အိုင်တီ

Magnify တစ်ခု ပြုလုပ်ခြင်း (2)

By HapEye.net

June 12, 2020

Magnify တစ်ခု ပြုလုပ်ခြင်း (2)

ဒုတိယအဆင့်အနေဖြင့် လုပ်ဆောင်ရမှာကတော့  Selection မှတ်သားထားသော အကွက်အတွင်းသို့ Gradient ထည့်သွင်းပါမယ်။ ဒါကြောင့် Shift Key ကို ဖိထားပြီးနောက် Mouse နှင့် အပေါ်မှ အောက်သို့ ဖိဆွဲချပေးလိုက်ပါ။ ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း ရရှိလာမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပြုလုပ်ရမှာကတော့ မှန်ဘီလူး လက်ကိုင်တစ်ခု ဖြစ်တဲ့အတွက်ကြောင့် လိုအပ်သော အတိုအရှည်ကို ရရှိစေရန် Transform ပြုလုပ်ပေးရပါမယ်။ ဒါကြောင့် Ctrl+ T ကိုနှိပ်ပြီး လိုအပ်သလောက် Transform ပြုလုပ်ပြီး အရွယ်အစားကို ချိန်ပေးလိုက်ပါ။

ပီးရင်တော့ ဒီလက်ကိုင်ကို နည်းနည်း စောင်းလိုက်ပါမယ်။ ဒါကြောင့် Transform ပြုလုပ်ပြီး Rotate ပြုလုပ်ပေးရပါမယ်။