စီးပွားရေး

Starting a Law Firm Out of Law School With No Money – A Complete Guide (1)

By HapEye.net

March 10, 2020

ရှေ့နေတစ်ယောက် အနေနဲ့ Law Firm တစ်ခုကို စလုပ်ကြည့်ဖို့ မိတ်ဆွေ စိတ်ဝင်စားပါသလား။ စိတ်ဝင်စားတယ်ဆိုရင် ဒါက ဥပဒေ ကျောင်းပြီးတဲ့နောက် ပိုက်ဆံလည်း မရှိသေး၊ အတွေ့အကြုံလည်း မရှိသေးခင်မှာ Law Firm တစ်ခု စတင်ဖို့ ပြီးပြည့်စုံတဲ့ လမ်းညွှန်မှု တစ်ခုကိုတော့ လေ့လာဖို့လိုအပ်နိုင်ပါတယ်။

ကျွန်ုပ်တို့က မိတ်ဆွေကို Sample Law Firm Business Plan Template အကြောင်း တခြားစာစုတွေမှာ ဆွေးနွေးပါဦးမယ်။ ဒါ့အပြင် Law Firm အတွက် အသုံးချလို့ရတဲ့ ဈေးကွက် ရှာခြင်း ထိုးဖောက်ခြင်း ချဲ့ထွင်ခြင်း အစရှိတဲ့ Marketing Idea တွေကိုလည်း လေ့လာရဦးမှာ ဖြစ်ပါတယ်။ ခုတော့ Law Firm လုပ်ငန်း စတင်လုပ်ကိုင်တဲ့အခါ လိုအပ်နိုင်မယ့်အချက်တွေကို တင်ပြဆွေးနွေးလိုက်ပါတယ်။

ဥပဒေ ပညာရပ်ဆိုရာ ကျွမ်းကျင်မှုနယ်ပယ်ဆိုတာဘယ်လူ့အဖွဲ့ အစည်းမှာမဆို တကယ့်ကို အရေးပါ တဲ့နယ်ပယ် တစ်ခုပါ။ ကမ္ဘာ တစ်ဝှမ်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ၊ စည်းမျည်း ဥပဒေသတွေ အစရှိတာတွေကို စိတ်ဝင်စားမှု ရှိလာပြီး လူ့ဘောင်တစ်ခုစီကို လွှမ်းမိုးလာသည်နှင့်အမျှ ဒီဥပဒေနယ်ပယ်ရဲ့ Service ရယူလိုမှုတွေ များပြားလာပါတယ်။ ဒါဟာ လူ့ဘောင် အဖွဲ့အစည်းတွေက သမိုင်းတစ်လျှောက် လူတွေကို ထိန်းကွပ်ပေးဖို့အတွက် ဥပဒေတွေ တည်ဆောက်လာခဲ့ကြလို့ ဖြစ်ပါတယ်။ ဥပဒေသာ မရှိရင် ပရမ်းပတာ ဖရိုဖရဲတွေ ဖြစ်လာပြီး လူတစ်ဦး တစ်ယောက်ချင်းစီ၏ ရပိုင်ခွင့် အခွင့်အလမ်းတွေကို ကာကွယ်နိုင်စွမ်း ရှိတော့မှာ မဟုတ်ပါဘူး။

ဟိုးရှေး အီဂျစ်နဲ့ ရာမခေတ်ကတည်းက လူငယ်တွေ အလုပ်သင်အနေနဲ့ အရေးထား အလေးပေးပြီး သင်ယူရတဲ့ ပညာရပ်တွေထဲမှာ ဥပဒေပညာဟာ တစ်ခု အပါအဝင်ပါ၊ အဲဒီ ခေတ်တွေကတည်းက စပြီးဥပဒေနယ်ပယ် ဖွံ့ဖြိုးလာတာ နှစ်အတော် ကြာပြီပေါ့။ ဒီနေ့ခေတ်မှာတော့ ရှေ့နေတွေဟာ ဥပဒေတွေ ကိုကျွမ်းဝင် အသုံးချနိုင်ဖို့အတွက် အတော်လေး လေ့ကျင့် သင်ကြားမှုတွေနဲ့ များစွာသော ပညာရပ်ဆိုင်ရာ ဗဟုသုတတွေ သင်ယူဖို့ လိုအပ်ပါတယ်။

Why Start a Law Firm?

ဒီဥပဒေ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုလုပ်ငန်းဟာ ကျွနု်ပ်တို့ တစ်တွေရဲ့ နေ့စဉ် လူနေမှုဘဝနဲ့ သွားလာ လှုပ်ရှားမှုတွေမှာ အမြတ်အစွန်းများပြီး ကြီးမား အရေးပါတဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်ပါတယ်။ ဒီနယ်ပယ်မှာ ရှိနေတဲ့ ရှေ့နေဟု ခေါ်ကြသော ပရော်ဖက်ရှင်နယ်များဟာ ဥပဒေဆိုင်ရာ အကြံဉာဏ်များ ပေးလို့ဖြစ်ဖြစ်၊ သုံးစွဲဖို့ မသင့်တော်တဲ့ ထုတ်ကုန် ပစ္စည်း၊ လိမ်လည်မှုများ ၊ မမျှတသော အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးများကြောင့် ထိခိုက်ခဲ့သော လူထု တို့၏ ကိုယ်စားလှယ် အဖြစ် ရပ်တည် ပေးလို့ ဖြစ်ဖြစ်၊ အိမ် ရောင်း/ဝယ်များ ၊ စီးပွားရေးလုပ်ငန်း စတင်မှုများကို ဝန်ဆောင်မှုပေးလို့ ဖြစ်ဖြစ်၊ ပြစ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံများ လိုအပ်သော ဥပဒေ ဆိုင်ရာ အကြံပေးလို့ဖြစ်ဖြစ် ဝန်ဆောင်မှုတွေ ပေးကြပါတယ်။

US နှင့် တစ်ကမ္ဘာလုံးက မြို့တွေမှာ ရှေ့နေတွေ ရှိကြပါတယ်။ ဒါပေမဲ့ ရှေ့နေတွေ အများဆုံး ရှိနေတဲ့ မြို့ကြီးတွေကတော့ New York, Washington, D.C., Los Angeles, and Chicago တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ Firm အရွယ်အစား ပေါ်မူတည်လို့ တစ်ဦးတည်းပိုင်ကနေ ရှေ့နေ 4,000 လောက်ထိရှိတဲ့ Law Firm တွေရှိပါတယ်။

ရှေ့နေတွေမှာ ဥပဒေဆိုင်ရာ အကြံပေးခြင်း၊ စာချုပ်မူကြမ်း ကဲ့သို့သော စာရွက်စာတမ်းများ ပြင်ဆင် ရေးဆွဲခြင်း၊ Filing Lawsuits and Pleadings with Courts နှင့် အကဲဖြတ်လူကြီးမင်းတွေ ဂျူရီ လူကြီးမင်းတွေနဲ့ Case တွေဆွေးနွေး ငြင်းခုန်ရခြင်း စသဖြင့် လုပ်ပိုင်ခွင့် ကျယ်ကျယ် ပြန့်ပြန့် ရှိပါတယ်။ တစ်ချို့ Attorney တွေက ယေဘုယျအနေနဲ့ အလုပ်လုပ်နေစဉ်မှာ တစ်ချို့က စီမံခန့်ခွဲမှုနဲ့ ရေကြောင်းဆိုင်ရာ Administrative/ Regulatory admiralty၊ အငြင်းပွားမှု Alternative Dispute Resolution/ Arbitration၊ ဒေဝါလီခံမှုနဲ့ ပြန်လည် ဖွဲ့စည်းရေး Bankruptcy and Restructuring၊ စာချုပ် စာတမ်း Contracts, Data Security အချက်အလက် လုံခြုံရေး စသည်ဖြင့် အထူးပြု တစ်ခုခုကို ယူပြီး လုပ်ကိုင်ကြပါတယ်။

What Does It Take to Start a Law Firm Successfully? Law firm တစ်ခု အောင်မြင်စွာ စတင်နိုင်ဖို့ ဘာတွေ လိုအပ်မလဲ?

ရှေ့နေအလုပ်က ထင်ရှား ကျော်ကြားတယ်လို့ အသေအချာ ပြောနိုင်ပါသော်လည်း ရှေ့နေတိုင်းမှာ Image (The Manner Presents Themselves to The Public ) ပြယုဒ်နဲ့ ပတ်သက်တဲ့ ပြဿနာ တွေရှိပါတယ်။ တော်တော်များများ ထင်ကြတာက ရှေ့နေတွေဟာ လူပေါ်လူဇော်တွေ မာနကြီးပြီး လူ့ကျင့်ဝတ်တွေကို မစောင့်ထိန်းကြဘူးလို့ ထင်ကြပါတယ်။ သို့သော် အရင်က သမာရိုးကျပုံစံတွေကို ဖယ်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်၊ ဘယ်နယ်ပယ်မှာဖြစ်ဖြစ် မကောင်းတဲ့သူ အနည်းအကျဉ်းတော့ ရှိတာပဲ မလား။

ထို့ကြောင့် သင်က ကိုယ်ပိုင် Law Firm တစ်ခုကို စတင်ဖို့ စဉ်းစားနေတယ် ဆိုရင်တော့ စိတ်ထဲမှာ စွဲစွဲ မြဲမြဲ ရှိရမှာက Legal Industry က အမျိုးမျိူးသော အလုပ်အကိုင် အခွင့်အလမ်း အများကြီးကို ပေးစွမ်း နိုင်စွမ်းရှိပြီး အနာဂတ်မှာလည်း ဒီ Industry က ပုံမှန် မြင့်တက်နှုန်း ရှိနေမယ်လို့ မျှော်လင့်လို့ ရပါတယ်။

Starting a Law Firm Out of Law School With No Money – A Complete Guide Industry Overview

စာရင်းဇယားတွေအရ 2013 တစ်နှစ်ထဲမှာတင် US မှာရှိတဲ့ Legal Service Industry ရဲ့ ဝင်ငွေက 256.66 billion dollar ရှိပါတယ်။ 2018 မှာ 288 billion U.S. dollars ထိ တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။ 2009 တစ်ကမ္ဘာလုံး စီးပွားပျက်ကပ် ပြီးကတည်းက industry ရဲ့ ဝင်ငွေက တစ်နှစ်ပြီး တစ်နှစ် တိုးတက်လာခြင်း ဖြစ်တယ်။

Interesting Statistics About the Legal Services Industry (Legal Services Industry ရဲ့ စာရင်းဇယားများကို လေ့လာခြင်း)

တိုးတက်လာတဲ့ ဝင်ငွေ နှုန်းအရ 2013 မှာ ထိပ်ဆုံး ရောက်နေတဲ့ Law Firm က DLA Piper ပါ။ ရုံးချုပ်က London နဲ့ Chicago မှာရှိပြီး 2005 ကတည်းက Law Firms သုံးခုကို ပေါင်းစပ်ပြီး တစ်ကမ္ဘာလုံးက နိုင်ငံ ၃၀ မှာ ရုံးခွဲတွေရှိပါတယ်။ Law firm Wachtel Lipton ဟာ Lawery တစ်ယောက်ဝင်ငွေထဲမှာ အများဆုံးဖြစ်ပြီး 2.31 million U.S. dollars ရှိပါတယ်။

2013 မှာ 1,000,000 ထက်ပိုတဲ့ သူတွေဟာ US က Legal ဆိုင်ရာ အလုပ်အကိုင်တွေမှာ လုပ်ကိုင် ကြတယ်။ အဲဒီ အရေအတွက်ဟာ 2018 မှာ 1.38 million ထိ မြင့်တက်လာတယ်။ အဲဒီက အများဆုံး ရှယ်ယာက ရှေ့နေတွေရဲ့ ရှယ်ယာတွေပါ။ ရှေ့နေတွေက ဝင်ငွေ အမြင့်ဆုံး ဖြစ်ပြီး ပျမ်းမျှ ဝင်ငွေက တစ်နှစ်ကို 132 thousand U.S. dollars ပါ။ 2013 မှာ Law ဘွဲ့ရထားတဲ့ 40% နီးပါးက law firms တွေရဲ့ အလုပ်အကိုင်တွေရသွားကြပြီး April 2014 မှာ 62.2 % ဟာ သူတို့အလုပ် အကိုင် အတွက် bar exam ဖြေဖို့ လိုအပ်လာပါတော့တယ်။

အမျိုးသမီးတွေရဲ့ တရားရေးဆိုင်ရာ အသက်မွေး ဝမ်းကျောင်းအလုပ်တွေကတော့ လျော့နည်းနေပါသေးတယ်။ 2013 April မှာ တရားရေးနယ်ပယ်မှာရှိတဲ့ အမျိုးသမီးတွေဟာ 34 % သာ ရှိပါတယ်။ အကောင်းဆုံး Law Firms 50 မှာ flex time lawyers (certain time limit Eg. Not later than 9 a.m) တွေနဲ့ working mother တွေ အလုပ်လုပ်ကိုင်ခြင်းက ယေဘုယျအားဖြင့်တော့ များလာပါတယ်။ မည်သို့ပင် ဆိုစေ အများအားဖြင့်တော့ အမျိုးသားများသာ ဖြစ်နေပါသေးတယ်။

1950 ကစပြီး နှစ်တွေ ကြာလာတာနှင့်အမျှ Legal Industry မှာ အလုပ်လုပ်ကိုင်တဲ့ ပြည်သူတွေ တစ် ဖြည်းဖြည်း များလာပါတယ်။ Legal industry က Legal ဆိုင်ရာ Market ဟာ ဆက်လက် ကြီးထွားလာမယ်လို့ ပြောဆိုထားပါတယ်။ Paralegals တွေမှာ ပျမ်းမျှထက် အများကြီး ပိုပြီးတိုးတက်လာနိုင် ချေတွေ ရှိပါတယ်။ Legal industry က ရုပ်ရှင် ပြသခြင်းလုပ်ငန်:၊ Spectator Sports ( ကြည့်ရှုသူတွေရှိတဲ့ အားကစားများ For example soccer, basketball, volleyball, golf, tennis)၊ စာအုပ် ထုတ်ဝေခြင်း၊ စားသောက်ဆိုင်နှင့် Bar Industry များထက် သုံးဆဝင်ငွေ ပိုကောင်းပြီး Accounting Industry ထက် နှစ်ဆ ဝင်ငွေ ပိုကောင်းတယ်လို့ အခိုင်အမာ ပြောပါတယ်။

1950 ထဲက စပြီး Legal industry ကျဆင်းလာတာ မတွေ့ရသေးပါ။ 1997 နဲ့2007 ကြား ထိပ်ဆုံး Law Firms 250 ရဲ့ ပျမ်းမျှဝင်ငွေ တိုးတက်မှုက 56% မြင့်တက်လာပါတယ်။ The Bureau of Labour Statistics ဖော်ပြချက်အရ Paralegal အလုပ်အကိုင်တွေရဲ့ တိုးတက်မှုက 2018 ထိ 28% တိုးတက်ပြီး 2008-2018 ထိ အနီးစပ်ဆုံး Paralegal အလုပ်အကိုင် 74,100 တိုးတက်လာပါမယ်။ တစ်ချို့ လေ့လာချက်တွေအရ တိုးတက်လာမှုက 2012 မှာ 10-20 % ပါတဲ့ စီးပွား ပျက်ကပ် အတွင်းမှာတောင် Legal industry က တိုးတက်နေတာပါ။ အဲလို အချိန်မျိုးမှာ Corporation တွေနဲ့ တစ်ဦး ချင်းစီတွေရဲ့ ဒေဝါလီခံမှုတွေ Foreclosure (အပေါင်ပစ္စည်း သိမ်းဆည်းခြင်း) နဲ့ အခြား ငွေကြေးဆိုင်ရာ ကိစ္စတွေအတွက် Legal Assistance တွေ လိုအပ်နေပါတယ်။ ထိုနည်းတူစွာ နိုင်ငံက အကြပ်အတည်းနဲ့ ကြုံရချိန်မှာ အလုပ်သမား အငြင်းပွားမှုတွေ၊ ကွာရှင်းနှုန်းတွေဟာ မြင့်တက်လာနိုင်တာ တွေ ရှိပါတယ်။ ထို့ကြောင့် Legal Industry သည် အထက်ပါ ကိစ္စတွေမှာ ဆက်လက် တိုးတက် လာမှာ ဖြစ်ပါတယ်။

Starting a Law Firm – Market Feasibility Research Demographics and Psychographics

Demographic (the statistical characteristics of human populations, such as age or income တစ်စုံ တစ်ခု ပေါ်မူတည်ပြီး ပြောလေ့ရှိသော လူဦးရေ, E.g အသက် 50 ကျော် ဘယ်နှစ်ယောက်)နှင့် Psychographic (buyer’s habits, hobbies, spending habits and values e.g ရေကူး ဝါသနာပါသူ ဘယ်နှစ်ယောက်) တွေကို ပေါင်းစပ်ပြီး Public sector, Private sector, Families, လူမှုအဖွဲ့ အစည်းတွေနဲ့ လူ့ဘောင်မှာရှိတဲ့ အမျိုးအမျိုးသော လူတွေ လိုအပ်နေတဲ့ Law Firms ရဲ့ Services တွေရှိပါတယ်။

၎င်းတို့မှာ ..• The public sector (Government both at the local, state and federal levels)• Organized private sector (Such as Oil firms, banks etc.)• Famous personalities in the society, such as Musicians, Comedians, Footballers, Wrestlers ( လက်ဝှေ့၊ နပန်းသမားများ ) etc.• Businessmen and Businesswomen• Institutions of learning such as Universities, Colleges, Training centers etc.• Estate (အိမ်ခြံမြေ) managers• Communities• Religious Centers such as Churches, Mosques (ဗလီ) etc.• Sport Organizations etc.

List of Niche ideas Within the Legal Services Industry That You Can Specialize in Legal service industry ထဲမှာ အထူးပြု လုပ်ကိုင်နိုင်မယ့် Niche Ideas များနဲ့ ပါတ်သက်လို့ ဆက်လက် ဆွေးကြရအောင်ပါ။

Legal industry ထဲဝင်ရောက်ပြီး Law Firm တစ်ခုစတင်တော့မယ့် သူတစ်ယောက်အတွက် ရွေးချယ်စရာ Niche Ideas တွေ ရှိပါတယ်။ အောက်ပါ Niches တွေအပြင် Client အတွက် ရပ်တည်ပေးတဲ့ Legal Industry ဟာ မည်သည့် Law Firm အသစ်အတွက်မဆို လမ်းပွင့်နိုင်တဲ့ အကောင်အထည် ဖော်လို့ရတဲ့ တစ်ခြား Niche တွေ အများကြီး ရှိပါသေးတယ်။

Here is a list of niches that a law firm can be specialised in:• Consultant in the legal profession• Agent for sports men, this includes footballers, athletes etc.• Strategists for politicians, (Includes becoming legal advisers to political parties)• Agents for properties owners, (Includes real estate agents etc.)• Legal aides for religious, corporate and social organisations• Social and Public Commentator (a reporter for radio or television who provides a spoken description of and remarks on an event.)

The Level of Competition in the Legal Services Industry

Legal Industry သည် အမှန်တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ ဒါဟာ Law Firm ရဲ့ ဂုဏ်သတင်း ကြီးမားမှုနဲ့ အကျိုးအမြတ်များတဲ့ အသက်မွေး ဝမ်းကျောင်းပညာကြောင့်လို့ ဆိုနိုင်ပါတယ်။ Expert တစ်ယောက်ထက် ပိုရှိမှသာ စီးပွားရေးနယ်ပယ်မှာ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ အပြင်မှာ Experts တွေ အများကြီးမလား? ကွန်ရက်နယ်ပယ် Network တစ်ခုကိုအရေးပါ အရာရောက်သောသူများနှင့် ဘယ်လို အကျိုးရှိရှိ ဖွဲ့စည်းရမလဲ သိခြင်းသည်လည်း အရေးကြီးလှသည်။ ဘယ်သူ့ကို ဘယ်လို case (အိမ်ခြံမြေ Agent ကိစ္စလိုမျိုး ၊ Footballer ကိစ္စလိုမျိုး) လုပ်ခိုင်းမည်သို့ In-Charge အနေဖြင့် တာဝန်ယူခိုင်းမည်ဟု ဆုံးဖြတ်ချက်ချနိုင်သူများလည်း ဖြစ်ရမည်။

ဒီ industry ထဲမှာ DLA piper လိုမျိုး Stakeholders တွေ အများကြီး ပါဝင်သော ကြီးမားသော firms တွေ အများကြီး ရှိတယ်ဆိုတာ သံသယအရိပ်လေးတောင် မရှိစေချင်ဘူး ၊ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ Firms အကြီးကြီးတွေ အတွက်ရော သေးသေးလေးတွေအတွက်ရော လုပ်ကိုင်စားလို့ရတယ် ဆိုတာပါပဲ။ အဲလို Firm အသေးလေးတွေ စစချင်းမှာ အစိုးရ Case တွေ ၊ Oil Farms တို့လို Case အကြီးကြီးတွေနောက် မလိုက်သင့်ဘဲ ဘောလုံးသမားတွေ အတွက် Agent ကဲ့သို့လည်းကောင်း အလားအလာရှိပြီး ကျော်ကြားလာနိုင်ချေ ရှိသူ၏ အကြံပေးကဲ့သို့လည်းကောင်း Niche တစ်ခုခုကို ရွေးချယ်ပြီး အထူးပြုလုပ်သင့်သည်။

List of Well – Known Brands in the Legal Services Industry

အောက်ပါ List တွင် Legal Service Industry ရှိ အတွေ့အကြုံအရရော၊ ကျွမ်းကျင်မှု အရရော လူ့စွမ်းအား အရင်းအမြစ်များအရရော ဈေးကွက်ကို ကိုယ်စားပြုပြီး ကျော်ကြားသော Law firm နာမည် များပါဝင်ပါတယ်။1. Akin Gump2. Alston & Bird3. Baker Botts4. Baker & Hostetler5. Bingham McCutchen6. Bryan Cave7. Dickstein Shapiro8. DLA Piper9. Faegre & Benson10. Greenberg Traurig11. Haynes Boone12. Holland & Knight13. Howrey14. Jenner & Block15. Jones Day16. Kilpatrick Stockton17. Locke Lord18. McGuireWoods19. Morgan, Lewis & Bockius

Economic Analysis ခေါင်းစဉ်နဲ့ Law firm တစ်ခု စတင်ဖို့ဆိုတာက မြင်သလောက် မလွယ်ပါဘူးဆိုတာကို နောက်တစ်ပုဒ်မှာ ဆက်လက်ဖတ်ရှုဖို့ ဖိတ်ခေါ်ပါတယ်။

Phoe Phyu & Associated Law Firm Website မှ ကူးယူဖော်ပြသည်။

စီးပွားရေး

Open More Online