အိုင်းစတိုင်း ဆိုတဲ့ အသံကြားလိုက်တာနဲ့ ညဏ်ကြီးရှင် တစ်ယောက်ကို ပြေးမြင်မိတာပါပဲ။ ဒါပေမဲ့ သူ့ဘဝမှာလည်းတောက်လျှောက် အဲ့ဒီအတိုင်း မဖြစ်ခဲ့ပါဘူး။ မိဘတွေနဲ့ ဆရာ၊ ဆရာမတွေက မွေးရာပါ ညဏ်ရည်ချို့တဲ့ပြီး၊ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကလေးလို့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ သူတော်တော်ကို အချိန်ယူခဲ့ရပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သိပ်ကောင်းတဲ့ ရလဒ်တွေရအောင် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ရူပဗေဒ နိုဘယ်ဆုကို ရရှိခဲ့ပြီး မော်ဒန်ရူပဗေဒလောကကို ပြောင်းလဲပစ်နိုင်ခဲ့တဲ့ သီအိုရီတွေရဲ့ ဖန်တီးရှင်ဖြစ်ခဲ့ပါတယ်။
“ အောင်မြင်ဖို့ဆိုရင် နိုင်ချင်တဲ့စိတ်က ရှုံးမှာကို ကြောက်တဲ့စိတ်ထက် ပိုထက်သန်ရမယ်။ ”
အဲလ်ဘတ် အိုင်းစတိုင်း
“ ဘယ်တော့မှ မရှုံးဖူးတဲ့လူတွေဟာ ဘားမှမလုပ်တဲ့ လူတွေပါ ”
အဲလ်ဘတ် အိုင်းစတိုင်း
အောင်စည်သာ မြန်မာပြန်သော လုံးဝလက်မလျှော့လိုက်ပါနဲ့ စာအုပ်မှ ကူးယူဖော်ပြသည်။