သုတ

Care of The Course – ကွင်းအားထိန်းသိမ်းကာကွယ်ခြင်း

By Hnin Oo Wai

August 19, 2020

Bunkers – ဘန်ကာများဘန်ကာအတွင်းမှအထွက်ခွာမီ မစားသူသည် မိမိနှင့်အနီးဝန်ကျင်ရှိ အခြားသူကြောင့်ဖြစ်ခဲ့သော ချိုင့်၊ ခြေရာများကို ပြန်လည်ပြုပြင်သင့်သည်။ ဘန်ကာထွန်ခြစ်သည် အနီးဝန်းကျင်တွင်ရှိပါက ထွန်ခြစ်ကိုအသုံးပြု၍ပြုပြင်သင့်သည်။

Repair of Divots, Ball-Marks and Damage by Shoesရိုက်ချက်ရာများ၊ ဘောလုံးကျနေရာများနှင့် ဖိနပ်ဒဏ်ရာများအား ပြုပြင်ခြင်းကစားသူသည် မိမိနှင့် အနီးဝန်းကျင်ရှိ အခြားသူကြောင့်ဖြစ်သော ရိုက်ချက်ရာများနှင့် ပတ်တင်ဂရင်းပေါ် ဘောလုံးကျဒဏ်ရာများသည် မိမိကြောင့်ဖြစ်စေ၊ အခြားသူကြောင့်၊ အခြားသူကြောင့်ဖြစ်စေ ပြုပြင်သင့်သည်။ မိမိအတွဲတွင်ပါဝင်သောသူအားလုံး ကျင်းကစားပြီးလျှင်ဖိနပ်ဒဏ်ရာများကို ပြုပြင်သင့်သည်။

Preventing Unnecessary Damage – မလိုအပ်သောပျက်စီးမှုမဖြစ်စေရန်ကစားသူသည် လေ့ကျင့်ဆွင်းလွဲသောအခါ (သို့မဟုတ်) ဒေါသဖြစ်ခြင်းကြောင့် ကွင်းအားထိခိုက်ခြင်း မရှိအောင် ဂရုစိုက်ရမည်။ ပတ်တင်ဂရင်းပေါ်တွင် ဂေါက်အိတ်၊ အလံတိုင်ချခြင်းကြောင့် ဂရင်းအားထိခိုက်မှု မရှိအောင်ဂရုစိုက်ရမည်။ ကျင်းပျက်စီးခြင်းမဖြစ်အောင် ကစားသူနှင့်ကယ်ဒီသည် ကျင်းနှင့်နီးကပ်စွာရပ်ခြင်း၊ ဘောလုံးအားတုတ်ဖြင့်ကော်ထုတ်ခြင်း မပြုလုပ်ရပါ။ အလံတိုင်ကိုင်တွယ်စဉ် ကျင်းမပျက်စီးစေရန် ဂရုစိုက်ရမည်။

ကစားသူသည် ပတ်တင်ဂရင်းပေါ်တွင် ဂေါက်တုတ်အားထောက်၍ရပ်ခြင်း မပြုလုပ်သင့်ပါ။ အထူးသဖြင့် ဘောလုံးကို ကျင်းအတွင်းမှကောက်သောအချိန်တွင်ဖြစ်သည်။ အလံတိုင်ကို ကျင်းစိမ်ပြီးသောအခါ ကျင်းအတွင်းသို့ သေချာစွာပြန်ထားသင့်သည်။ ကွင်းက ချမှတ်ထားသော ဂေါက်အိတ်တင်လှည်း အသုံးပြုရန် စည်းကမ်းများကို အထူးတလည် လိုက်နာသင့်သည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော RULES OF GOLF AND THE RULES OF AMATEUR STATUS 2016 မှ ကူးယူဖော်ပြသည်။