Golf course beautiful landscape.

ရသ

Pace of Play – သတ်မှတ်ထားသည့်ကစားရန်အချိန်

By Hnin Oo Wai

August 15, 2020

Pace of Play – သတ်မှတ်ထားသည့် ကစားရန်အချိန်Play at Good Pace and Keep Up – ရှေ့အတွဲနှင့် ပြတ်မကျန်အောင် ကစားရန်ကစားသူသည် သတ်မှတ်ထားသည့် ကစားရန်အချိန်အတွင်း ပြီးဆုံးအောင် ကစားရမည်။ ကော်မတီသည် ကစားရန်အချိန်အား သတ်မှတ်ပေး၍ ကစားသူသည် ကစားရန် သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးဆုံးအောင် ကစားရမည်။ အရှေ့အတွဲနှင့် ပြတ်မကျန်အောင် မြန်မြန်ကစားရန်မှာ အတွဲတွင် ပါသောသူအားလုံးတွင် တာဝန်ရှိသည်။ မိမိအတွဲ၏ရှေ့တွင် တစ်ကျင်းပြတ်နေလျှင် နောက်အတွဲအား ကျော်တက်သွားရန် ဖိတ်ခေါ်သင့်သည်။ ရှေ့အတွဲနှင့် တစ်ကျင်းမပြတ်သော်လည်း နောက်အတွဲသည် ကစားနှုန်းမြန်လျှင် ကျော်တက်သွားရန် ဖိတ်ခေါ်သင့်သည်။

Be Ready To Play – ကစားရန်အသင့်ဖြစ်ခြင်းကစားသူသည် မိမိအလှည့်ရောက်လျှင် ကစားရန် အသင့်ဖြစ်နေသင့်သည်။ ဂရင်းအပေါ်နှင့်အနီးတွင် ကစားသောအခါ ဂေါက်အိတ်နှင့်ဘာဂီကို နောက်တစ်ကျင်းသို့ လျင်မြန်စွာသွားနိုင်သည့် နေရာတွင်ထားရမည်။ ကစားသူအားလုံး ကျင်းကစားပြီးလျှင်ပြီးခြင်း ဂရင်းပေါ်မှ ချက်ချင်းဆင်းပေးသင့်သည်။

Lost Ball (လော့(စ်)ဘော) – ဘောလုံးပျောက်သွားခြင်း (သို့) ဆက်ကစားခွင့်ဆုံးရှုံးသွားသည့်ဘောလုံးမိမိရိုက်လိုက်သောဘောလုံးသည် ဝါတာဟဲဇတ် ပြင်ပတွင်ပျောက်နိုင်သည် (သို့မဟုတ်) အိုဘီကျနိုင်သည်ဟုယူဆလျှင် ကစားသူက နောက်ထပ် အရံဘောလုံးတစ်လုံးကို ရိုက်သင့်သည်။ အရံဘောလုံးရိုက်ခြင်းမှာ လောလုံးပျောက်ဆုံးသွားလျှင် နောက်ဆုံးရိုက်ခဲ့သောနေရာသို့ ပြန်လာပြီးရိုက်ရမည်ဖြစ်၍ အချိန်ကုန်သက်သာအောင် ကြိုတင်ရိုက်ခြင်းဖြစ်သည်။ ဘောလုံးရှာဖွေချိန် ၅ မိနစ်ပြည့်အောင်မစောင့်ဘဲ နောက်အတွဲကို ကျော်တက်သွားရန် ဖိတ်ခေါ်သင့်သည်။ ကျော်သွားသည့်အတွဲအနားသို့ ဘောလုံးမရောက်နိုင်သော လွတ်ကင်းသည့်နေရာသို့ ရောက်ရှိသည့်တိုင်အောင် စောင့်၍ရိုက်သင့်သည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rule of Golf စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။