အိုင်တီ

3. HTML ကို လေ့လာခြင်း

By HapEye.net

June 11, 2020

အရှေ့က သင်ခန်းစာ နှစ်ခုကို သေသေချာချာ လေ့လာပြီးသွားပြီဆိုရင် သင့်အနေဖြင့် HTML ရဲ့ သဘော သဘာဝကို အနည်းငယ် နားလည် သဘောပေါက်သွားပါပြီ။ အခုဆက်ပြီး လေ့လာရမှာကတော့ Elements နှင့် Tags များ အကြောင်း ဖြစ်ပါတယ်။

ElementElement ဆိုတာကတော့ HTML Document ရဲ့ တည်ဆောက်ပုံကို ပြောတာပါ။ ဆိုလိုတာကတော့ Browser ကနေပြီးတော့ Webpage တစ်ခု ဖော်ပြဖို့အတွက် Element များဟာ ဆောင်ရွက်ပေးပါတယ်။ ယေဘူယျအားဖြင့် <html> စပြီး HTML စဖွင့်တဲ့ tag ကနေပြီးတော့ </html> HTML အပိတ်အထိ ပါဝင်တဲ့ command တွေကို Element လို့ခေါ်ပါတယ်။

TagsTags ဆိုတာကိုလည်း ဒုတိယအဆင့် အနေဖြင့် ဆက်လက်လေ့လာပါမယ်။ တကယ်တော့ ဒါတွေဟာ HTML ကို လေ့လာဖို့ Web Design ကို လေ့လာဖို့အတွက် အခြေခံ ဗဟုသုတတွေ ဖြစ်ပါတယ်။ ခေါင်းစဉ်တစ်ခုစီ ကို နားလည် သဘောပေါက်အောင် စဉ်းစား ခြုံငုံပြီး မှတ်သားထားရမှာ ဖြစ်ပါတယ်။ Tags ဆိုတာဟာ တကယ်တော့ label ကို ပြောတာပါ။ Tags တွေ အကုန်လုံးဟာ တူညီတဲ့ Format နဲ့ တည်ဆောက်ထား ပါတယ်။

မြင်သာအောင် ပြောရမယ်ဆိုရင်တော့ < အခုလိုမျိုး Tag အဖွင့် နဲ့ > Tag အပိတ် ကို ပြောတာ ဖြစ်ပါတယ်။ HTML Tag တွေကို ရေးသားတဲ့အခါမှာ <html> ဆိုပြီး ရေးသားပြီးနောက် </html>ဆိုပြီး အစနဲ့ အဆုံးကို သတ်မှတ်ပေးရပါမယ်။ တကယ်လို့ tag တစ်ခု ဖွင့်ပြီး Tag ပြန်ပိတ်ဖို့ မေ့သွားမယ်ဆိုရင် သင့်ရေးသားတဲ့ Web page ဟာ Browser ပေါ်မှာ အဆင်ပြေပြေ ပေါ်မှာ မဟုတ်ပါဘူး။

နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ / ပါ ၊ သူကတော့ Tag အပိတ်မှာ အသုံးပြုပါတယ်။ Tag အဖွင့်နဲ့ Tag အပိတ်ကို အထူး ဂရုစိုက်စေရန် အတွက် ယခုလို အသေးစိတ် ရေးပြနေရခြင်း ဖြစ်ပါတယ်။

အခု ရှင်းပြတဲ့ သင်ခန်းစာရဲ့ အဓိက အချက်ကို ပြန်ပြောပါမယ်။ Element ဆိုတာဟာ HTML tag တွေဆိုတာ သိထားရမယ်။ HTML မှာ ရေးသားထားတဲ့ Command တွေကို Tag လို့ ခေါ်ပါတယ်။ အောက်က နမူနာကို ကြည့်ပါ။  ဒီနေရာမှာ This is a heading ဆိုတာဟာ သာမန် စာသားတစ်ခုပါ။ ဒါကို Element <h1> </h1> ထဲမှာ ထည့်ပြီး ရေးသားရပါတယ်။

    <h1>This is a heading</h1>    <h2>This is a subheading</h2>  

Browser တွင်မြင်ရမည့်ပုံ ..