ဘဝနေနည်း

အာရုံစူးစိုက်မှု

By Hnin Oo Wai

September 04, 2020

အာရုံစူးစိုက်မှု

အောင်မြင်မှုကို ရရှိဖို့ ကြိုးစားနေချိန်မှာ အလွန်ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရသလို သေးငယ်တဲ့ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ရတတ်ပါတယ်။ တစ်ခါတစ်လေကျရင် သေးငယ်တဲ့ပြဿနာတွေကို တန်ဖိုးရှိတဲ့ အချိန်နဲ့ စွမ်းအင်တွေ အဆုံးရှုံးခံပြီး ဖြေရှင်းနေရတဲ့အတွက် ကြီးမားတဲ့ အခက်အခဲတွေကို အာရုံစူးစိုက်မှုနည်းသွားတတ်ပါတယ်။ ကိုယ့်လက်အောက်ငယ်သားတွေ ဖြေရှင်းရင်တောင်ရတဲ့ အသေးအမွှား ပြဿနာတွေအတွက် အချိန်ကုန်ခံ ခေါင်းရှုပ်မခံပါနဲ့။

မိမိလက်အောက်ကလူကို လုပ်ပိုင်ခွင့် လွှဲပေးလို့ ရပေမဲ့ တာဝန်ကိုတော့ လွှဲပေးလို့ မရပါဘူး။Byron Dorgan

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ  ကူးယူဖော်ပြပါသည်။

အတွေးအခေါ်