အိုင်တီ

METAL ဒီဇိုင်းတစ်ခုကို ဖန်တီးခြင်း (1)

By HapEye.net

June 11, 2020

Photpshop CS 5 ကို အသုံးပြုပြီး Metal သတ္တုပုံစံ ဒီဇိုင်းတစ်ခုတည်ဆောက်ခြင်း ကို လေ့လာကြည့်ရအောင်။ Metal ဒီဇိုင်းကို တည်ဆောက်ရာမှာ သတ္တုပုံစံအကွက် ကလေး များဖြင့် တည်ဆောက်ပြီး ဖန်တီးရမှာ ဖြစ်ပါတယ်။

ဒီတော့ သတ္တုပုံစံ အကွက်ကလေးတစ်ကွက် ကို အရင်ဆုံးဖန်တီးထားရပါမယ်။ ပြီးရင်တော့ ဒီ အကွက်ကလေး တစ်ကွက်ကို သင်အလိုရှိသလို ကော်ပီပွားယူပြီး Document တစ်ခုလုံး အပြည့်ထည့်သွင်းပြီး ဖန်တီးရမှာ ဖြစ်ပါတယ်။

Step 1 (New Document တစ်ခုကို ဖန်တီးခြင်း)

ပထမဆုံးအဆင့်အနေဖြင့် New Document တစ်ခုကို တည်ဆောက်ရပါမယ်။ ဒီလို New Document ကို တည်ဆောက်ရာမှာ Metal အကွက်တစ်ကွက်စာ အရွယ်အစား Document ကို ဖန်တီးရမှာ ဖြစ်ပါတယ်။

Width နဲ့ Height မှာ 50 Pixels ကို ရွေးပေးထားရမှာ ဖြစ်ပါတယ်။ နောက်ခံ Background ကိုတော့ Transparent အနေဖြင့်သာ ထားရှိရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် 50 Pixels အရွယ်အစားသာ ရှိတဲ့ Document တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။