အတွေးအခေါ်

အိပ်မက်ကြီးကြီး မက်စမ်းပါ

By Hnin Oo Wai

August 17, 2020

ပျမ်းမျှအသက် ၆၀၊ ၇၀ ကြာတဲ့ လူ့ဘဝကြီးမှာ တစ်ခါလောက် အိပ်မက်ကြီးကြီး မက်ကြည့်စမ်းပါ။ မဖြစ်နိုင်ဘူးဆိုတဲ့ အိပ်မက်မျိုးပါ။

တစ်နေ့မှာ ငါ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး သူဌေးကြီးတစ်ယောက် ဖြစ်ရမယ်။ တစ်နေ့မှာ မြန်မာနိုင်ငံရဲ့ သမ္မတကြီး ဖြစ်ရမယ်။ တစ်နေ့မှာ ငါ တစ်နိုင်ငံလုံးကလူငယ်တွေ စာတတ်အောင် လုပ်ပေးနိုင်သူဖြစ်ရမယ်။ တစ်နေ့ ငါ့ဓာတ်ပုံဟာ ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာပါလာရမယ်။ (ကောင်းသတင်းနဲ့ပါ)။ အဲဒီလို အိပ်မက်ကြီးကြီးမက်ပြီး ဖြစ်အောင်လုပ်ကြည့်စမ်းပါ။ လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါ။ Dream (အိပ်မက်) = a wish to have or be something, especially one that seems difficult to achieve (ခက်ခဲတဲ့အရာကိုရယူချင်တဲ့ဆန္ဒ)

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်