ပညာရေး

Learn Together, Win Together ⇒ Everyday Vocabulary And Idiom

By HapEye.net

January 23, 2020

Learn Together, Win Together ⇒ Everyday Vocabulary And Idiom မင်္ဂလာပါ ခင်ဗျာ။ Learn Together, Win Together အစီအစဉ်ကနေ ဒီတစ်ခေါက်မှာတော့ English လေ့လာရာမှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် Vocabulary တွေ အကြောင်းကို ဆွေးနွေးသွားကြပါမယ်။

ကျွန်တော်တို့တွေ Vocabulary တွေကို နေ့စဉ် ကျက်မှတ်နေဖို့ လိုအပ်ပါတယ်။ Skill လေးမျိုးလုံးအတွက် Vocabulary တွေက အရေးကြီးပါတယ်။

Everyday Vocabulary & Idiom

ကျွန်တော်လေ့လာချက်အရ တစ်နေ့မှာ Voca အသစ် ရှစ်လုံးကျက်မှတ်ခြင်းက အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အစီအစဉ်ကနေ Everyday Vocabulary ဆိုပြီး မိတ်ဆွေအတွက် နေ့စဉ်ကျက်မှတ်သင့်တဲ့ ဝေါဟာရတွေကို တင်ဆက်ပေးသွားပါမယ်။ အသုံးတွင်ကျယ်တဲ့၊ မိတ်ဆွေအတွက်လည်း စိမ်းကားနေနိုင်တဲ့ Vocabulary တွေကို ရွေးချယ်ဖော်ပြပေးသွားပါမယ်။

နောက်တစ်ခုအနေနဲ့ တင်ဆက်ပေးသွားမှာကတော့ Everyday Idiomလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ Website တွေ၊ စာအုပ်တွေ ဖတ်တဲ့အခါမှာ Idiom အခက်အခဲကို အမြဲကြုံတွေ့ရတတ်ပါတယ်။ Idiom ရဲ့ သဘောသဘာဝအရ ကျွန်တော်တို့ သိထားပြီးတဲ့ စကားလုံးတွေပေမယ့် အဓိပ္ပာယ်တွေက ကွဲလွဲနေတတ်ပါတယ်။

မြန်မာလိုပြောရရင်တော့ ဗန်းစကားတွေပေါ့။ ဒါကြောင့် အင်္ဂလိပ်စာကို လေ့လာရာမှာ Idiom ကိုလည်း ပစ်ထားလို့ မရပါဘူး။ ကျွန်တော်တို့ တစ်နေ့ကို ငါးလုံးလောက်တော့ မှတ်သားကြရအောင်။ Vocabulary ကလည်း ရှစ်လုံးကျက်ရဦးမယ်ဆိုတော့ ငါးလုံးလောက်ပဲ မှတ်ထားကြတာပေါ့။  

မှတ်ထားကျက်ထားတာတော့ ဟုတ်ပါပြီ။ ကျွန်တော်တို့ ကျိန်းသေပေါက် ပြန်လည် ရင်ဆိုင်ရမှာက မေ့လျော့ခြင်းဆိုတာကိုပါ။ ဒါက အထူးဆန်းတော့ မဟုတ်ပါဘူး။ မိတ်ဆွေလည်း ကြုံဖူးပါတယ်။ အဲတော့ မမေ့လျှော့အောင် Long Term Memory (တာရှည်ခံ မှတ်ဉာဏ်) ဖြစ်သွားအောင် ကျွန်တော်တို့ အားထုတ်ရပါဦးမယ်။ အရင်ဆုံး စကားလုံးကို မျက်စိဖြင့် ကြည့်ပါ။ ပါးစပ်မှ တဖွဖွ ဆိုပါ။ ပြန်လည်ရေးချပါ။ လက်တွေ့မှာ ကြုံသလို အသုံးပြုပါ။ သုံးရက်တစ်ခါ၊ တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ ပြန်နွှေးပါ။ အင်္ဂလိပ် Article တွေ၊ သတင်းစာတွေ၊ Novel တွေ ကြိုးစားဖတ်ပြီး သင်ကျက်မှတ်ထားတဲ့ အရာတွေကို ဆန်းစစ်ပါ။ ဒီလိုဆိုရင်တော့ သင့် အများကြီး ပိုပိုသိလာပြီး ပိုပိုခရီးတွင်လာပါလိမ့်မယ်။

“Nothing can Limit Your Infinite Power”

ကျွန်တော်တို့နဲ့ အတူတူ နေ့ရက်တိုင်းမှာ လေ့လာကြပြီး အတူတူ အောင်မြင်မှုခရီးကို အိပ်မက်မက်ကြပါမယ်။

မိတ်ဆွေရဲ့ အခက်အခဲတွေ၊ အတွေ့အကြုံတွေ၊ အကြုံပြုချက်တွေကို comment box မှာ ရေးသားနိုင်သလို ကျွန်တော်တို့ရဲ့ Facebook Group ဖြစ်တဲ့ Learn Together Win Together မှာလည်း ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

ဖတ်ရှုလေ့လာပေးတဲ့ မိတ်ဆွေတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်အပိုင်းတွေမှာ ပြန်လည်ဆုံတွေ့ပါမယ် ခင်ဗျာ။ ပျော်ရွှင်ကြည်နူးဖွယ် တစ်နေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ။  

Feeling Yourself~Be Myself

ပညာရေး

Open More Online