ဆန်းစစ်ပါ၊ လိုအပ်ရင် လမ်းကြောင်းပြောင်းပါ

ဆန်းစစ်ပါ၊ လိုအပ်ရင် လမ်းကြောင်းပြောင်းပါ

အခါအားလျော်စွာ ကိုယ်ရရဲ့ခဲ့တဲ့ အောင်မြင်မှုတွေ၊ ကိုယ်ပြီးမြောက်ခဲ့တဲ့အလုပ်တွေကို ပြန်လည်ဆန်းစစ်ပါ။ ကိုယ်သွားလိုတဲ့ လမ်းကြောင်းပေါ်မှာရှိရဲ့လားဆိုတာ ဆန်းစစ်ပါ။ လိုအပ်တဲ့လမ်းကြောင်းပြောင်းဖို့ ဝန်မလေးပါနဲ့။ အခက်အခဲတစ်ခုကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတဲ့အခါတိုင်း ဘာတွေလုပ်ပြီးပြီ၊ ဘာတွေလုပ်ဖို့ လိုသေးတယ်ဆိုတာသိအောင် ဆန်းစစ်ပါ။ ဆန်းစစ်ခြင်းဖြင့် လုပ်ပြီးတဲ့ အလုပ်တွေကို ထပ်တလဲလဲလုပ်ခြင်းက ရှောင်နိုင်ပါတယ်။ လမ်းကြောင်းပြောင်းနိုင်ပါတယ်။

တိုးတက်ချင်ရင်ပြောင်းလဲပါ။ အကောင်းဆုံးဖြစ်ချင်ရင် မကြာခဏ ပြောင်းလဲပါ။
Winston Churchill

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts