ဘဝနေနည်း

အသက်ငယ်ငယ်မှာ အောင်မြင်ချမ်းသာချင်ရင်

By HapEye.net

June 10, 2020

၁။ ငွေနောက်ကိုလိုက်ပါ။    ယနေ့ခေတ် စီးပွားရေးအရဆိုရင် သမရိုးကျနည်းလမ်းတွေနဲ့ ချမ်းသာဖို့က ခက်ခဲလွန်းပါတယ်။ ပထမဆုံးခြေလှမ်းကတော့ သင့်ဝင်ငွေတိုးလာဖို့ အာရုံစိုက်ရမယ်။ ငွေနောက်ကို စလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာ ငွေကို ဘယ်လိုထိမ်းချုပ်ရမလဲဆိုတာ သိလာပြီး အခွင့်အလမ်းတွေ မြင်လာမှာ ဖြစ်ပါတယ်။၂။ မကြွားပါနဲ့၊ တိတ်တဆိတ်ကြိုးစားပါ။    သင့်ရဲ့လုပ်ငန်း၊ သင့်ရဲ့ ရင်းနှီးမှုတွေကို ဝင်ငွေမပေါ်သေးဘဲ တန်ဖိုးကြီးကားတွေ၊ တန်ဖိုးကြီးနာရီတွေ ဝယ်မဝတ်ပါနဲ့။ သင့်အလုပ်ကြောင့် လူသိပါစေ။ သင်ဝယ်တဲ့ အရာတွေကြောင့် လူမသိပါစေနဲ့။၃။ ရင်းနှီးမြှပ်နှံဖို့ ငွေစုပါ၊ ငွေစုဖို့အတွက် ငွေမစုပါနဲ့။    ငွေစုဖို့အတွက် တစ်ခုတည်းသော အကြောင်းပြချက်ကတော့ ရင်းနှီးမြှုပ်နှံဖို့ပါပဲ။ ငွေစုပြီဆိုတာနဲ့ စုတဲ့ငွေကို လုံးဝမထိပါနဲ့။ ဘာအတွက်မှလည်း မသုံးပါနှင့်။ အရေးပေါ်အတွက်ဆိုရင်တောင် မသုံးပါနဲ့။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ ဝင်ငွေကိုတိုးလာစေပါတယ်။၄။ အကြွေးယူတာကို ရှောင်ပါ။    သင်ဘယ်တော့မှ ငွေမချေးရအောင် ငွေကြေးကို အကောင်းဆုံး ထိန်းချုပ်ပါ။ စည်းကမ်းတွေ သတ်မှတ်ပါ။ ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှုပ်နှံဖို့ အသစ်တွေပြုလုပ်ဖို့ ငွေကြေးစီးဆင်းမှုတိုးတက်ဖို့ အတွက်သာ အကြွေးယူကြတာပါ။ ဆင်းရဲ့တဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့ ငွေချေးကြတယ်။ ဒီတော့ ဆင်းရဲတဲ့သူတွေက ပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာကြပါတော့တယ်။၅။ ငွေကို သဝန်တိုတတ်တဲ့ ချစ်သူတစ်ယောက်လို ပြုမူဆက်ဆံပါ။    ငွေတွေပေါများလာပါစေလို့ ဘယ်လိုပင် ဆုတောင်းနေနေ အချည်းနှီးပါပဲ။ ငွေကြေးပိုင်းဆိုင်ရာ လွတ်လပ်မှုရှိရမယ်ဆိုတာ ဦးစားပေး တစ်ခုအနေနဲ့ သတ်မှတ်ထားပါ။ ချမ်းသာဖို့ဆိုရင် ငွေကို ဦးစားပေးတစ်ခု အနေနဲ့ သတ်မှတ်ထားရမယ်။ ငွေဆိုတာ သဝန်တိုတတ်တဲ့ ချစ်သူလိုပဲ၊ သင်က သူမကို ဂရုမစိုက်ရင် သူမလည်း သင့်ကို ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒီထက်ဆိုးလာရင် သူမက သင့်ထက်ပိုကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ပြီး သင့်ကို စွန့်ခွာကောင်း စွန့်ခွာနိုင်ပါတယ်။၆။ ပိုက်ဆံက ဘယ်တော့မှ အိပ်မနေပါဘူး။    ပိုက်ဆံဟာ နာရီကိုလည်း မသိဘူး၊ အချိန်ဇယားတွေကိုလည်း မသိဘူး။ အားလပ်ရက်တွေကိုလည်း မသိဘူး၊ ငွေက အလုပ်ကြိုးစားတဲ့ သူတွေကို ချစ်တယ်။၇။ ဆင်းရဲတယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့ အရာပဲ။    ဘီလ်ဂိတ်က ‘ဆင်းဆင်းရဲရဲနဲ့ မွေးလာတာ သင့်အပြစ်မဟုတ်ဘူး၊ ဆင်းဆင်းရဲရဲနဲ့ သေသွားရင်တော့ သင့်အပြစ်ပဲလို့’ ပြောဖူးပါတယ်။၈။ အကောင်းဆုံး စိတ်ခွန်အားပေးနိုင်သူ၊ အကြံပေးနိုင်သူကို ရှာပါ။    တိုးတက်အောင်မြင်ဖို့ဆိုရင် မိမိကို တွန်းအားအကောင်းဆုံး ပေးနိုင်တဲ့သူကို ရှာဖွေရမယ်။ ဒါဟာ အကောင်းဆုံး နည်းလမ်းပါပဲ။၉။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုစတင်ပါ။    အမွေတွေ ဘာတွေစဉ်းစား မနေနဲ့၊ စွန့်ဦးလုပ်ကိုင်သူတွေဟာ အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။ မီလျံနာ အများစုဟာ ကိုယ်တိုင်ကြိုးစားပြီး ကြွယ်ဝလာသူတွေ ဖြစ်ပါတယ်။

အောင်မြင်ချင်ရင်ပန်းတိုင်တစ်ခု သတ်မှတ်၊အဲ့ဒီပန်းတိုင်မရောက်မချင်းဘာကိုမှ မစဉ်းစားနဲ့ ၊ဘယ်အာရုံကိုမှ မစိုက်နဲ့၊ပန်းတိုင်အတွက်ဘဲ စိတ်ကိုနှစ်ပြီးလုပ်။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။