အိုင်တီ

METAL ဒီဇိုင်းတစ်ခုကို ဖန်တီးခြင်း (3)

By HapEye.net

June 11, 2020

Step 3 (New Document တစ်ခုကိုထပ်မံဖန်တီးခြင်း)

ဒီတစ်ခါ Document တစ်ခုကို ဖန်တီးရာမှာကတော့ တကယ့် Metal ပုံစံ ပြုလုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် 6 လက်မ 4 လက်မ ပတ်လည်လောက်ဖန်တီးလိုက်ပါမယ်။ Background Color နေရာမှာကတော့ White ကိုပဲ ရွေးချယ်ထားပါမယ်။ ဒါဆိုရင် စာရွက်အဖြူရောင်တစ်ရွက်ကို ရရှိလာမှာ ဖြစ်ပါတယ်။

Step 4 ( အရောင်ထည့်သွင်းခြင်း )

အခု New Document မှာ အရောင်ထည့်သွင်းရန်အတွက် ဘယ်ဖက် Tools Bar မှ Gradient Tool ကို ရွေးလိုက်ပါ။ Gradient Type မှာ Copper ကို ရွေးလိုက်ပါမယ်။

ပြီးရင် အောက်ပါပုံအတိုင်း ညာဖက်အောက်ခြေမှ အပေါ်သို့ ဖိဆွဲပေးလိုက်ပါ။ ဒီလို Mouse နဲ့ ဖိဆွဲရာမှာ Shift Key ကို ဖိထားပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ Gradient ဟာ မျဉ်းဖြောင့်ပုံစံအတိုင်း အရောင်ပြေးသွားမှာ ဖြစ်ပါတယ်။  

အခု Gradient ပြုလုပ်လိုက်တဲ့အခါမှာ အရောင်ဟာ Copper အရောင် အနီရောင်အနေဖြင့်သာ ရရှိမှာဖြစ်ပါတယ်။ အခု ဒီအရောင်ကို Gray Scale အနေဖြင့် ပြန်လည်ပြောင်းပေးရပါမယ်။ Image Menu ထဲမှ Adjustments> Desaturate ကို ရွေးလိုက်ပါ။ Keyboard Shortcut အနေဖြင့် Shift + Ctrl+U ကို အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင် အဖြူအမဲအနေဖြင့် Grayscale ပုံတစ်ပုံအဖြစ် ရရှိသွားပြီ ဖြစ်ပါတယ်။