ဝံပုလွေလို လူတစ်ချို့လောကမှာ သိပ်ပေါတယ် : တစ်ခါတုန်းက ဝံပုလွေ တစ်ကောင်ဟာသားကောင်ကို အငမ်းမရ စားရင်းလည်ချောင်းထဲမှာ အရိုးတစ်ချောင်းကန့်လန့်ခံသွားတယ် ။ အရိုးကို အန်ထုတ်လို့လည်းမရ မျိုချလို့လည်း မရတာကြာင့် လည်ချောင်းမှာ နာကျင်တဲ့ ဝေဒနာခံစားနေရတဲ့အပြင် နောက်ထပ် ဘာအစားအသောက်မှ ထပ်စားလို့မရတော့တဲ့အတွက် ဆာလောင်မှု ဝေဒနာကိုပါခံစားနေရတယ်။

ဒါနဲ့ ဝံပုလွေဟာ သူလည်ချောင်းထဲကန့်လန့်ခံနေတဲ့အရိုးကိုထုတ်ပေးနိူင်မယ့် သတ္တဝါကိုစဉ်းစားကြည့်လိုက်တော့ကြိုးကြာငှက်ကို စဉ်းစားမိပါတယ်။

ကြိုးကြာငှက်ဟာ နှုတ်သီးကလည်း ရှည်လည်ပင်းကလည်း ရှည်တာမို့သူ့လည်ချောင်းထဲကို နှုတ်သီး ထိုးသွင်းပြီးအရိုးကိုဆွဲထုတ်ပေးလို့ ရနိုင်တယ်လို့ တွေးမိလိုက်တယ်ဒါနဲ့ သူဟာ ကြိုးကြာငှက်ရှိရာကို သွားပြီးတောင်းပန်၍ အကူအညီတောင်းတယ်။

အဆွေ ကျွန်ုပ်ကို ကူညီပါ ကျွန်ုပ်ရဲ့လည်ချောင်းထဲမှာ အရိုးတစ်ရိုး ကန့်လန့်ခံနေတာမို့ မစားနိူင်မသောက်နိုင်ဖြစ်နေတာကြာပါပြီ သင့် နှုတ်သီးနဲ့ကိုက်ပြီး ဆွဲထုတ်ပေးရင်ရနိုင်ပါတယ်အဲဒီအရိုးသာ ထွက်သွားရင် ကျွန်ုပ်က သင့်ကိုကျေးဇူးဆပ်ပါ့မယ်။

ဝံပုလွေရဲ့ တောင်းပန်မှုကြောင့်ကြိုးကြာငှက်က ဝံပုလွေကို ပါးစပ်ဟခိုင်းလိုက်ပါတယ်သူ့ရဲ့ ရှည်လျှားတဲ့ နှုတ်သီးနဲ့ သေးသွယ်တဲ့လည်ပင်းကိုဝံပုလွေ ရဲ့ အားခေါင်းကတစ်ဆင့်လည်ချောင်းထဲ ထိုးသွင်းပြီးကန့်လန့်ခံနေတဲ့အရိုးကို ကိုက်ချီဆွဲထုတ်ပေးလိုက်တယ်ဝံပုလွေလည်း ဝေဒနာပျောက်ကင်းသွားတာမို့ဝမ်းသာအားရ ဖြစ်သွားတယ်။ကြိုးကြာငှက်ကိုကျေးဇူးတင်စကားပြောပြီး ပြန်လှည့်အထွက်ကြိုးကြာငှက်က နောက်ကနေ လှမ်းမေးတယ်။

အဆွေ အသင်ပြောတော့ အရိုးထွက်သွားရင် ကျွန်ုပ်ကိုကျေးဇူးဆပ်မယ်ဆို ဘာဖြစ်လို့လှည့်ထွက်သွားတာလဲ
ဒီတော့ ဝံပုလွေက နောက်ကို ပြန်လှည့်ကြည့်ပြီးပြောလိုက်တယ်။အသင် ကျွန်ုပ် အသင့်ကိုကျေးဇူးဆပ်ခဲ့ပြီးပါပြီ ကျွန်ုပ်ရဲ့အာခံတွင်းထဲ ရောက်လာတဲ့ သင့်ဦးခေါင်းကိုကိုက်မဖြတ်ဘဲ ထားလိုက်တာ
ကျေးဇူးဆပ်တာပဲပေါ့ ။ အသင့် ကို သတ်ဖြတ်မစားသွား တာကိုပဲဝမ်းသာပါတော့။

ကိုယ့်အကျိုးသာ ကြည့်ပြီး သူတစ်ပါးအတွက်ထည့်မစဉ်းစားပေးတဲ့ ဝံပုလွေနဲ့အလားသဏ္ဍာန်တူ လူ့ပတ်ဝန်းကျင်မှာလည်းထိုဝံပုလွေလို လူတွေ ပေါများပါတယ်။

သူတို့အတွက် မိမိက ဘယ်လိုပဲ ကောင်းတာကူညီခဲ့လုပ်ပေးခဲ့စေကာမူ သူတို့အတွက် နောက်ထပ်အခွင့်အရေးသာ ဆာလောင်တောင့်တနေမှာပါ။

မေတ္တာ တရားလည်း မခံစားတတ်။ကျေးဇူး တရားလည်း မသိတတ်။ကျွေးသောလက်ကိုပြန်ကိုက်ဖြတ်မဲ့ လူတစ်ချို့လည်း ကြုံကြရမှာပါ။

အဲဒီလိုလူမျိုးတွေ နဲ့ကြုံရင် နောက်ထပ်ဒုက္ခပေးမသွားတာကိုပဲ ကိုယ်ကပြန်ဝမ်းသာရပါလိမ့်မယ် ကျေးဇူးတင်ရမယ်။

နောက်ထပ်အထူး သတိထားဆက်ဆံရပြီ ဖြစ်ပါတယ်

Nang Naunge Ying page မှ ကူးယူဖော််််််ပြသည်။

သုတ

openmoreonline

You May Also Like

ရှောက်သီး အစွမ်း

အချဉ်ဓာတ်ပါ အသီးထဲမှာ ရှောက်သီးကလည်း ဆေးစွမ်းထက်တဲ့အမျိုးပါပဲ။ ကျန်းမာလှပ နုပျိုကြဖို့ရာ ရှောက်သီးနဲ့ ကင်းလို့မရပါဘူး။ ရှောက်သီးရဲ့ ထူးခြားချက်က

Knowledge is Power ဆိုတာ ဟုတ်ပါ့မလား

Knowledge is Power လို့ ပြောတဲ့လူက ပြောတာပဲ။ ဒါကို အလွတ်ကျက်မှတ်ထားပြီး အခမ်းအနားတွေဘာတွေမှာ အမှာစကားပြောတဲ့ လူကြီးမင်းတွေကလည်း Knowledge is Power တို့ Knowledge ခေတ် ရောက်နေပြီတို့ လျှောက်ပြောတာပဲ။

ထောပတ်သီး အစွမ်းနှင့် ကျန်းမာစေမည့် နည်းလမ်း

ထောပတ်သီး ဟာ အနှစ်ပြည့်ဝပြီး အရသာထူးလှတဲ့ အသီးပါ။ လုံးဝန်းပြီး မာတဲ့ အစေ့ဆန်တစ်ခုပါပြီးတော့ ဘေးပတ်ပတ်လည်မှာ ထောပတ်လို ပျစ်နှစ်ပြီး အရသာရှိတဲ့ အဝါနုရောင်

ကြက်သွန်နီ ၏ ဆေးဖက်ဝင်စွမ်းအင်များ

ကြက်သွန်နီ ဟာ လစ်လီအမျိုးအစားဖြစ်ပြီး စူးရှတဲ့အနံ့ရှိပြီး ရှေးကျတဲ့ ဟင်းသီးဟင်းရွက်တစ်မည် ဖြစ်ပါတယ်။ အစားအစာတွေထဲမှာ အနံ့မွှေးပြီး အရသာရှိဖို့အတွက်