုရခြင်း (သို့မဟုတ်) လျှော့ပေးရခြင်း စသော အကျိုးသက်ရောက်မှု ဖြစ်ခဲ့ပါက ကစားသမားသည် DQ ဖြစ်သည်။ အကယ်၍ အကျိုးသက်ရောက်မှု မရှိပါက ပြစ်ဒဏ်မရှိပါ။ ထိုအကျောပေးအချက်ဖြင့် ဆက်လက်ကစားရမည်။

b. Stroke Play အချက်ရေကစားခြင်းအကျောပေးအချက်ဖြင့် ကစားသော အချက်ရေကစားနည်းတွင် စကောကဒ်ပေါ်တွင် ဖော်ပြထားသော မိမိ၏ အကျောပေးအချက် မှန်၊ မမှန်ကို ကော်မတီထံသို့ မအပ်မီ သေချာစွာ စိစစ်ရန် လိုအပ်သည်။

အကျောပေးအချက်ကို ရေးမထားခြင်း (သို့) အမှန်ရှိသည်ထက်ပိုရေးထားခြင်းကြောင့် အသားတင် အချက်ရေတွင် နည်းသွားပါက ကစားသူသည် DQ သတ်မှတ်ခံရမည်။ အကယ်၍ သတ်မှတ်ထားသော အကျောပေးအချက်ထက် လျှော့ရေးမိပါက ပြစ်ဒဏ်မရှိပါ။ ထိုအတိုင်း သတ်မှတ်သည်။

Note မှတ်ချက် – မည်သည့်ကျင်းတွင် အချက်ရမည် (သို့မဟုတ်) ပေးရမည်ကို သိရှိရန်မှာ ကစားသူ၏ တာဝန်ဖြစ်သည်။

Rule 6-3. Time of Staring and Groupsစည်းမျဉ်း ၆-၃ သတ်မှတ်ထားသောပြိုင်ပွဲစတင်ချိန်နှင့်အုပ်စုအတွဲa. Time of Starting သတ်မှတ်ထားသောပြိုင်ပွဲစတင်ချိန်ကစားသူသည် ကော်မတီက သတ်မှတ်ထားသော တာလွှတ်ချိန်အတိုင်း စတင်ကစားရမည်။

ပြစ်ဒဏ်သတ်မှတ်ချက် စည်းမျဉ်း 6-3aကစားသူသည် မိမိအတွက်သတ်မှတ်ထားသော တာထွက်ချိန်ထက်နောက်ကျ၍ တီခုံသို့(၅)မိနစ် အတွင်း ရောက်ရှိပြီး ကစားရန် အသင့်ဖြစ်ပါက ကျင်းပြတ်ကစားခြင်းတွင် ပထမကျင်းအား ကျင်းရှုံး၊ အချက်ရေကစားခြင်းတွင် ပထမကျင်းတွင် ပြစ်ဒဏ် ၂ ချက် ပေးရသည်။ (၅) မိနစ်ထက် နောက်ကျပါက DQ ဖြစ်သည်။

Exception : ခြွင်းချက် – နောက်ကျ၍ တီခုံသို့ အချိန်မီရောက်ရှိခြင်းသည် ထူးခြားသောဖြစ်စဉ်၊ ခိုင်လုံသော အကြောင်းတစ်စုံတရာကြောင့် ဖြစ်သည်ဟု ကော်မတီက သတ်မှတ်ပါက ပြစ်ဒဏ်ကင်းလွတ်ခွင့်ရှိသည်။

b. Groups အုပ်စုအတွဲအချက်ရေကစားနည်းတွင် ကစားသမားများသည် ကော်မတီက သတ်မှတ်ပေးသော (သို့မဟုတ်) ပြောင်းလဲပေးသော အုပ်စုအတွဲများအတိုင်း ကစားရမည်။

စည်းမျဉ်း 6-3b ၏ ပြစ်ဒဏ်သတ်မှတ်ချက်မှာ DQ ဖြစ်သည်။ဘက်(စ)ဘောနှင့် ဖိုးဘောကစားခြင်းအတွက် စည်းမျဉ်း 30-3a နှင့် 31-2 ကို ဖတ်ရှုရန်။

Rule 6-4. Caldie စည်းမျဉ်း ၆-၄ ကယ်ဒီကစားသမားသည် အကူအညီပေးရန် ကယ်ဒီတစ်ဦးခေါ်ယူနိုင်သည်။ သို့သော် တစ်ချိန်တွင် ကယ်ဒီတစ်ဦးသာ ဖြစ်ရမည်။

ပြစ်ဒဏ်သတ်မှတ်ချက် စည်းမျဉ်း 6-4ကျင်းပြတ်ကစားခြင်းတွင် တစ်ကျင်းအတွက် ၁ ကျင်း အရှုံးပေးရသည်။ နှစ်ကျင်း (သို့မဟုတ်) နှစ်ကျင်းထက် ပိုမိုခဲ့ပါက အများဆုံးပြစ်ဒဏ်မှာ ၂ ကျင်းရှုံးသာ ပေးရမည်။ အချက်ရေ ကစားခြင်းတွင် ကျင်းတစ်ကျင်းအတွက် ပြစ်ဒဏ် ၂ ချက်ပေးရသည်။ နှစ်ကျင်း (သို့မဟုတ်) နှစ်ကျင်းထက် ပိုမိုခဲ့ပါက အများဆုံးပြစ်ဒဏ်မှာ စတင်ကစားခဲ့သော နှစ်ကျင်းအတွက်သာ ပြစ်ဒဏ် ၄ ချက် ပေးရမည်။ ကျင်းပြတ် (သို့မဟုတ်) အချက်ရေကစားခြင်းနှစ်ခုလုံးတွင် တစ်ကျင်းမှတစ်ကျင်း ပြောင်းချိန်တွင် ကယ်ဒီနှစ်ဦးဆက်လျက်ရှိနေပါက နောက်ကစားမည့်ကျင်းအတွက်ပါ ပြစ်ဒဏ်ပေးရသည်။ ဘူဂီ၊ ပါ ကစားခြင်းများ – စည်းမျဉ်း 32-1a ၏ မှတ်ချက် – ၁ တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။ စတေဘယ်ဖို့ကစားခြင်း – စည်းမျဉ်း 32-1b ၏ မှတ်ချက် – ၁ တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။ ကယ်ဒီနှစ်ဦးအား အသုံးပြုခြင်းအတွက် အပြစ်ဒဏ်ရှိကြောင်း သိလျှင်သိခြင်း တစ်ဦးသာအသုံးပြုရမည်။ ၁၈ ကျင်းကစားနေစဉ် နောက်တစ်ကြိမ်ထပ်မံ၍ (သို့မဟုတ်) ဆက်လက်အသုံးပြုပါက DQ ဖြစ်သည်။

Note မှတ်ချက် – ကော်မတီသည် ပြိုင်ပွဲစနစ်နှင့် စည်းကမ်းများ 33-1 တွင် ကယ်ဒီ လုံးဝအသုံးမပြုရန် (သို့) မိမိစိတ်ကြိုက်ကယ်ဒီခေါ်ယူခြင်းမပြုရန် တားမြစ်နိုင်သည်။

Rule 6-5. Ball စည်းမျဉ်း ၆-၅ ဘောလုံးဂေါက်သီးစည်းမျဉ်းနှင့် ကိုက်ညီသောဘောလုံးနှင့်သာ ကစားရန်မှာ ကစားသူ၏တာဝန်ဖြစ်သည်။ အခြားဘောလုံးနှင့် မမှားစေရန် မိမိ၏ဘောလုံးကို အမှတ်အသား ပြုလုပ်ထားသင့်သည်။

Rule 6-6. Scoring in Stroke Playစည်းမျဉ်း ၆-၆ အချက်ရေကစားနည်းအတွက် ရိုက်ချက်များမှတ်သားခြင်းa. အချက်ရေမှတ်သားခြင်းကျင်းတစ်ကျင်းပြီးဆုံးတိုင်း မာကာသည် မိမိမှတ်ရမည့်ကစားဘက်နှင့်အတူ အချက်ရေကိုစစ်၍ စကောကဒ်တွင် ရေးမှတ်ရမည်။ သတ်မှတ်ကျင်းရေ (သို့မဟုတ်) ၁၈ ကျင်းတစ်ပတ်ပြီးဆုံးပါက မာကာက စကောကဒ်ပေါ်တွင် လက်မှတ်ထိုး၍ ကစားဖက်ထံ ပေးအပ်ရမည်။ အကယ်၍ မာကာတစ်ဦးထက် ပိုခဲ့ပါက မာကာအားလုံးသည် မိမိတို့တာဝန်ယူမှတ်ခဲ့သော ကျင်းများအတွက် လက်မှတ်ရေးထိုးခဲ့ရမည်။

b. Signing and Returning Score Card လက်မှတ်ထိုးပြီး စကောကဒ်ကိုအပ်ခြင်းသတ်မှတ်ကျင်းရေ (သို့မဟုတ်) ၁၈ ကျင်း ပြီးဆုံးပါက ကစားသူသည် မိမိ၏အချက်ရေကို မာကာထံမှ ရရှိသောအခါ မှတ်သားထားသော တစ်ကျင်းစီ၏ ရိုက်ချက်များကို သေချာစွာစစ်ဆေး၍ မရှင်းလင်းသည့် အချက်ရေများရှိပါက ကော်မတီထံ စကောကဒ်မအပ်မီ တင်ပြဆွေးနွေးရမည်။ စကောကဒီပေါ်တွင် မာကာ၏ လက်မှတ်ပါမပါ စစ်ဆေးပြီးနောက် ကစားသူသည် လက်မှတ်ထိုး၍ ကော်မတီသို့ ချက်ချင်းအပ်နှံရမည်။

ပြစ်ဒဏ်သတ်မှတ်ချက် စည်းမျဉ်း 6-6b ၏ ပြစ်ဒဏ်သတ်မှတ်ချက်မှာ DQ ဖြစ်သည်။

c. Alteration of Score Card အချက်ရေကို ပြင်ဆင်ခြင်းကော်မတီထံသို့ မိမိ၏စကောကဒ်အား အပ်ပြီးနောက် မည်သည့်ပြင်ဆင်မှုကိုမျှ ပြုလုပ်၍မရပါ။

d. Wrong Score for Hole အချက်ရေ မှားရေးခြင်းမိမိ၏စကောကဒ်ပေါ်တွင် ရေးသားထားသော ကျင်းတစ်ကျင်းစီ၏ အချက်ရေ မှန်၊ မမှန်မှာ ကစားသူ၏ တာဝန်ဖြစ်သည်။ ကျင်းတစ်ကျင်းတွင် မိမိရိုက်ခဲ့သောအချက်ရေ (ပြစ်ဒဏ်အချက်ရေအပါအဝင်) ထက် လျှော့၍မှတ်ခဲ့ပါက (သို့မဟုတ်) မှား၍ရေးခဲ့ပါက ကော်မတီထံ စကောကဒ်ကိုအပ်နှံပြီးဖြစ်လျှင် DQ ဖြစ်သည်။ အမှန်တကယ် ရိုက်ခဲ့သော အချက်ရေထက် ပို၍ရေးခဲ့လျှင် ပြစ်ဒဏ်မရှိပါ။ ထိုအချက်ရေအား အတည်ယူသည်။

Exception : ခြွင်းချက် – စကောကဒ်မအပ်မီ ပြစ်ဒဏ်ပေးရမည်ဖြစ်ကြောင်းမသိ၍ ပြန်အပ်သော စကောကဒ်ပေါ်တွင် ရေးထားသောကျင်းတစ်ကျင်း၏ အချက်ရေတွင် ပြစ်ဒဏ်အချက်ရေထည့်မရေးခဲ့လျှင် DQ မဖြစ်ပါ။ ဤကဲ့သို့ဖြစ်လျှင် – ကစားသူသည် ကျူးလွန်သောစည်းမျဉ်းအတွက် သတ်မှတ်ပြစ်ဒဏ်နှင့် စည်းမျဉ်း 6-6d အရ ပြစ်ဒဏ်အချက်ရေ ထည့်မရေးခြင်းကြောင့် ကျခံရသော ထပ်ဆောင်းပြစ်ဒဏ် ၂ ချက်ကို ထိုပြစ်ဒဏ် ဖြစ်ပွားခဲ့သောကျင်းတွင် ပေးရမည်။ ကစားသူသည် ပွဲပယ်ပြစ်ဒဏ်ကျလျှင် ဤခြွင်းချက်ကိုမသုံးပါ။

Note 1 မှတ်ချက် ၁ – ကော်မတီက ကျင်းအားလုံး၏ စုစုပေါင်းရိုက်ချက်များအတွက် ပေးရန်နှင့် အချက်ကျော သတ်မှတ်ပေးရန် တာဝန်ယူရသည်။ စည်းမျဉ်း 33-5 ကို ဖတ်ရှုရန်။Note 2 မှတ်ချက် ၂ – ဖိုးဘောအချက်ရေကစားခြင်းအတွက် စည်းမျဉ်း 31-3 နှင့် 31-7a ကို ဖတ်ရှုရန်။

Rule 6-7. Undue Delay; Slow Playစည်းမျဉ်း ၆-၇ မလိုလားအပ်သော အချိန်ကြာခြင်းနှင့် နှေးကွေးစွာကစားခြင်းကော်မတီက သတ်မှတ်ထားသော ကစားရန်အချိန်ထက်ပို၍ကစားခြင်း မပြုရပါ။ တစ်ကျင်းနှင့်တစ်ကျင်း ကူးပြောင်းချိန်တွင် လိုအပ်သည်ထက်ပို၍ အချိန်ကြာခြင်းမဖြစ်စေရပါ။

ပြစ်ဒဏ်သတ်မှတ်ချက်စည်းမျဉ်း 6-7ကျင်းပြတ်ကစားခြင်း – ကျင်းရှုံး                  အချက်ရေကစားခြင်း – ၂ ချက်ဘူဂီ၊ ပါ ကစားခြင်းများ – စည်းမျဉ်း 32-1a ၏မှတ်ချက် – ၁ တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။စတေဘယ်ဖို့ကစားခြင်း – စည်းမျဉ်း 32- 1b ၏မှတ်ချက် – ၁ တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။ထပ်၍ထပ်၍ ဖောက်ဖျက်လျှင် – DQ ဖြစ်သည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

ရသ

Open More Online