ပညာရေး

Learn Together Win Together ⇒ Learning English (Part 9 )

By HapEye.net

January 27, 2020

Learn Together Win Together ⇒ Learning English (Part 9 ) ~~~~ မင်္ဂလာပါ။ Learn Together Win Together အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာလည်း အင်္ဂလိပ်စာကို ပြန်လည်လေ့လာပါမယ်။

ကျွန်တော်တို့တွေ တစ်ခါတစ်လေ လေ့လာရင်းနဲ့ တစ်ကိုယ်တော် ငြင်းခုံနေရတာမျိုး၊ ဘာလုပ်လို့ လုပ်ရမှန်း မသိတာမျိုး ဖြစ်လာပါတယ်။ လေ့လာစရာတွေ အရမ်းကို ကျယ်ပြန့်တဲ့အခါမှာ ဘာကို အရင်လုပ်ရမှန်းမသိတာမျိုး ခိုင်မာသေချာတဲ့ လမ်းကြောင်းမရှိဘဲ လုပ်မိရာရာ လုပ်နေတတ်တာမျိုးတွေ ဖြစ်နေမိပါတယ်။

သင်တန်းတွေကို ငွေကုန် အချိန်ကုန်ခံပြီး တက်ကြတယ်ဆိုတာလည်း ကိုယ့်ကို လမ်းကြောင်းချပေးပြီး သင်ကြားတာမျိုးတွေကြောင့်ပါ။ ဒါကြောင့် မြန်မာပြည်သူတွေက သင်တန်းတွေကို အားကိုးတစ်ကြီးနဲ့ တက်ကြရှာပါတယ်။

မြန်မာမှာလည်း စိတ်မကောင်းစရာတစ်ခုက English ကို online အားကိုးပြီး Free သင်ပေးကြတဲ့ ဆရာတွေ ရှားပါးနေလို့ပါ။ သင်တန်းတွေမှာ သင်သလို ရေရှည်သေချာသင်ပေးနေတဲ့ Online Free Class တွေတော့ မတွေ့ဘူးသေးပါဘူး။ 

တကယ်တော့ အလုပ်တွေနဲ့ သင်တန်းတက်ဖို့ အချိန်သီးသန့်မပေးနိုင်တဲ့ သူတွေအတွက် Online ကနေ Free ဖြစ်စေ၊ အဖိုးအခတစ်ခုသတ်မှတ်၍ ဖြစ်စေ သင်ပေးထားတာတွေ ရှိနေသင့်ပါပြီ။

အခုလောလောဆယ်တော့ ပြည်ပဆရာတွေ သင်ပေးနေတာတွေကိုပဲ ကျွန်တော်တို့ ရှာဖွေလေ့လာနိုင်ပါသေးတယ်။ 

ဒီမှာ ကျွန်တော်လည်း ရှာဖွေလေ့လာကြည့်သလောက် ဆရာ A.J.Hoge သင်ပေးထားတာလေးတွေ တော်တော်ကောင်းတာကို သွားတွေ့ရပါတယ်။

ဆရာက Speaking ကို easily automatically fluently ပြောကြားနိုင်အောင် သေချာသင်ပေးနေပါတယ်။ ဆရာသင်တာတွေက သမာရိုးကျတွေနဲ့ တော်တော်လေး ကွဲလွဲနေပြီး လက်တွေ့ကျကျကို သင်ကြားပေးထားတာပါ။ 

ဆရာသင်တာတွေကို ကျွန်တော်တို့ Learn Together Win Together ကနေ တူတူပြန်လည်လေ့လာကြပါမယ်။ အကြံပြုချက်တွေလည်း ရေးသားကြပါဦး။ နောက်အပိုင်းမှာ ပြန်လည်တွေ့ဆုံပြီး အတူတူလေ့လာလိုက်ကြရအောင်။

Learn Together Win Together ⇒ Learning English (Part 9 )

Trying Today to Better Tomorrow: Swan Htet (HapEye.Net)

ပညာရေး

Open More Online