သုတ

Cryptocurrency ဆိုတာဘာလဲ?

By HapEye.net

April 10, 2025

အခုအချိန်မှာ Cryptocurrency ဟာ အစိုးရပိုင်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သာမန်လုပ်သားပြည်သူတွေကြားမှာ တဖြည်းဖြည်းနဲ့ ခေတ်စားလာခဲ့ပါပြီ။ အဲ့တော့ Cryptocurrency နဲ့ပတ်သတ်ပြီး အခြေခံကျတဲ့ သိသင့်သိထိုက်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။Cryptocurrencies ဆိုတာ ဒေါ်လာတွေ ယူရိုတွေလိုမျိုး အသုံးပြုလို့ရတဲ့ ပိုက်ဆံတစ်မျိုးပါပဲ။

ရှင်းရှင်းပြောရရင် Digital Money/Online Money တစ်မျိုးပဲဖြစ်ပါတယ်။ တခြားပုံမှန် ပိုက်ဆံတွေနဲ့မတူတဲ့အချက်ကတော့ Cryptocurrency ကို Online မှာပဲမြင်တွေ့နိုင်မှာပါ။ အဲ့အတွက် ကောင်းသွားတဲ့အချက်ကတော့ အစိုးရနဲ့ဘဏ်တွေအနေနဲ့ တခြား ပုံမှန်ပိုက်ဆံ (Currencies) တွေလို ထိန်းချုပ်လို့မရတော့ပါဘူး။

Cryptocurrencies ကိုအသုံးပြုပြီး စီးပွားရေးလုပ်ရမှာ အားသာတဲ့အချက် နောက်တစ်ခုကတော့ Transaction Fees နည်းပါးတာပဲဖြစ်ပါတယ်။ ဘဏ်တွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ Transaction Fees နဲ့ယှဥ်မယ်ဆိုရင် သိသိသာသာကိုနည်းပါးနေပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ ကိုင်တွယ်အသုံးပြုလို့ရတဲ့ ငွေကြေး ပိုက်ဆံတွေလို Cryptocurrency ကို အတုပြုလုပ်လို့မရနိုင်ပါဘူး။Cryptocurrencies ကို လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် Company အစုအဖွဲ့တစ်ခုထဲက ထိန်းချုပ်ထားတာမျိုးမဟုတ်ပါဘူး။Cryptocurrencies ဆိုတာကို ဖြစ်လာစေတဲ့သူကတော့ ကွန်ပြူတာကွန်ရက်အစုအဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Cryptocurrency ပိုက်ဆံတွေကို Digital Wallet အထဲမှာသိမ်းထားနိုင်ပါတယ်။

အဲ့ Digital Wallet ကို Online ကနေတစ်ဆင့် Cloud ထဲမှာလည်းသိမ်းထားနိုင်တယ်။ ဒါမှမဟုတ် PC ထဲမှာပဲ Offline အနေနဲ့လည်း သိမ်းဆည်းထားနိုင်ပါတယ်။ ငွေအလွှဲအပြောင်းလုပ်ချင်တယ် ဒါမဟုတ် ပစ္စည်းတွေဘာတွေ Online ကနေ ၀ယ်ချင်တယ်ဆိုရင်တော့ Computer သို့မဟုတ် ဖုန်းကနေတစ်ဆင့် လုပ်ဆောင်လို့ရမှာပဲဖြစ်ပါတယ်။ ငွေအသွင်းအထုတ်စာရင်းကိုတော့ Blockchain မှာ ပြန်ကြည့်လို့ ရမှာပဲဖြစ်ပါတယ်။

Blockchain ဆိုတာကတော့ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ဘဏ်စာအုပ်မှာလို ငွေအသွင်းအထုတ်မှတ်တဲ့ ဇယားတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် Blockchain ရဲ့အားနည်းချက်က တော့ Digital Wallet User တွေအားလုံးရဲ့ ငွေအသွင်းအထုတ် စာရင်းကိုမြင်နေရတာပါပဲ။Cryptocurrencies ရဲ့ကောင်းကျိုးတွေထဲကမှ အဓိကအကျဆုံးအချက်တစ်ချက်ကတော့ Digital Wallet User ဘယ်သူလဲဆိုတာကို လျှို့၀ှက်ထားနိုင်တာပဲဖြစ်ပါတယ်။ ငွေအလွှဲအပြောင်းအားလုံးကို Block Chain မှာမြင်တွေ့နေရတယ်ဆိုပေမယ့် ကျွန်တော်တို့အနေနဲ့ Digital Wallet ပြုလုပ်ရာမှာ နာမည်အရင်းတွေ နေရပ်လိပ်စာအမှန်တွေထည့်သွင်းစရာမလိုပါဘူး။ အဲ့တော့ ငွေအလွှဲအပြောင်း လုပ်တဲ့အခါကျရင် ဘယ်သူက ဘယ်သူ့ကိုလွှဲလိုက်တယ်ဆိုတာကို နောက်ယောင်ခံဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

အခုလိုနောက်ယောင်ခံလို့မရတဲ့အတွက် ဆိုးကျိုးများလည်း ပေါ်ပေါက်လာပါတော့တယ်။ အခုအချိန်မှာဆိုရင် Cryptocurrency ဟာ မှောင်ခိုအဖွဲ့အစည်းတွေကြားမှာ တော်တော်ကို ခေတ်စားနေပြီပဲ ဖြစ်ပါတယ်။စစ်တမ်းအရ January 2025 အထိ trading လုပ်နေတဲ့ cryptocurrency အမျိုးအစားပေါင်း 8000ကျော်ထိရှိပြီး Bitcoin ကတော့ လက်ရှိဈေးကွက်တန်ကြေးအများဆုံး coin ဖြစ်ပါတယ်။ 1 Bitcoin ကို (83000$)ဒေါ်လာ ဈေးရှိပါတယ်။ Bitcoin(BTCs) ကို2009 မှာစတင်ပေါ်ပေါက်လာပြီး ပထမဆုံးသော crypto coin လည်းြဖစ်ပါတယ်။ Bitcoin ကို စတင်မိတ်ဆက်ခဲ့တဲ့ Jan 2009 ခုနှစ်တုန်းကဆိုရင် Bitcoin တန်ဖိုးဟာ US Dollar 0 သာတန်ဖိုးရှိခဲ့ပြီး March 2010 ခုနှစ်အထိ 1 Bitcoin ကို US Dollar $ 0.003 သာတန်ဖိုးရှိခဲ့တာပဲ ဖြစ်ပါတယ်။2009ခုနှစ် Bit coin ကို စတင်မိတ်ဆက်တုန်းက တစ်ရက်ကိုbit coin အများကြီး free ပေးခဲ့ဖူးပါတယ် ဒါကိုလူတွေကတန်ဖိုးမရှိဖူးဆို ပြီးမယူခဲ့ကြပါဘူး မယူခဲ့တော့ဘာတွေဆုံးရှုံးလိုက်ရလဲဆိုတော့ ခုချိန်မှာဖြစ်နေမယ့် Millioner ဘဝတွေကိုဆုံးရှုံးလိုက်ရပါတယ်။ ဒီလိုဘာကြောင့်ပြောရလဲဆိုတော့အဲ့ချိန်က Free ပေးတဲ့ bit coin ရဲ့တန်ဖိုးက 0$ပေမဲ့ 2021 Nov မှာ တော့ 1 Btc တန်ဖိုး ကUSD 60000$ကျော် (မြန်မာငွေကျပ် သိန်း ၁၀၀၀ ကျော်)တန်ဖိုးရှိနေပါပြီ ။ အဲ့တုန်းက လူတစ်ယောက်ကသူ့ရဲ့ Bit coin ကို pizza တစ်ချပ်ကို 200 bit coin နဲ့ဝယ်စားခဲ့ပါတယ် ခုချိန်ပြန်ကြည့်ရင်သူဝယ်စားတဲ့ pizza ရဲ့တန်ဖိုးက 10million ကျော်ဒေါ်လာ တန်ဖိုးရှိပါတယ် သူသာသိခဲ့ရင် အဲ့ pizza မျိုကျမှာတောင်မဟုတ်ပါဘူး

Bitcoin ကိုဘယ်လိုရှာကြမလဲ.? Mining လုပ်ပြီးတော့ရှာ နိုင်သလို online မှtrading လုပ်ခြင်းဖြင့်လည်းရှာနိုင်ပါတယ်။Mining ဆိုတာဘာလဲ? Crypotocurrency ပိုက်ဆံကိုရှာဖွေချင်တယ်ဆိုရင် Mining လုပ်ပြီးရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။ Mining ဆိုတာကတော့ Online ကနေတစ်ဆင့် ကွန်ပြူတာကိုအသုံးပြုပြီး Hash လို့ခေါ်တဲ့ ရှပ်ထွေးတဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းရတာပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက Miners တွေထဲကမှ Hash ပုစ္ဆာတွေကို အရင်ဆုံးဖြေရှင်းနိုင်တဲ့သူတွေက Bitcoin Amount တစ်ခုကို ဆုငွေအနေနဲ့ရရှိမှာပဲဖြစ်ပါတယ်။ Mining ကနေပိုက်ဆံ ရှာချင်တယ်ဆိုရင်တော့ Mining Special Hardware Setup တစ်ခုကို တစ်နေကုန်တစ်ညလုံး Run ပေးထားဖို့ လိုအပ်ပါတယ်။ High-End PC တစ်လုံးပိုင်ဆိုင်ထားတယ်ဆိုရင်တောင် Mining လုပ်ဖို့အတွက်အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ကမ္ဘာလုံးက Miners တွေဟာ Hash ပုစ္ဆာတွေကိုဖြေရှင်းနိုင်ဖို့အတွက် High-end Device မြောက်မြားစွာနဲ့ ကြိုးပမ်းနေတာကြောင့်ပဲဖြစ်ပါတယ်။#openmoreonline #Crd