မိမိကစပါ

သင်၏အနေအထားကောင်းသလို သင်၏ဆက်ဆံရေးသည်လည်း ကောင်းလာပါလိမ့်မည်။

                            Neil Clark Warren

Les ၏ မိမိကစပါ ဟူသောအမြင်

    သင်သည် လူတွေနှင့် အဆင်ပြေပြေအောင်မြင်လိုပါက သင်ကိုယ်တိုင် အဆင်ပြေပြေ အောင်မြင်အောင်နေတတ်သူဖြစ်ဖို့ လိုပါသည်။ အနိမ့်ဆုံးအားဖြင့် ထိုလူမျိုးဖြစ်လာအောင် အားထုတ်နေသူ ဖြစ်ရပါမည်။

လူတွေနှင့် အဆင်ပြေပြေအောင်မြင်လိုပါက ဤလိုအပ်ချက်မှာ ရှောင်လွဲလို့မရပါ။

    လူအချင်းချင်းဆက်ဆံရေးကို အထူးပြုလေ့လာနေသော စိတ်ပညာရှင်တစ်ဦး အနေဖြင့် ကုသမှုခံယူသော လူရာပေါင်းများစွာကို တွေ့ဖူးပါသည်။ ဆီမီနာတွေ၊ ဆွေးနွေးပွဲတွေမှာ လူတွေအများကြီးနဲ့ စကားပြောဖူးပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်ပြီးလည်း စာအုပ်ပေါင်း တစ်ဒါဇင်ကျော်ကျော် ရေးဖူးပါသည်။ လူတွေအချင်းချင်း ဆက်ဆံရာမှာ အဆင်ပြေပြေအောင်မြင်စေချင်သော စိတ်အရင်းခံ ကျွန်တော့မှာ ရှိသည်ဟု ကျွန်တော်နှင့် နီးစပ်သူများက ကျွန်တော့်ကို နားလည်ကြပါသည်။ သို့သော် ကျွန်တော်သိထားသော အချက်တစ်ခု ရှိပါသေးသည်။ မိမိကိုယ်တိုင်က စဖို့ သိပ်အရေးကြီးသည်။ မိမိကိုယ်တိုင်က မစလျှင် လူအချင်းချင်းဆက်ဆံရေး အဆင်ပြေ၊ အောင်မြင်ဖို့နည်းလမ်းတွေ၊ လိုက်နာသင့်သော အချက်တွေသည် သုံးမရပါဘူး။

    တည့်တည့်ပြောပါရစေ၊ သင်ကိုယ်တိုင်ဆက်ဆံရေးမှာ အဆင်ပြေအောင်မြင်သူ ဖြစ်အောင်လုပ်ဖို့ လေးလေးနက်နက် မစဉ်းစားဘဲ ဤစာအုပ်ထဲတွင် သင်လေ့လာမည့်သူချင်း ဆက်ဆံရေးအောင်မြင်မှု နည်းလမ်းတွေကို အသုံးပြုဖို့ကြိုးစားလျှင် အကြီးအကျယ် စိတ်ပျက်သွားပါလိမ့်မည်။ သို့သော်မိမိကိုယ်တိုင် ပြုပြင်ရေး၊ မိမိက စပြုပြင်ရေးကို အလေးထားလိုက်သည်နှင့် တစ်ခြားလူတွေကို အလေးထားဆက်ဆံရာတွင် အဆင်ပြေလာပါလိမ့်မည်။

ဒေါက်တာသိန်းလွင်ဘာသာပြန်ထားသော အောင်မြင်လိုလျှင် လူတွေအောင်မြင်အောင် ကူညီပါ စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenYourBusinessOnline

Share this post