ဘဝနေနည်း

အောင်မြင်မှုပန်းတိုင်သို့ သေချာပေါက် ရောက်စေမယ့် စကားလုံး(၁၀)လုံး

By HapEye.net

June 10, 2020

အောင်မြင်မှုဆိုတာဟာ အလွယ်တကူရနိုင်တဲ့ အရာမဟုတ်ပါဘူး။ လျှောက်လှမ်းရမယ့်လမ်းကို မြင်နေပေမယ့်လည်း ပန်းတိုင်ကို ရှာဖွေနိုင်ဖို့တော့ ခက်နေပါသေးတယ်။ ဒါ့ကြောင့် သင့်ရဲ့ဘဝမှာ အောင်မြင်မှုပန်းတိုင်းကို သေချာပေါက် ရောက်စေမယ့် စကားလုံး(၁၀)လုံးကို ဖော်ပြပေးလိုက်ပါတယ်။၁။ ပျော်ရွှင်မှု (Happiness)    ပျော်ရွှင်မှုဆိုတာဟာ ခံစားမှုတစ်ခု မဟုတ်ပါဘူး။ ဘဝရဲ့လမ်းစဉ် တစ်ခုပါ။ သင်လုပ်နေတဲ့ အလုပ်မှာ သင်မပျော်ဘဲ အောင်မြင်မှု အရသာကို သင်ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ချစ်မြတ်နိုးခြင်းဟာ ပြိုင်ပွဲတွေမှာ တစ်ဝက်လောက်ကို အနိုင်ရသွားစေပါတယ်။၂။ ယုံကြည်မှု (Belief)    သင့်အနေနဲ့ ယုံကြည်တတ်ဖို့ လိုပါတယ်။ ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ယုံကြည်မှုသာလျှင် တစ်ခုတည်းသော ခွန်အားဖြစ်ပါတယ်။ သင်ယုံကြည်ရင် ယုံကြည်တဲ့အတိုင်း ဖြစ်လာမှာပါ။၃။ ရည်မှန်းချက် (Ambition)    ရည်မှန်းချက်မရှိတဲ့ ဘဝဟာ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ သင့်ရဲ့ဖြစ်နေတဲ့ အနေအထားတွေကို ကြိုတင်ရည်မှန်းထားပါမှ သင်ဖြစ်ချင်တာတွေ ဖြစ်လာနိုင်မှာပါ။၄။ စိတ်အားထက်သန်ခြင်း (Passion)    ဘာအလုပ်ကိုဘဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အလွယ်တကူ အရှုံးမပေးပါနဲ့။ အားကစားသမား တစ်ယောက်လိုမျိုး ရေကုန်ရေခန်း ကြိုးစားတတ်ပါစေ။၅။ လွှမ်းမိုးမှု (Inspiration)    သင့်ကို လွှမ်းမိုးနိုင်မယ့် အရာတစ်ခုကို ရှာဖွေကြည့်ပါ။ ထိုအရာက သင့်ကို လမ်းပြပေးနိုင်မှာပါ။၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှု (Confidence)    သင်မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုသာလျှင် သင့်ကိုနေရာ ပေးနိုင်မှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုဟာ သင့်ကို အတိုင်းအဆမရှိ ခွန်အားတွေကို ပေးနိုင်မှာပါ။၇။ လူ့ကျင့်ဝတ် (Ethics)    ကျင့်ဝတ်မစောင့်ထိန်းတက်တဲ့ လူတွေအတွက် အောင်မြင်မှု လမ်းကြောင်းဟာ တိုတောင်းလွန်းပါတယ်။ ဖြတ်လမ်းလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ သင့်ကို လူအားလုံးနဲ့ မတူညီဘဲ တစ်ယောက်တည်း ကွဲပြားနေစေမယ့် အချက်ဖြစ်ပါတယ်။၈။ အမြင် (Vision)    သင့်ဘဝကို သင်ဘယ်လိုပုံစံ ဖြစ်လာစေချင်လဲဆိုတဲ့ အမြင်တစ်ခုသတ်မှတ်ပါ။ ထိုအမြင်တွေထဲကဘဲ စိတ်ကူးတွေကို လက်တွေ့ အကောင်းအထည် ဖော်ပေးနိုင်မှာပါ။၉။ လက်ခံတတ်ခြင်း (Ves)    အရာရာကို လက်ခံတတ်ပါစေ၊ အခွင့်အရေးတွေက သင့်အတွက် အများကြီး လာနေပါပြီ။ သင် အားလုံးကို လက်ခံတတ်ရပါလိမ့်မယ်။ အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။၁၀။ လူသားဆန်တတ်ခြင်း (Humility)    လူသားဆန်ခြင်းဟာ အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။ ဘယ်ဘာသာမှာမဆို လက်ခံထားတာကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ဘယ်လောက် အောင်မြင်နေပါစေ၊ တစ်ကြိမ်တစ်ခါတော့ ပြန်လည်ကျရှုံးဦးမှာပါ။ ကျရှုံးပြီး ပြန်လည်ထနိုင်ရန် ကြိုးစားနေချိန်မှာ တစ်ချိန်က လူသားဆန်ခဲ့တာက သင့်ကို ပြန်အောင်မြင်စေမှာပါ။

အတိတ်တွေကို လွှတ်ချခဲ့ပါ။မဟုတ်ရင်ကိုယ့်ဆီရောက်လာမယ့်အခွင့်အရေးတွေကိုဖမ်းဆုပ်နိုင်ဖို့အင်အားရှိမှာမဟုတ်ပါဘူး

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။