အမေ့ခံ အကျဉ်းသားများ (၂)

အမေ့ခံ အကျဉ်းသားများ (၂)

၁၉၈၀ ပြည့်နှစ်များတွင် လူထုသဘောထားစစ်တမ်းကောက်ယူခဲ့ရာ၌ ၇၃ မှ ၈၅ ရာခိုင်နှုန်းခန့်သော အမေရိကန် တို့သည် သူတို့ အစိုးရကဗီယက်နမ်လက်ထဲတွင်စစ် အကျဉ်းသားများ ကို ထားပစ်ခဲ့သည်ဟု ယုံကြည်နေကြောင်း တွေ့ရသည်။ အစိုးရက ထိုအချက်ကို ငြင်းဆိုခဲ့သည်။ ၁၉၇၈ ခုနှစ် ဂျင်မီကာတာ အစိုးရလက်ထက်တွင် စစ်အတွင်းပျောက်ဆုံး သို့မဟုတ် သေဆုံး အကျဉ်းသား စာရင်းများကို တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသူတို့သည် မည်သို့မျှ အိမ်ပြန်လာနိုင်ကြတော့မည် မဟုတ်ပေ။ သို့ဖြစ်ရာ အစိုးရက ပထမ မမှန်ဟု ပြောသည်။ နောက်ပိုင်း အမှန်ဟုပြောသည်။ ဘယ်ဟာကို အမှန်ဟု ယုံကြရမည်နည်း။

အမှန်ကို သိချင်လျှင် စစ်အတွင်းက ဘာတွေ လုပ်ခဲ့ကြောင်း ပြန်ပြောင်းခြေရာခံကြည့်ရန်သာ ဖြစ်သည်။ အမေရိကန်တို့ ဗီယက်နမ်တွင် စစ်ဆင်ခြင်းသည် တုံကင်း ပင်လယ်ကွေ့အရေးကြောင့် ဖြစ်ရသည်။ ထိုစဉ်က တုံကင်းပင်လယ်ကွေ့တွင်ရပ်နားထားသည့် အမေရိကန်စစ်သင်္ဘောကိုဗီယက်နမ် တိုက်ရေယာဉ် သုံးစင်းက ဝင်ရောက်တိုက်ခိုက်သည်ဟု အမေရိကန် အစိုးရကကြေငြာခဲ့သည်။ ထိုအရေးအခင်းနှင့်ပတ်သက်ပြိး အတော်လေးအချေအတင် စကားပြောခဲ့ကြရသည်။ သို့သော် အမေရိကန်အထက်လွှတ်တော်က တုံကင်းပင်လယ်ကွေ့အရေးယူမှုတွင် အနိုင်ရရှိသွားပြီး စစ်အသုံးစရိတ်များကိုပါ ထုတ်ယူသုံးစွဲခွင့် ရရှိသွားသည်။

တရားဝင် ခွင့်ပြုချက်အရ ဗီယက်နမ်ကိုသာ စစ်ပြုရန် ဖြစ်သော်လည်းအမေရိကန်တို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်င့များကိုပါ လျှို့ဝှက်စွာ ဝင်ရောက်တိုက်ခိုက်နေကြသည်။ဗီယက်နမ်စစ်မြေပြင်တွင် အမေရိကန်တို့သည်နည်းပညာအရ သာလွန်နေသည် မှန်သော်လည်းကွန်ကရက်သို့ ပြန်လည်တင်ပြသည့် စစ်ပွဲအတွင်း သေကျေနှင့် ဒဏ်ရာရစာရင်းများမှာ မမှန်မကန် လုပ်ကြံတင်ပြထားချက်များဖြစ်နေသည်ဟုဆိုသည်။ ဗီယက်နမ်တွင် အမေရိကန်တို့ စစ်ရှုံးခဲ့ရသည့် အကြောင်းအရင်းတွင် ထိုသို့ စစ်ရေးအရ တန်ဖိုးရှိလှသည့်သတင်းမှန်များကို လိမ်လည်တင်ပြခြင်းက အဓိက အကြောင်းရင်းဖြစ်ခဲ့ရသည်။ အမေရိကန်တို့၏ စစ်အတွင်းသေကြေနှင့် ဒဏ်ရာရစာရင်းများသည်အကြံအဖန် စာရင်းအဖြစ် သံသရဝင်စရာကောင်းလှသည်။

ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

Share this post