Black_Hole (တွင်းနက်)


သမိုင်းအကျဉ်းချုပ်

၁၈ရာစုအတွင်း ၁၇၈၂ခုနှစ်ခန့်တွင် ဂျွန်မစ်ရှဲလ်(John Michell)နှင့် ပီးယဲရ်-ဆီမွန်လာပလာ့စ် (Pierre-Simon Laplace) ဆိုသည့် ပညာရှင်များက အလင်းပင်လွတ်မြောက်ရန် မလွယ်သောဒြပ်ဆွဲအားမျိုးကို ပိုင်ဆိုင်ထားသည့် အရာဝတ္ထုများ ရှိနိုင်သည်ဟု ပထမဦးစွာ အဆိုပြုခဲ့သည်။ ၁၉၁၅ခုနှစ်မှာတော့ အိုင်းစတိုင်းဟာ သူ၏ယျေဘုယျနှိုင်းရသီအိုရီ(General Relativity Theory)တွင် ဒြပ်ဆွဲအားကအလင်း၏ ရွေ့လျားမှု့အပေါ် လွှမ်းမိုးထားသည်နှင့် ပတ်သက်၍ တွင်းနက်များ ရှိနေနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ၁၉၁၆ခုနှစ်တွင် ကားလ်ရှဗာ့ဇ်ချစ်လ်ဒ်(Karl Schwarzschild)ဆိုသူသည် General Relativity Theory အရတွက်ချက်ပြီး တွင်းနက်များ၏ အပြုအမူလက္ခာများကို ပထမဆုံး တွေ့ရှိခဲ့သည်။

1967၌ ဂျွန်ဝှီလာ(John Wheeler) သည် black hole (တွင်းနက်) ဟု နာမည်ပေးခဲ့သည်။ ဧပြီလ ၁၀ ရက်နေ့ ၂၀၁၉ ခုနှစ်တွင် Messier 87 (ခေါ်) Virgo A ဂလက်ဆီ ၏ အလည်ဗဟိုရှိ supermassive black hole ၏ ပုံရိပ်ကို Event Horizon Telescope အဖွဲ့က Radio Telescope ၈ခုကို အသုံးပြုပြီး ဖမ်းယူရရှိခဲ့ပါသည်။ 2020တွင် သင်္ချာရူပဗေဒပညာရှင် ဆာရော် (Sir. Roger Penrose) သည် တွင်းနက်များ၏ ဖြစ်တည်ပုံကို General relativity အရ တိကျစွာ ကြိုတင်ခန့်မှန်းတွက်ချက် နိုင်ခဲ့သောကြောင့် ရူပဗေဒနယ်ပယ် အတွက် Nobel Prize ရဲ့ တစ်ဝက် ကိုရရှိခဲ့ပြီး ကျန်တစ်ဝက်ကို Reinhard Genzel နှင့် Andrea Ghez တို့သည် ကျွန်တော်တို့ ဂလက်ဆီ၏ အလယ်ဗဟို၌ ဒြပ်ဆွဲအားနှင့်သိပ်သည်းဆ အရမ်းများသော ဝတ္ထု တစ်ခု ရှိကြောင်း ရှာတွေ့ခဲ့ခြင်းကြောင့် ရရှိခဲ့သည်။

တွင်းနက်များ ဆိုတာကတော့ အာကာသဟင်းလင်းပြင်အတွင်း ဆွဲငင်အားအရမ်းများပြီး အင်မတန်သိပ်သည်းဆများ သော အရာများဖြစ်ကြသည်။ အလင်း (speed of light = 310^8 meter per seconds) ကိုပင် ဆွဲငင်နိုင်လောက်အောင်(အလင်းပင်ပြန်နိုင်ခြင်းမရှိ) လွတ်မြောက်အလျင် (escape velocity) မရှိသော ပြန်လမ်းမဲ့တွင်းများဟု သိထားကြသည်။ ၁၉၇၄ တွင် Stephen Hawking က Quantum Field Theory အရ Black Hole များသည် Thermal Radiationများထုတ်လွှတ်နေကြောင်း တွက်ချက်သက်သေပြခဲ့ ပြီး ထို radiation ကို Hawking Radiation ဟုခေါ်တွင်ပါသည်။

တွင်းနက်များသည် နေ၏ဒြပ်ထုပမာဏ ထက် သုံးဆများသော ကြယ်များ၏ ပျက်စီးခြင်း နောက်ဆုံးချိန်မှာ ဖြစ်ပေါ်လာကြပြီး Einstein ရဲ့ အဆိုအရ gravityဆိုတာ ဒြပ်ဆွဲအားမဟုတ်ဘဲ ဟင်းလင်းပြင်အချိန် ကွေးညွတ်မှု့ဟု ဆိုထားသည်။ ထို့ကြောင့် ဆွဲငင်အား အရမ်းများသော တွင်းနက်များသည်ဟင်းလင်းပြင်အချိန် ကွေးညွတ်မှု့နှင့် ပြိုပျက်မှု့တို့ဖြစ်ပေါ်စေကာ ဟင်းလင်းပြင်အချိန်ကို အပေါက်များပင် ဖြစ်ပေါ်စေနိုင်သည်။

တွင်းနက်၏အလုပ်လုပ်ပုံ


Black Hole ၏ဆွဲငင်မှု့ကြောင့် အထဲသို့ ကျရောက်သွားသော ဒြပ်ဝတ္ထုများသည် ဖြစ်ရပ်လိုက်ကာ (Event Horizon) အတွင်း ရောက်သွားသည်နှင့် လုံးဝ ပြန်ထွက်၍မရတော့ပေ၊ ထို့နောက် တွင်းနက်၏ အလယ်ဗဟို ရှိ အမှတ်ထူး (singularity) ထဲသို့ ဦးတည်သွားကြရပါသည်၊ ထို အမှတ်ထူးထဲတွင် သိပ်သည်းဆနှင့် ဒြပ်ဆွဲအားတို့သည် အနန္တတဖြစ်နေပြီး လက်ရှိရူပဗေဒနိယာမများ ဖြင့် လေ့လာ၍မရနိုင်တော့သော နေရာဖြစ်နေပါသည်။

Event Horizon ထဲသို့မကျရောက်ဘဲ ဘေးတွင်ကျန်ခဲ့သော ဒြပ်ဝတ္ထုတို့သည် black hole ၏ ဘေးပတ်လည်ရှိ တိုးများလာနေသောဒြပ်သား အပြားဝိုင်း (Accretion Disc) ထဲသို့ ရောက်ရှိသွားပြီး အခြားဒြပ်ဝတ္ထုများနှင့် ပွတ်တိုက်မှု့များ ဖြစ်သောကြောင့် Accretion disc သည် တောက်ပနေရခြင်းဖြစ်သည်။ Event horizon ၏ အပြင်ဘက်တွင် photon sphere လို့ခေါ်သည့် အလင်းမှုန်စက်လုံး ရှိပြီး ၎င်းသည် တွင်းနက်၏ ဆွဲယူခြင်းကို မခံရမီ အလင်းနောက်ဆုံးသွားလာနိုင်သောနေရာ ဖြစ်သည်။

No_Hair_Theorem


1967 တွင် Werner Israel, Brandon Carter နဲ့ David Robinson ဆိုသူတို့၏ No-Hair Theorem ထွက်ပေါ်လာပါသည်။ ထိုသီအိုရမ်အရ တွင်းနက်များသည်ထုထည်၊ ထောင့်ပြောင်းအဟုန်နှင့် လျှပ်စစ်ဓာတ်တို့အပေါ် မူတည်နေပြီး ထိုမှတဆင့် တွင်းနက်များကို လေ့လာတိုင်းတာလို့ရသည်ဟု သိရှိရပါသည်။ ထောင့်ပြောင်းအဟုန် (angular momentum) ရှိသည့် တွင်းနက်များကို လည်နေသောတွင်းနက် (rotating black hole) ဟု ခေါ် ပြီး တွင်းနက်၏ လည်နေတဲ့အရှိန်ကြောင့် သူ့ဘေးရှိ ဟင်းလင်းပြင်အချိန်အား event horizon ထဲသို့ကျရောက်အောင် ဆွဲခေါ်သွားခြင်းကို frame dragging ဟုခေါ်ပါသည်။

ထို frame dragging မှ ကျန်နေခဲ့သည့် photon sphere ရဲ့ အပြင်က အပိုင်းကို ergo sphere (event horizon ၏အချင်းဝက် ဝါ schwarzschild radius ၏ ၁.၅ဆရှိသောအပိုင်း) ဟုခေါ်ပါသည်။ photon sphere (အလင်းမှုန်စက်လုံး) ဆိုတာသည် တွင်းနက်၏ event horizon အပြင်ဘက်တွင် ရှိပြီးတွင်းနက်ထဲသို့မရောက်မီ အလင်းနောက်ဆုံး သွားလာနိုင်သည့်နေရာ ဖြစ်သည်။

အမျိုးအစားများ


တွင်းနက်များ၏ အရွယ်အစား အား event horizon ၏အချင်းဝက် သို့ Schwarzschild radius မှ တွက်ချက်၍ရပြီး ထိုမှတဆင့် တွင်းနက်များကို အမျိုးအစားခွဲထားနိုင်ပါသည်။
(1) #Supermassive_Black_Hole
ကြယ်အစုအဝေးဂလက်ဆီ များ၏ အလယ်ဗဟိုတွင် ရှိသည့် ဧရာမ တွင်းနက်ကြီးများ ဖြစ်ပြီး ၎င်းတို့သည် သာမန်တွင်းနက်များ စုပေါင်းမိရာမှ ဖြစ်ပေါ်လာသည်ဟု သိရသည် ၊ ဓာတ်ငွေ့တိမ်တိုက် များ စုပေါင်းမိရာမှ ဖြစ်ပေါ်လာ သည်ဟုလည်း ခန့်မှန်းမိကြသည်။

(2) #Intermediate_Mass_Black_Hole


ဧရာမတွင်းနက် များနှင့် အသေးစားတွင်းနက်ကြားရှိ အလယ်အလတ်တွင်းနက် အမျိုးအစားဖြစ်ပြီး အရမ်းများပြားသော ကြယ်အစုအဝေးများကြားထဲတွင် ရှိတတ်သည်။ ထို့နောက် အလယ်အလတ်တွင်းနက်များ အချင်းချင်းစုပေါင်းမိရာမှ ဂလက်ဆီ၏အလည်သို့ ရောက်ရှိလာကာ ဧရာမတွင်းနက်ကြီးဖြစ်ပေါ်လာနိုင် သည်ဟု ခန့်မှန်းထားကြပါသည်။

(3) #Stellar_Black_Hole


သေးငယ်သောတွင်းနက် များဖြစ်ပြီး သာမန်တွင်းနက်များ ဖြစ်ကြသည်၊ ၎င်းတို့သည် ကြယ်တစ်စင်း Thermal Pressure မရှိတော့သောအခါ သို့ လောင်စာကုန်ခမ်းခြင်း ကြောင့် ဒြပ်ဆွဲအားပြိုပျက် (Gravitional Collapse) သည့် အခါ တွင်ဖြစ်ပေါ်လာပါသည်။

4.Micro_Black_Hole


1971 တွင် Stephen Hawking သည် Quantum_Mechanics အရ stellar တွင်းနက်များထက်ငယ်သော တွင်းနက်လေးများရှိနိုင်သည်ဟု ဆိုထားပြီး ၎င်းဟာ ယူဆချက် တစ်ခုမျှသာ ဖြစ်နေပါသေးသည်။ တွင်းနက်များသည် မည်သည့် အရာကိုမှထုတ်လွှတ်ခြင်း မရှိသည် မဟုတ်ဘဲ Hawking ၏သက်သေပြချက်အရ Thermal Radiation သို့ Hawking radiation များ ထုတ်လွှတ်လျက်ရှိပြီး တဖြည်းဖြည်း အငွေ့ပျံခြင်း (evaporation)ဖြင့် ပျောက်ကွယ်သွားနိုင်ကြောင်း ခန့်မှန်းအဆိုပြုထားကြသည်။

တွင်းလိုဏ်ခေါင်း (Wormhole)


သမိုင်းအကျဉ်းချုပ်

Hermann Weyl ဆိုသူသည် 1928 ၌လျှပ်စစ်သံလိုက်လှိုင်းဖြင့် ဒြပ်ထုသရုပ်ခွဲခြင်း ဆိုသည့် ယူဆချက်နှင့် Wormhole များအကြောင်း ကနဦး ကြံဆတွေးတောခဲ့ပါသည်။ သို့ပေမဲ့ Wormhole ဟု အမည်မတပ်ခဲ့ဘဲ ဒိုင်မေးရှင်းတစ်ခုပြွန်များ (one dimensional tubes) ဟုသာ သုံးနှုန်းခဲ့သည်။

1935 တွင် Einstein နှင့် Rosen တို့သည် ဟင်းလင်းပြင်အချိန် (spacetime) အတွင်း အမှတ်နှစ်ခုကို ဖြတ်လမ်းသဖွယ် ဆက်သွယ်ပေးသည့် တံတားများ ရှိနိုင်သည်ဟု General Relativity သီအိုရီ၏ အိုင်းစတိုင်းစက်ကွင်းညီမျှခြင်းများ အရ အကြံပြုခဲ့ကြသည်။ (Einstein-Rosen Bridge ဟု ခေါ်ဝေါ်ခဲ့သည်) 1597တွင် John Wheeler နှင့် Charles Misner တို့ရေးသားသော Annals of physics ဆိုသည့်စာတမ်းတွင် John Wheeler သည် Wormhole ဟု စတင်ခေါ်ဝေါ်ခဲ့ပြီး၊ 1962 တွင် Wheeler နှင့် အမေရိကန် ရူပဗေဒပညာရှင် Robert W. Fuller တို့သည် တူညီသည့် စကြာဝဠာဟင်းလင်းပြင် အတွင်း အမှတ်နှစ်ခုကို ဆက်သွယ်ပေးသော တွင်းလိုဏ်ခေါင်း များသည် မတည်မြဲကြဘဲ၊ ဖြာထွက်အလင်းတန်း နှင့် အလင်းမျှမမြန်သော ဒြပ်ဝတ္ထုတို့ကိုသာ အခြားတဖက်သို့ ဖြတ်သန်းရောက်ရှိစေ ကြောင်း တွက်ထုတ်ပြခဲ့သည်။

Wormholeရဲ့အလုပ်လုပ်ပုံ


တွင်းလိုဏ်ခေါင်း (Wormhole) ဆိုသည်မှာစကြာဝဠာ ဟင်းလင်းပြင်အချိန် အတွင်း မတူသည့် အမှတ်နှစ်ခုကိုပိုနီးအောင်/ပိုမြန်အောင် ဆက်သွယ်ချိတ်ဆက် ပေးသည့်တွင်းလိုဏ်ခေါင်း များဖြစ်ပါသည်။ ၎င်းတို့သည်စကြာဝဠာဟင်းလင်းပြင်အချိန်တွင်းရှိ သိပ်သည်းဆ အလွန်များသည့် နေရာများတွင် ဖြစ်ပေါ်ပါသည်။ ထို့ကြောင့် အာကာသဟင်းလင်းပြင်ထဲရှိ ဆွဲငင်အားအလွန်ကောင်းပြီး သိပ်သည်းဆအရမ်းများသည့် တွင်းနက် (Black Hole) များ၏ အတွင်းမှတ်ထူး (singularity) မှာ ရှိနိုင်သည်ဟု ခန့်မှန်းထားကြပါသည်။ တွင်းနက် (ဝင်ပေါက်) နှင့် တွင်းဖြူ (ထွက်ပေါက်) ကြားတွင် wormhole များရှိနိုင်သည်ဆိုသည့် သဘောဖြစ်ပါသည်။

Wormhole များသည် အရွယ်အစား 10^-33cm ရှိပြီး အင်မတန်သေးငယ်သော ပလန့်အလျား Planck Length(1.6×10^-35m) အတွင်းမှာ ချက်ချင်းဆိုသလို ဖြစ်ပေါ်လိုက် ပျောက်ကွယ်လိုက် ရှိနေကြပါတယ်။ ထိုကဲ့သို့ ဖြစ်တည်မှု့ မတည်ငြိမ်သည့်အတွက် ၎င်းတို့ကို မြင်တွေ့ရဖို့ နှင့် ၎င်းတို့အတွင်း မည့်သည့်အရာ (ဖြာထွက်အလင်းနှင့် အလင်းမျှမမြန်သော အမှုန်များမှလွဲ၍) မှ ဖြတ်သန်းသွားလာရန် အခုချိန်ထိတော့ မဖြစ်နိုင်သေးပါ။ တည်ငြိမ်တွင်းလိုဏ်ခေါင်း တစ်နည်းအားဖြင့် ဖြတ်သန်းရတွင်းလိုဏ်ခေါင်း တည်ရှိနိုင်ရန် ဆန်းကြယ်ဒြပ် exotic matter(negative energy/mass) ရှိရန်လိုအပ် ပြီး Quantum Physics တွင် negative energy/mass အယူအဆကို Casimir effect အရ ဖြစ်နိုင်ကြောင်း ကွမ်တမ် သင်္ချာရူပဗေဒပညာရှင် များက ယုံကြည်နေကြသည်။

လက်ရှိတွင် စကြာဝဠာပြန့်ကားနှုန်း (expansion of universe) ကို ဖော်ပြပေးသော Hubble constant သည်မတည်ငြိမ်ဘဲ ပို၍များလာ သောကြောင့် စကြာဝဋ္ဌာကြီးသည်လည်း ပို၍ကျယ်ပြန့်လာနေပါသည်။ ပို၍ကျယ်ပြန့်လာသော စကြာဝဋ္ဌာကြီးကြောင့် အဖြစ်မြန်၊ အပျောက်မြန်သော တွင်းလိုဏ်ခေါင်း များအား နောင်တစ်ချိန်ချိန်တွင်တွေ့မြင်လာနိုင်ပါကြောင်း ဖော်ပြလိုက်ပါသည်။

White_Hole (တွင်းဖြူ)


1964 တွင် Igor Novikov ဆိုသည့် ရုရှား နက္ခတ်ရူပဗေဒပညာရှင်သည် white hole များ၏ တည်ရှိနိုင်မှု့ကို ခန့်မှန်းတွေးဆခဲ့ပါသည်။ 2014 တွင် Madriz Aguilar, Moreno နှင့် Bellini တို့ သုံးဦးတို့သည် မဟာပေါက်ကွဲမှု့(Big Bang) ဆိုသည်မှာ ဧရာမတွင်းဖြူ (supermassive white hole) ၏ ပေါက်ကွဲမှု့မှ တဆင့် ဒိုင်မေးရှင်းငါးခု ဗလာနယ် ဖြစ်လာသည် ဆိုသော အယူအဆ ထွက်ပေါ်လာသည်။

white hole များသည် General relativity ၏ တွက်ချက်မှုများမှတစ်ဆင့် တွေ့ရှိလာခဲ့သော တွင်းနက်များ၏ နောက်ဆက်တွဲ ခန့်မှန်းခြေ အယူအဆ တစ်ခုဖြစ်ပြီး လက်ရှိတွင် မတွေ့ရှိရသေးပေ၊ တွင်းဖြူ (white hole) များသည် တွင်းနက်၏ ဆွဲယူထားသော ဒြပ်ဝတ္ထု (matter) နှင့် စွမ်းအင်(energy)တို့ ပြန်ထွက်ပေါ်လာနိုင်သည့် ထွက်ပေါက်ဖြစ်ပြီး white hole ၏ ဖြစ်ရပ်လိုက်ကာ (ခေါ်) တွင်းဖြူ၏မိုးကုပ်စက်ဝိုင်း (event horizon) အတွင်းသို့ မည်သည့် အရာမှမဝင်ရောက်နိုင်ပေ၊ သူတို့သည် အလင်း၊ဒြပ်ဝတ္ထု နှင့်
စွမ်းအင်များကိုသာ ထုတ်လွှတ်ပေးနေသည်။

ထိုသို့ တွင်းနက်မှ တဆင့် အရာဝတ္ထု စွမ်းအင်များကို ထုတ်ပေးရန် အချိန် အနန္တကြာနိုင်သည်ဟုလည်း ခန့်မှန်းပြောဆိုထားကြသည်၊ Hawking ၏ ပြောကြားချက်အရ ဧရာမတွင်းနက် (supermassive black hole) များသည် Big Bang (သို့) ဧရာမတွင်းဖြူများ (supermassive white holes) မှ ထွက်ပေါ်လာသည်ဟု သိရသည်။ တွင်းဖြူ အယူအဆသည် general relativity သီအိုရီ အရ တွက်ချက်ခန့်မှန်းထားတဲ့ ဖြစ်နိုင်ခြေတစ်ခုသာ ဖြစ်ပြီး တွင်းနက်၏ ဗဟိုအမှတ်ထူးမရှိတော့မှသာ (လျစ်လျုရူထားခြင်းဖြင့်)တွင် လိုဏ်ခေါင်းများနှင့်ချိတ်ဆက်မိကာ ထိုမှတဆင့် တွင်းဖြူမှ ဒြပ်၊စွမ်းအင်နဲ့ အလင်းမှုန်များအား ထုတ်လွှတ်နိုင်ပေးမည်၊ ထို့ကြောင့် white hole များကိုတွေ့ရှိရန်မှာ black hole များအား တိကျစွာထဲထဲဝင်ဝင် လေ့လာနိုင်မှ ဖြစ်လာနိုင်မည်ဟု ယူဆရပေ တော့သည်။

MyanmarSciencePlatform မှကူးယူဖော်ပြပါတယ်။

OpenYourBusinessOnline

အတွေးအခေါ်

You May Also Like

ရှောက်သီး အစွမ်း

အချဉ်ဓာတ်ပါ အသီးထဲမှာ ရှောက်သီးကလည်း ဆေးစွမ်းထက်တဲ့အမျိုးပါပဲ။ ကျန်းမာလှပ နုပျိုကြဖို့ရာ ရှောက်သီးနဲ့ ကင်းလို့မရပါဘူး။ ရှောက်သီးရဲ့ ထူးခြားချက်က

Knowledge is Power ဆိုတာ ဟုတ်ပါ့မလား

Knowledge is Power လို့ ပြောတဲ့လူက ပြောတာပဲ။ ဒါကို အလွတ်ကျက်မှတ်ထားပြီး အခမ်းအနားတွေဘာတွေမှာ အမှာစကားပြောတဲ့ လူကြီးမင်းတွေကလည်း Knowledge is Power တို့ Knowledge ခေတ် ရောက်နေပြီတို့ လျှောက်ပြောတာပဲ။

မြေပဲ ၏ ဆေးဖက်ဝင်စွမ်းအင်

မြေပဲ (Groundnut) ကို ရုက္ခဗေဒအမည်အရ Arachis hypogaea လို့ ခေါ်ပြီး အိန္ဒိယကတော့ Mongphali လို့ ခေါ်ပါတယ်။ အခြား အင်္ဂလိပ်အမည်အနေနဲ့ Peanut, Monkey-nut

ကြက်သွန်နီ ၏ ဆေးဖက်ဝင်စွမ်းအင်များ

ကြက်သွန်နီ ဟာ လစ်လီအမျိုးအစားဖြစ်ပြီး စူးရှတဲ့အနံ့ရှိပြီး ရှေးကျတဲ့ ဟင်းသီးဟင်းရွက်တစ်မည် ဖြစ်ပါတယ်။ အစားအစာတွေထဲမှာ အနံ့မွှေးပြီး အရသာရှိဖို့အတွက်