ဘဝနေနည်း

Shall we dance? ကကြစို့လား (Part 2)

By Htet Nandi

March 22, 2023

ကျွန်မတို့ငယ်ငယ်တုန်းက ကျောင်းမှာ ကာယလေ့ကျင့်ခန်းလုပ်ရတာ တစ်နှစ်လုံး… သွေးပူလေ့ကျင့်ခန်းစ…ဆိုတာနဲ့ ပျင်းလာကြပြီ…။ ခုတော့ ခေတ်ပြောင်းသွားပြီ…။ ကလေးပိစိတွေကအစ Zumba တွေ ဘာတွေချနေကြပြီ…။

ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းအားလုံး လှုပ်ရှားဖြစ်အောင်…လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ သက်ဝင်မှုတွေ ရှိလာအောင်… ကကြ ခုန်ကြတာဟာ ယခုခေတ်မှာ Trend တစ်ခုအနေနဲ့ အတော်ပေါ်ပြူလာ ဖြစ်လာပါတယ်…။

အဓိက ကတော့… ကနေတဲ့အချိန်မှာ ပျော်တဲ့ဟော်မုန်း Endorphins ထွက်လာပါတယ်။ Endorphins က စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပါတယ်။ ကိုယ်တွေလက်တွေကို ညီညီညာညာ၊ အချက်ကျကျ လှုပ်ရှားရတာမို့ အဲဒီလို ကိုယ်အင်္ဂါတွေနဲ့ ဆက်သွယ်နေတဲ့ ဦးနှောက်ရဲ့ ကြွက်သားတွေဟာလည်း အချိုးကျကျ အလုပ်လုပ်လာပါတယ်။

ဦးနှောက်က ငြိမ်မနေတော့ဘဲ လေ့ကျင့်ခန်း လုပ်လာတဲ့အခါ Mental Functioning ကိုလည်း တိုးတက်လာစေပါတယ်…တဲ့။

Mental Function အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ သူကတော့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေပါပဲ။ Mental Functioning ဟာ…

Shall We Dance? ဆိုတဲ့ ရုပ်ရှင်လေးက… အကကို အခြေခံပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ…။ ထွက်ပေါက်ရှာတာ…လမ်းမှန်သွားတော့…ကိုယ်နဲ့ ကိုယ့်ဝန်းကျင် ပိုထိခိုက်စေမဲ့အရာတွေကို မလုပ်မိတော့ဘဲ…စိတ်ဖိစီးမှုတွေ၊ ငြီးငွေ့မှုတွေကို ဖြေဖျောက်သွားနိုင်တဲ့ အကြောင်းလေးပါ…။ ကျွန်မအကြိုက်ဆုံး မင်းသားလည်းပါတယ်လေ…။

ကခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပါးပါးလေး ထည့်ပြီးရိုက်ပြသွားတဲ့ကားပါ…။ လူကြီးလူငယ် ယောကျ်ား…မိန်မ…ပိန်သူ…ဝသူမရွေး စုပေါင်း ကခုန်နိုင်ကြတာဟာ Dance Class တွေရဲ့…အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ ကတဲ့အခါမှာ Psychological Wellbeing စိတ်ပိုင်းဆိုင်ရာအရ နေလို့ကောင်းလာတယ်…။

Self-Confidence ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ်။ ဒီတစ်ခုကို အောင်မြင်အောင် လုပ်နိုင်ပါလားဆိုတဲ့ Self-Esteem လည်းတက်လာတယ်…။

ကျွန်မလည်း Online မှာ လိုက်ရှာတော့ အခု ပေါ်ပြူလာဖြစ်နေတဲ့ အဖွဲ့တစ်ခုကိုတွေ့တယ်။ သူတို့ရဲ့… Dance Leaves ဆိုတဲ့ Page လေးကို ဝင်ကြည့်ရင် Top Zumba ဆရာတွေနဲ့ Zoom Class တွေ လုပ်နေတာ တွေ့ရပါလိမ့်မယ်…။ ခု Stay Home အချိန်ဆိုတော့ Zoom နဲ့ Zumba Class လုပ်နေကြတာ စိတ်ဝင်စားစရာ ကောင်းပါတယ်…။

ဆရာ နိုဝယ်လ်ကတော့ မျက်မှန်းတန်းမိနေတယ်…။ Zumba ကကြတဲ့ ကျွန်မ မိတ်ဆွေတွေနဲ့အတူ မကြာမကြာတွေ့နေမိလို့ပါ…။ ခုက အိမ်ထဲမှာနေရတာ ဆိုတော့ သိပ်နေထိုင်လို့ မကောင်း…။ လက်ကလေး၊ ခြေကလေးတော့ လှုပ်နေမှ ကိုယ်ခံအား Immune System ထုတ်လုပ်နိုင်မှာပါ…။ ကျွန်မလည်း အခြေအနေပေးတဲ့အခါ တစ်ခါတော့ Zumba Class Join ပါဦးမယ်ပေါ့လေ…။

Shall We Dance?

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း