သုတ

22 Things You Didn’t Know About Yourself

By HapEye.net

June 11, 2020

၁။သင်ဟာ ညစဉ် ညတိုင်း ၁လက်မ နဲ့ ၃လက်မ အကြား ကြီးထွားလာပါတယ်။

မနက်ခင်းတွေမှာ သင်ဟာ ယမန်ညတွေတုန်းကထက် ၁လက်မ ကနေ ၃လက်မ အထိ ရှည်ထွက်လာပါတယ်။ဒါပေမယ့် မနက်ပိုင်း ဆွဲအားက အလုပ်လုပ်တာကြောင့် သင့်ကို ပြန်ရှုံ့တွသွားစေပါတယ်။ သင်အိပ်နေချိန်မှာတော့ သင့်ရဲ့ ခန္ဓာကိုယ်က ပြန်ပြန်ပြီး ဆန့်ထွက်လာပါတယ်။

၂။ သင့်ရဲ့ လက်ချောင်းထိပ်လေးတွေဟာ အရမ်းကို အာရုံခံစားလွယ်ပါတယ်။

တကယ်လို့ သူတို့သာ ကမ္ဘာမြေလောက်ကျယ်မယ်ဆိုရင် အိမ်နဲ့ ကားအကြားက ကွာခြားမှုကို ခံစားနိုင်မှာဖြစ်ပါတယ်။

၃။ သင်ဟာ ၂၅မိုင်အကွာမှ တဖျပ်ဖျပ်တောက်နေတဲ့ ဖယောင်းတိုင်မီးကို မြင်နိုင်ပါတယ်။

၄။ သင်ဟာ ငှက်ပျောသီး တစ်ခြမ်းဖြစ်ပါတယ်။

ငှက်ပျောသီး DNA ရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ကျွန်ုပ်တို့နဲ့ အတူတူပါပဲ။

၅။ ရက်၃၀တိုင်းမှာ ကျွန်ုပ်တို့ အရေပြားအသစ်လဲလေ့ရှိပါတယ်။ အဲဒါကို ကျွန်ုပ်တို့ သတိမထားမိပါဘူး။ တကယ်တော့ တစ်နာရီကို အရေပြားဆဲလ် ၄၀၀၀၀ခန့် ဆုံးရှံးနေပါတယ်။ သူတို့ ဘယ်ကို ရောက်သွားတာလဲ။ သင့်ရဲ့ စားပွဲခုံ၊ တီဗီနဲ့ ဓာတ်ပုံဘောင်တွေပေါ်က ဖုန်တွေ။ ဟုတ်ပါတယ်။ ဒါတွေက သင်ပါပဲ။

၆။ ရက်၂၀တိုင်းမှာ သင့်ရဲ့ သွေးတွေက လကမ္ဘာဆီ အလည်သွားလေ့ရှိပါတယ်။

သင့်ခန္ဓာကိုယ်ထဲက  သွေးတွေဟာ ၁၁၈၀၆မိုင်လောက်ကို နေ့တိုင်းစီးဆင်းနေပါတယ်။ ဒါက ကမ္ဘာနဲ့ လ အကွာအဝေးရဲ့ အပုံ၂၀ပုံ တစ်ပုံပါပဲ။

၇။ သင်ကိုယ်ခန္ဓာကိုယ်ရဲ့ ၉၀ရာနှုန်းဟာ ဘတ်တီးရီးယားနဲ့ မှိုဖြစ်ပါတယ်။

သင့်ရဲ့ အူထဲက ဘက်တီးရီးယားတွေရဲ့ အလေးချိန်ဟာ ၁ကီလို ကျော်ပါတယ်။ သင့် cell တွေရဲ့ ၉၀ ရာနှုန်းဟာ ဘက်တီးရီးယားနဲ့ မှိုတွေ ဖြစ်ပါတယ်။

၈။ သင့်ရဲ့ ဦးနှောက်ဟာ အရမ်းကို အလုပ်လုပ်ဖို့ လိုအပ်နေပါတယ်။

ဦးနှောက်က ကျွန်တော်တို့ တစ်ကိုယ်လုံးရဲ့ 2percent ပဲ လေးသည့်တိုင် အောက်စီဂျင် ရယူမှု၏ ၂၀ ရာနှုန်းကို သုံးစွဲနေပြီးတော့ ကျွန်ုပ်တို့ရဲ့ ကယ်လိုရီ ၂၀ရာနှုန်းဟာလည်း ဦးနှောက်ကြောင့်ဘဲ လောင်ကျွမ်းနေပါတယ်။

၉။ သင့်ရဲ့ လက်သည်းခွံ တွေက ပက်ကျိတွေပါပဲ။

လူသားတွေရဲ့ လက်သည်းတွေဟာ တစ်လကို ၂-၃ မီလီမီတာပဲ ရှည်ထွက်လာပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် မဆိုစလောက် နည်းနည်း ပိုမြန်ပါတယ်။

၁၀။ အမျိုးသမီးတွေရဲ့ ဆံပင်ဟာ အမျိုးသားတွေထက် နှစ်ဆပိုသန်မာပါတယ်။

၁၉၆၉ ဂျာမန်လေ့လာမှုအရ  အမျိုးသမီးတွေရဲ့ ဆံပင်တွေက အမျိုးသားတွေထက် အတော်အတန် ပိုသန်မာပါတယ်။ အမျိုးသမီးဆံသား ၁စင်တီမီတာလောက်က ပေါင်၁၆၀၀နီးပါး အလေးချိန်ရှိပါတယ်။  အမျိုးသားတွေအတွက် ပေါင် ၇၂၀ ပဲ လေးတဲ့ အချိန်မှာပေါ့။

၁၁။ သင်ဟာ သင့်မျက်စိတွေကို နေ့တိုင်း လေ့ကျင့်ခန်းလုပ်နေပါတယ်။  

သင့်မျက်စိတွေကို အာရုံစူးစိုက်စေတဲ့အခါ ကြွက်သားတွေက တစ်နေ့ကို အခါတစ်သိန်းနဲ့ အထက် လှုပ်ပါတယ်။  တကယ်လို့ ဒီလို လေ့ကျင့်ခန်းမျိုး သင့်ရဲ့ ခြေထောက်ကို ပေးချင်တယ်ဆိုရင်ဖြင့် နေ့တိုင်း ၇၅ကီလိုမီတာ လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။

၁၂။ ၆၀စက္ကန့် ရဲ့ အတွင်းတစ်ဖက်

လူသားသွေးဆဲလ်တွေဟာ ခန္ဓာထဲမှာ တစ်ပတ်ပြည့်ဖို့ ၆၀စက္ကန့် ကြာမြင့်ပါတယ်။

၁၃။သင့်ရဲ့ ဦးနှောက်ဟာ နေ့ထက် ညဘက်တွေမှာ ပိုအလုပ်လုပ်ပါတယ်။

လူသားဦးနှောက်ဟာ နေ့ဘက်ထက် ညတွေမှာ ပိုပြီး active ဖြစ်နေပါတယ်။ လှုပ်ရှားမှုတွေ၊ ပေါင်းစပ်လုပ်ဆောင်မှုတွေ၊ တုံ့ပြန်မှုတွေကို တွက်ချက်မှုတွေ ဒါတွေကို လုပ်ဆောင်နေရတဲ့ အတွက် ဦးနှောက်ဟာ နေ့ဘက်မှာ ညဘက် အိပ်နေချိန်ထက် ပိုပြီး အလုပ်များနေတယ်လို့ သင်ထင်နိုင်ပါတယ်။ တကယ်တော့ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ရွေ့လျားမှုတွေကို အိပ်စက်ခါနီး သင်ပိတ်လိုက်ချိန်မှာ သင့်ဦးနှောက်က ပိုပြီးအလုပ်လုပ်လာပါတယ်။

၁၄။ ပိုပြီး smart ကျလေလေ ပိုပြီး အိပ်မက် မက်လေလေ ပါပဲ။

IQ မြင့်တဲ့ လူတွေက ပိုပြီး အိပ်မက်မက်ကြပါတယ်။

၁၅။ သင့် အစာအိမ် အက်စစ်က ဘလိတ်ဓားသွားတွေကို ချေဖျက်နိုင်ပါတယ်။

သုံးရက် သုံးရက်တိုင်းမှာ သင့်အစာအိမ်က cell  တွေက လုံးဝ အသစ်တစ်ဖန် ပြန်ပြန် ဖြစ်လာပါတယ်။

၁၆။ သင့်မှာ ဆီးအိတ် အသေးစားလေး မရှိပါဘူး။

သင့်ရဲ့ ဆီးအိတ်က တင်းနစ်ဘောလုံးလောက်ကို ကြီးပါတယ်။ အဲဒါက လူတစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပါတယ်။ ဆီးအိတ်က ၈၀၀ မီလီလီတာနဲ့ ၁လီတာ နဲ့ ကြား အလေးချိန်ကို ကိုင်ဆွဲထားနိုင်ပါတယ်။ လူအများစုဟာ ၂၀၀နဲ့ ၄၀၀ အကြား မီလီလီတာ ရှိနေချိန်မှာ ဆီးသွားဖို့ လိုအပ်ပါတယ်။

၁၇။ သင်က အရမ်းကို ထင်သာမြင်သာ တောက်ပမနေပါဘူး။

သင့်ဦးနှောက်က 10 watt မီးသီး တစ်လုံးလောက် စွမ်းအင်တွေ သုံးစွဲပါတယ်။

၁၈။ သင့် နှာခေါင်းက မတူညီတဲ့ အနံ့ပေါင်း ငါးသောင်းလောက်ကိုု ခွဲခြားမှတ်မိနိုင်ပါတယ်။

၁၉။ သင်တစ်နေ့ကို ၁၄ခါဝန်းကျင်လောက် လေလည်ပါတယ်။

၁၂ခါနဲ့ ၂၅ခါ အကြားကို နေ့တိုင်းလေလည်မိတတ်ပါတယ်။ သင်သာ ကျန်းမာတယ်ဆိုရင် အနည်းဆုံး ပမာဏပေါ့။

၂၀။ အမျိုးသမီးတွေက အမျိုးသားတွေထက် လေပိုလည်ပါတယ်။

သူူတို့ ဘယ်တော့မှ ဝန်မခံတတ်ပါဘူး။ အမျိုးသားနဲ့ အမျိုးသမီး တူညီတဲ့ အာဟာရကို မှီဝဲထားမယ်ဆိုရင် အမျိုးသမီးတွေက ဓာတ်ငွေ့ ပိုထုတ်လွှတ်ပါတယ်။

၂၁။ ဒီဓာတ်ငွေ့တွေနဲ့ သင်က မီးလောင်မှုကို အားပေးနေပါတယ်။

နိုက်ထရိုဂျင်၊ အောင်စီဂျင်၊ မီသိန်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ဟိုက်ထရိုဂျင်တွေက မူလ ဓာတ်ငွေ့ (initial gas) တွေဖြစ်ပါတယ်။ တစ်မီတာ အကွာမှာ ရှိတဲ့ မီးတောက်ဟာ သင့်ကိုယ်ထဲက ဓာတ်ငွေ့တွေကြောင့် ပိုပြီး ကြီးထွားလာနိုင်ပါတယ်။

၂၂။ သင်ဟာ လမ်းလျှောက်နေတဲ့ ဗုံးတစ်လုံးဖြစ်ပါတယ်။

တကယ်လို့ သင်သာ ခြောက်နှစ်နဲ့ ကိုးလ ပုံမှန်လေလည်ခဲ့မယ်ဆိုရင် atomic ဗုံးတစ်လုံးအတွက် လုံလောက်ညီမျှတဲ့ ဓာတ်ငွေ့တွေကို ထုတ်လွှတ်ပြီး ဖြစ်ပါလိမ့်မယ်။

Source: OOTD

Swan Htet (HapEye.Net)