ရသ

Me Myself & I

By HapEye.net

February 19, 2020

Me Myself & I ~~~~ လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို နားမလည်နိုင်ဘူး။ အနီးစပ်ဆုံးသူ ဖြစ်စေ၊ အဝေးကြီးကသူ ဖြစ်စေ။

သင်ဟာ သင့်အကြောင်းပဲ စဉ်းစားနေတယ်။ ကျွန်ုပ်ဟာလည်း ကျွန်ုပ်အတွက်ပဲ ကျွန်တော့်ခံစားချက်နဲ့ ဆက်ယှက်လို့ပဲ တစ်ချိန်လုံး တွေးတောနေတယ်။

ဟာ…ငါ ဒါကို လက်မခံနိုင်ဘူး။ ငါ အားလုံးအတွက် စဉ်းစားပေးပါတယ်။ ငါ အားလုံးအတွက်ရှိနေပါတယ်။ အားလုံးအကျိုးရှိအောင် ငါ အမြဲစဉ်းစားနေပါတယ်။

ဒီလိုဆိုရင်တော့ သင်က ဉာဏ်မမှီသူတစ်ယောက်ပါ။ သင်စဉ်းစားတာတွေက ကျွန်တော့်အတွက် အလုပ်မဖြစ်ဘူး။

မစဉ်းစားနေနဲ့တော့။  ထားလိုက်ပါတော့။ ကျွန်တော်အတွက်ကို ကျွန်တော်ပဲ အေးအေးဆေးဆေး စဉ်းစားလိုက်ပါတော့မယ်။

ကျွန်တော်ရော ခင်ဗျားရော ကိုယ့်အတွက်ကိုယ်ပဲ သေသေချာချာ စဉ်းစားကြတာပေါ့။ 

ဘာလို့လဲဆိုတော့ ခင်ဗျားတော့ မသိဘူး။ ကျွန်တော်ကတော့ အရမ်းကို တစ်ကိုယ်ကောင်းဆန်နေပြီး… အဲ့ဒါကိုလည်း…. ပြန်ပြင်တော့မှာ မဟုတ်လို့ပါ။

19seventeen

ရသ

Open More Online