ရသ

Mirror

By HapEye.net

June 11, 2020

အဲဒီနေ့ မနက် ကျွန်တော် မှန်ကြည့်ခဲ့တယ်။မှန်ထဲမှာ လူတစ်ယောက်ရှိနေတယ်။

အခန်းထဲမှာ……သူနဲ့ ကျွန်တော်နှစ်ယောက်ထဲပါ။

ကျွန်တော် ရယ်တယ်။ သူလည်းလိုက်ရယ်တယ်။ကျွန်တော် မဲ့ပြတယ်။ သူလည်းလိုက်မဲ့နေတယ်။

ကျွန်တော်….အရမ်း ပျော်ရွှင်မိတယ်။

သူက ပြောတယ်။သူ…အနီရောင် စကားဝါပန်းတစ်ပွင့် လိုချင်မိတယ်တဲ့။

နောက်တော့…ကျွန်တော် အပြင်ကို ထွက်ပြီး ပန်းသွားခူးခဲ့တယ်။

ပြန်ရောက်လာတဲ့အခါလူစိမ်းတစ်ယောက်ရောက်နှင့် နေပြီ။

ကျွန်တော် စောင့်နေခဲ့ပါတယ်။

လူစိမ်းက မှန်ရှေ့မှာ ထိုင်နေပြီးပြုံးနေတယ်။နောက်ပြီး ရယ်မောနေတယ်။သူတို့တူတူ ကနေကြတယ်။

ခဏကြာတော့ သူလည်း ထွက်သွားခဲ့တယ်။အဲဒါနဲ့…….ကျွန်တော်လည်း ဝင်ထိုင်လိုက်ပါတယ်။

အနီရောင် စကားဝါပန်းကို ဝှေ့ယမ်းပြီးမှန်ထဲကို ကြည့်လိုက်ပါတယ်။

တောင်းပန်ပါတယ်ဗျာ။ ဘယ်သူမှ မရှိတော့ပါဘူး။

Swan Htet (HapEye.Net)