အိုင်တီ

HTML ကို လေ့လာခြင်း

By HapEye.net

June 11, 2020

HTML ဆိုတာဟာ Hyper Text Make-up Language ရဲ့ အတိုကောက်စကားလုံး ဖြစ်ပြီး Web Site များ ရေးသားရာမှာ အဓိက အသုံးပြုပါတယ်။ Website ရေးသားရာတွင် HTML အပြင် အခြားသော Programming Language အများအပြား ထည့်သွင်းပေါင်းစပ်ပြီး အသုံးပြုကာ ရေးသားလေ့ရှိပါတယ်။

တစ်ခါတစ်လေမှာတော့ Web Tools များနှင့် Website များ ဖန်တီးရေးသားလေ့ ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်အနေဖြင့် Web ပိုင်းကို စတင် လေ့လာတော့မယ်ဆိုလျှင် HTML ကို နားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။

HTML ကို မလေ့လာမီ HTML နဲ့ပတ်သက်ပြီး အခြေခံ ဗဟုသုတလေးတွေ လိုအပ်ပါတယ်။ HTML ကို 1990 ခုနှစ်အတွင်းမှ သိပ္ပံပညာရှင် Tim Berners-Lee မှ စတင် တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး မူလကတော့ တက္ကသိုလ်တစ်ခုနှင့် အခြားတက္ကသိုလ်တစ်ခု ဆက်သွယ်ရန် တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ HTML Project ဟာ တဖြေးဖြေးကြီးထွားလာပြီး  Web ရဲ့ အဓိက အုတ်မြစ်ကြီးသဖွယ် ဖြစ်တည်လာခဲ့ပါတယ်။

HTML ဟာ အင်တာနက်ပေါ်မှတဆင့် သတင်းအချက်အလက်များ ရရှိစေရန် ဆောင်ရွက်ပေးသည့် အဓိက ဘာသာစကားတစ်မျိုး ဖြစ်ပါတယ်။ ဆိုလိုတာကတော့ HTML ဟာ website ရေးသားရာမှာ အသုံးပြုတာဖြစ်ပြီး ထို website မှတဆင့် သတင်းအချက်များကို လူများကို မျှဝေပေးနိုင်ပါတယ်။ ဒါကြောင့် HTML ဟာ information language လို့ တင်စားခေါ်ဝေါ်ရလောက်အောင် အရေးပါ လှပါတယ်။

ဥပမာ အနေဖြင့် ဆိုရလျှင် သင်အင်တာနက်ပေါ်ရှိ မြင်တွေ့နေရသော  Website များ အားလုံးနီးပါးကို HTML နှင့် ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် HTML Language တစ်ခုတည်းမဟုတ်ပဲ အခြား CSS , JavaScript , PHP စတာ programming language တွေနှင့် ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။

Webpage တစ်ခုပေါ်မှာ ပါဝင်တဲ့ HTML Codes တွေ အပြင် အခြား web programming Language တွေကို ကြည့်ချင်တယ်ဆိုရင်တော့ IE မှာဆိုလျှင် View Menu ထဲမှ တဆင့် Source ကိုရွေးချယ်ပြီး ကြည့်ရှုနိုင်ပါတယ်။ Mozilla Firefox မှာဆိုလျှင် Right- Click နှိပ်ပြီး View Page Source ကို နှိပ်ကာ ကြည့်ရှုနိုင်ပါတယ်။

ဒါကြောင့် သင့်အနေဖြင့် Website တစ်ခုကို ကိုယ်တိုင် ဖန်တီးတတ်ချင်တယ်ဆိုရင် HTML ကို အရင်လေ့လာရပါမယ်။ တကယ်လို့ သင်ဟာ အခြား Dream Weaver ကဲ့သို့သော  Web Design Program တစ်ခုကို အသုံးပြုမယ်ဆိုရင်တောင် အနည်းဆုံး HTML Code တွေနဲ့ ၎င်း ရဲ့ သဘောတရားကို သိထားသင့်ပါတယ်။