အိပ်ရာထရတာ ခက်ခဲတယ်။ ချမ်းစီးစီး မနက်ခင်းမှာ ရေချိုး မျက်နှာသစ်ဖို့ ခက်ခဲတယ်။ ကြမ်းတမ်းလွန်းတဲ့ မနက်စာကို မြိုချနိုင်ဖို့ ခက်ခဲတယ်။ ဖိနပ်ပေါက်ထဲ ခြေထိုးသွင်းပြီး လူအုပ်ထဲ ရှင်သန်သွားလာရတာ ခက်ခဲတယ်။
Category: ရသ

ကျွန်တော် ရေခရားမှ ရေတချို့ကို ခွက်ငယ်ထဲသို့ စောင်းငှဲ့ထည့်ချိန် သူ ဖိနပ်ကြိုးချည်နေသည်။
ကျွန်တော် ရေသောက်နေချိန် သူ ဖိနပ်ကြိုးချည်နေသည်။
ကျွန်တော် ရေသောက်ပြီးချိန် သူ ဖိနပ်ကြိုးချည်နေသည်။