သုတ

အလက်ဇန္ဒရို့စ်ပါပေဂို့စ် (Alexandros Papagos) (1883-1955)

By Hnin Oo Wai

September 07, 2020

အလက်ဇန္ဒရို့စ်ပါပေဂို့စ် (Alexandros Papagos) (1883-1955)

အလက်ဇန္ဒရို့စ်ပါပေဂို့စ်သည် ဂရိစစ်ဗိုလ်ချုပ်ကြီးတစ်ဦး၏ သားဖြစ်၍ အေသင်မြို့မှာ မွေးသည်။ ဘယ်လဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ စစ်တက္ကသိုလ်၌ ပညာသင်ကြားခဲ့သည်။ (၁၉၁၂-၁၃) ဘော်လကန်စစ်ပွဲများ ဖြစ်ပွားချိန်လောက်ကစ၍ ဂရိတပ်မတော်ထဲ ရောက်ရှိခဲ့သည်။ ရာထူး အဆင့်ဆင့် တက်ကာ ၁၉၃၆ တွင် ဌာနချုပ် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာသည်။

၁၉၄၀ တွင် အီတလီတို့၏ ထိုးစစ်ကို အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သော်လည်း ၁၉၄၁ ဂျာမန်တို့ ဝင်ရောက်တိုက်ခိုက်သည်ကိုကား မခုခံနိုင်ခဲ့။ ဂျာမန်တို့က သူ့အား ဖမ်းဆီးပြီး ဂျာမနီသို့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ၁၉၄၅ တွင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ၁၉၄၉တွင် ဖီးလ်မာရှယ် ဗိုလ်ချုပ်ကြီးဖြစ်လာသည်။ ၁၉၅၁ တွင် တပ်မတော်အကြီးအကဲ ရာထူးမှ နုတ်ထွက်ပြီး ” ဂရိအစည်းအရုံး “ ပါတီကို တည်ထောင်သည်။ ပြင်သစ်ပြည်မှ ဒီဂေါနည်းတူ လူထုထောက်ခံမှု အကြီးအကျယ်ရပြီး ၁၉၅၂ ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ဝန်ကြီးချုပ်ဖြစ်လာသည်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကွယ်လွန်သည်။

အောင်မြင်ရေးအတွက် အဓိက သော့ချက်ဟာ ဆုံးဖြတ်ချက်တွေ အလျင်စလို မချမိအောင် ထိန်းနိုင်ခြင်းပဲ သား၊ ပြဿနာတစ်ခုကြုံရင် ပထမဆုံး သေသေချာချာ စဉ်းစား၊ ပြီးတော့မှ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ချ

ဖေမြင့် ရေးသားသော ( မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား )စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။