အတွေးအခေါ်

How To Change The World

By HapEye.net

June 12, 2020

How To Change The World

ကျွန်တော် ငယ်ရွယ်တုန်းက ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကြိုးစားချင်ခဲ့တယ်။ ကမ္ဘာကြီးကို ပြောင်းလဲဖို့က ခက်ခဲလွန်းပါတယ်။ဒါကြောင့် ကျွန်တော် နိုင်ငံတော်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်တော့် နိုင်ငံတော်ကိုလည်း မပြောင်းလဲနိုင်မှန်း သိလာတာနဲ့ ကျွန်တော့် နေရပ်မြို့ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ ကျွန်တော်လည်း အသက်ကြီးလာပါပြီ၊ နေရပ်ကိုလည်း မပြောင်းလဲနိုင်သေးပါဘူး။ ဒါနဲ့ပဲ ကျွန်တော့် မိသားစုကိုပဲ ပြောင်းလဲဖို့ ကြိုးစားပါတော့တယ်။အခု ကျွန်တော် လူအိုတစ်ယောက် ဖြစ်လာနေပါပြီ။ ကျွန်တော် နားလည်လာနိုင်တာက….. ကျွန်တော် ပြောင်းလဲနိုင်တာ ကျွန်တော်ပဲ ရှိတယ်ဆိုတာကိုပါ။ရုတ်တရက် ထပ်ပြီး နားလည်လိုက်တာက…… တကယ်လို့ အရင်ကတည်းက ကျွန်တော့်ကိုယ်ကို ပြောင်းလဲခဲ့မယ်ဆိုရင် ကျွန်တော့် မိသားစုအပေါ် ထိခိုက်လာနိုင်ပါတယ်။ ကျွန်တော့် မိသားစုနဲ့ ကျွန်တော်သာ ပြောင်းလဲလာမယ်ဆိုရင် ကျွန်တော်တို့ မြို့ကိုလည်း ထိခိုက်ပြောင်းလဲလာနိုင်မယ်။ ဒီလိုနဲ့ မြို့ရဲ့ ထိခိုက်မှုကလည်း နိုင်ငံတော်ကို ပြောင်းလဲနိုင်ခဲ့မယ်။ ဒီလိုဆိုရင်……တကယ်တော့ ကျွန်တော်ကိုယ်တိုင်သာ ပြောင်းလဲမှုပြုလုပ်ခဲ့ရင်…..ကျွန်တော်..ကမ္ဘာကြီးကို ပြောင်းလဲနိုင်ခဲ့မှာ ဖြစ်ပါတယ်။

Source: Conscious Panda

Swan Htet (HapEye.Net)

#OpenYourBusinessOnline