စီးပွားရေး

12 Characteristics of a Horrible Boss

By HapEye.net

June 11, 2020

လုပ်ငန်းရှင်တွေမှာ သာမကဘဲ မန်နေဂျာတွေမှာပါ တွေရတတ်တဲ့ …

ဘောစ့်တွေရဲ့ အကျင့်ဆိုး(၁၂)ခု

1) Control

ဘော့စ်တွေက အရာအရာကို ထိန်းချုပ်ထားချင်ကြတယ်။ ဒါကို လက်လွတ်လိုက်ရမယ်ဆိုရင် သူတို့အတွက် အကြီးမားဆုံး ပြဿနာတခုပါဘဲ။ ငါ အားလုံးသိနေမှ ထိန်းလို့ ရနိုင်မယ်လို့ ထင်တဲ့အတွေးတွေပေါ့။

2) Indecisive

ဆုံးဖြတ်ချက်တွေ မပြတ်သားကြဘူး။ တွေဝေနေတယ်ဆိုတာ ခေါင်းဆောင်ကောင်းတွေရဲ့ အမူအကျင့် မဖြစ်ရပါဘူး။

3) Stubborn

မိုက်မဲရူးသွပ်ကြတာပေါ့။ ကိုယ့်ကိုကိုယ်အမြဲမှန်တယ် ထင်တတ်ကြတယ်။ ကိုယ် လုပ်သမျှ အကောင်းဘဲ။ ကိုယ့်လုပ်ငန်းအတွက် မသင့်တော်ဘူး ဆိုတာတောင် ဂရုမစိုက်ဘူး။

4) Resistant

ပြုပြင်ပြောင်းလဲရမှာကို သိသိကြီးနဲ့ တင်းခံတတ်တဲ့ အကျင့်ပါ။ သဘောမပေါက်တာလဲ ပါမှာပေါ့လေ။

5) Micromanage

အရာရာ အသေးစိတ်ပြီးလိုက်လုပ်နေတာကလဲဆိုး ပါတယ်။ အမှိုက်လှဲတာကအစ ဝင်ပါတတ်တဲ့ ဘော့စ်တွေရှိကြပါတယ်။ သေချာတာကတော့ ကိုယ့်ဝန်ထမ်းတွေ မတိုးတက်လာနိုင်တော့ပါဘဲ။

6) Fear

ကိုယ့်ဝန်ထမ်းကို ကြောက်ရွံ့နေအောင်ထားပြီး အုပ်ချုပ်တဲ့ အကျင့်ပေါ့။ ဒါကို ထိရောက်အောင်မြင်နိုင် တယ်လို့ထင်ကြတယ်။

7) Visionless

ကိုယ့်လုပ်ငန်း အနာဂတ်အတွက်မမြင်တတ်တာပါ။ ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေ ဘာတွေရှေ့မှာ ဖြစ်လာနိုင်တယ် ဘာတွေပြင်ဆင်ထားရမယ်ဆိုတဲ့ ရှင်းလင်းတိကျတဲ့ အမြင် ပိုင်ဆိုင်ထားရပါမယ်။

8) Favoritism

ပစားပေးတယ်လို့ ပြောရမလားဘဲ။ ကိုယ်သဘောကျတဲ့ လူလောက်ဘဲ မျက်နှာသာပေးတဲ့ အကျင့်ဆိုးဟာ တခြားဝန်ထမ်းတွေကို စိတ်ဓာတ်ကျအောင် ပျက်ပြားအောင် လုပ်တာပါဘဲ။

9) Arrogance

ကိန်းကြီးခန်းကြီးနိုင်တာ။ ဟိတ်ဟန်တွေ ထုတ်တာဟာလည်း အများနှာခေါင်း ရှူံစရာတခုပေါ့။ ဘယ်သူကမှ လေကြီးလေကျယ် ပြောတာတွေ အဆံမရှိဘဲ ဟန်လုပ်တာတွေကို မကြိုက်ကြပါဘူး။

10) Angry

အလကားနေ ဒေါသတွေထွက်ပြပြီး တရုံးလုံးလိုက် ပြသာနာရှာတဲ့အကျင့်ဟာလဲ ကိုယ့်အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေမှာ အနုတ်လက္ခဏာဘက်ကိုသာ ဦးတည်သွားစေမှာပါ။

11) Blame

အဆိုးဆုံးခေါင်းဆောင်တွေဟာ ကိုယ့်အပြစ်ကို ကိုယ့်အမှားကို ဝန်းထမ်းတွေပေါ် လွှဲချလေ့ရှိတာပါဘဲ။ မုန့်ဝေရင် သူကယူပြီး တုတ်ဝေရင်တော့ ငါနဲ့မဆိုင်ဘူး လုပ်ကြတာပေါ့။

12) Emotion

လုပ်ငန်းဆိုင်ရာ အချက်အလက်တွေပေါ်မှာ မစဉ်းစား မဆုံးဖြတ်ဘဲ စိတ်ခံစားမှု ဦးစားပေးလုပ်တဲ့ အကျင့်ပါ။

ကဲ သင်တို့ရဲ့ ဘောစ့်တွေကကော။

လေးစားစွာဖြင့်

Kaung Nyein Soe (Kudos to You)