အိုင်တီ

Candle ဒီဇိုင်းပြုလုပ်ခြင်း (5)

By HapEye.net

June 12, 2020

ဆက်လက်လေ့လာရမှာကတော့ Candle (ဖယောင်းတိုင်) ပေါ်မှာ ကနုတ်ပန်းလေးများ ရေးထိုးသည့်အပိုင်း ဖြစ်ပါတယ်။ ဖယောင်းတိုင်ပေါ်မှာ ကနုတ်ပုံစံလေးတွေကို ဖော်ဖို့အတွက် New Layer ကို ထပ်မံရယူထားပါ။ ပြီးနောက် Text Tool ကိုယူပြီး ကနုတ်ပန်းပွင့်လေးတစ်ခု ဖန်တီးလိုက်ပါ။

အောက်ကပုံမှာကတော့ Flora Font ကို သုံးထားပါတယ်။ သင့်ကွန်ပျူတာမှာ Flora Font မရှိရင်တော့ အခြား ပန်းပွင့် ပန်းခက်များ ပါဝင်သော Font တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။

ပြီးနောက် ဖယောင်းတိုင်ပေါ်ကို Mouse နဲ့ ဆွဲယူပြီး Layer နှစ်ခု ထပ်လိုက်ပါ။

အခုဆိုရင်တော့ လှပသပ်ရပ်တဲ့ ဖယောင်းတိုင် ဒီဇိုင်းလေးတစ်ခု ရရှိသွားပြီ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဖယောင်းတိုင်ပေါ်မှာ စာရေးချင်တာပဲဖြစ်ဖြစ် အခြားပုံများ ထည့်သွင်းချင်တာပဲဖြစ်ဖြစ် ဒီနည်းလမ်းအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

#OpenYourBusinessOnline