သုတ

History of Hello

By HapEye.net

June 11, 2020

Hello ကို ဖုန်းပြောရင် ဘာကြောင့်သုံးသလဲ။

ဒါကို အတိအကျ ဖြေနိုင်ဖို့ ခဲယဉ်းလှပါတယ်။ နှုတ်ဆက်စကားအနေနဲ့ သုံးနှုန်းတာလို့ ပြောမယ်ဆိုရင်လည်း ယုတ္ထိတန်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စရာကောင်းလှတဲ့ အခြားသော အဖြစ်အပျက်တွေ ရှိနေပါသေးတယ်။

ဒီမှာတော့ Hello ရဲ့ history က version နှစ်ခုကွဲနေပါတယ်။ ဘယ်ဟာ အမှန်ဖြစ်နိုင်မလဲဆိုတာတော့ ကိုယ့်ဘာသာပဲ စဉ်းစားကြည့်တော့နော်။

1, Grahambell VersionMr.Bell ဟာ တယ်လီဖုန်းထွင်ပြီးနောက်မှာ သူရဲ့ ကောင်မလေးကို ကြွားချင်လာပါတော့တယ်။ ဒါနဲ့ပဲ သူမဆီကို ပထမဆုံးဖုန်းခေါ်လိုက်ပါတယ်။ အဲ….ကောင်မလေး နာမည်ကတော့ Margaret Hello ပါ။ သူမကို ခေါ်တဲ့အခါတိုင်း Hello ဆိုပြီး လိပ်စာတပ်ပါတော့တယ်။ ဒါကို လူတွေက နားလည်မှုလွဲမှားကာ တယ်လီဖုန်း ဆက်သွယ်မှုစနစ်ရဲ့ နှုတ်ဆက်စကားအဖြစ် “Hello” ဆိုပြီး မှားယွင်းသတ်မှတ်လိုက်ကြပါတော့တယ်။ 2, Edison versionဒီဇာတ်လမ်းလေးကတော့ greatest inventer ကြီးဖြစ်တဲ့ Edison ရဲ့အကြားစွမ်းရည်ကြောင့်ပါပဲ။ Edison ဟာ သူရဲ့ တပည့်ဖြစ်သူ Puskas နဲ့ တယ်လီဖုန်းလိုင်းတွေ စမ်းသပ်တပ်ဆင်နေခဲ့ပါတယ်။ Edison က ကြားလားဟျောင့်ဆိုရင် Puskas က hallom လို့ ပြန်ဖြေပေးပါတယ်။ တကယ်တော့ hallom ဆိုတာ I hear you လို့ ပြောတာပါ။ ဒါပေမဲ့ hello နဲ့ အသံထွက်ချင်းတူနေတာကြောင့်ပဲ Edison ခမျာ hello လို့ပဲ ကြားနေပါတော့တယ်။ ဒီလိုနဲ့ပဲ နှုတ်ဆက်စကားလည်းဖြစ်တဲ့ Hello ကို တယ်လီဖုန်းပြောတဲ့နေရာမှာ ထည့်သွင်းအသုံးပြုလာပါတော့တယ်။

Swan Htet (HapEye.Net)

Source: Quora