အိုင်တီ

METAL ဒီဇိုင်းတစ်ခုကို ဖန်တီးခြင်း (2)

By HapEye.net

June 11, 2020

METAL ဒီဇိုင်းတစ်ခုကို ဖန်တီးခြင်း (2) ယခု ဒုတိယအဆင့်အနေဖြင့် Step 2 (Pattern တစ်ခုကို ဖန်တီးခြင်း) အပိုင်းကို ဆက်လက်လေ့လာပါမယ်။ ဒုတိယအဆင့်အနေဖြင့် ယခင် ဖန်တီးထားတဲ့ အကွက်ကလေးအလိုက် Rectangular Marquee Tool ကို ယူပြီး အကွက်ကလေးတစ်ကွက် Mouse နဲ့ ဖိဆွဲလိုက်ပါ။

ပြီးနောက် ၎င်းလေးထောင့်အကွက်ကလေးရဲ့ ဘေးပတ်ပတ်လည်မှာ Stroke တစ်ခုကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Edit Menu ထဲမှ Stroke ကို ရွေးလိုက်ပါ။ Width နေရာမှာ 1 px ကို ထားရှိရမှာဖြစ်ပြီး Color နေရာမှာကတော့ Black အနက်ရောင်ကိုသာ ရွေးပေးလိုက်ပါ။

အခုဆိုရင် အောက်ပါပုံအတိုင်း အနက်ရောင်ဘောင်လေး ထည့်သွင်းထားတဲ့ လေးထောင့်ကွက်လေးတစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။

ဆက်လက်ပြီး Pattern တစ်ခုကို တည်ဆောက်ရန်အတွက် Edit ထဲမှ Define Pattern ကို ရွေးလိုက်ပါ။ Pattern အမည်ကိုတော့ Grid 50 px လို့ အမည်ပေးလိုက်ပါမယ်။

ပြီးရင်တော့ ဒီ Document ကို ပိတ်လိုက်ပါ။ Save လုပ်ရန်လည်း မလိုပါဘူး။ အခု ဖန်တီးလိုက်တာကတော့ 50 pixels အရွယ်အစားရှိတဲ့ Pattern တစ်ခုကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဒီ Pattern ကို တကယ် Metal ပုံစံပြုလုပ်မည့် Document မှာ ပြန်လည်ထည့်သွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။