ဘဝနေနည်း

ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားဖို့

By Hnin Oo Wai

September 19, 2020

အမေရိကန် ဒဿနပညာရှင် William James က ပြောခဲ့တယ်။ “သင့်ကို လူဘယ်နှယောက်သိရင် သင်လည်း ဘယ်နှယောက်ရှိတယ်” တဲ့။ ဒီထက်နားရှင်းအောင် ပြောရရင် … သင်ဟာ သင့်ကိုသိတဲ့လူတွေရဲ့ပါးစပ်မှာ ဗားရှင်းအမျိုးမျိုးပါ။ သင့်ကို လူအယောက်တစ်ရာသိရင် သင့်ပုံစံကလည်း အယောက်တစ်ရာ ရှိပါတယ်။

တချို့က သင့်ကို ချစ်စရာလေးလို့ ပြောတယ်။တချို့ကသင့်ကို အမြင်ကပ်စရာကြီးလို့ မြင်တယ်။တချို့က သင့်ကို ဝတယ်ဆိုတယ်။တချို့က အနေတော်ပါတဲ့။တချို့က သင့်ကိုဖြူတယ်ပြောတယ်။တချို့က ညိုတယ်ပြောတယ်။တချို့က ဆံပင်ရှည်နဲ့လိုက်တယ်ပြောတယ်။တချို့က အတိုမှတဲ့။တချို့က သင့်ကိုသဘောကောင်းတယ်ပြောတယ်။တချို့က သင်ကောက်ကျစ်တယ်တဲ့။ စသည်ဖြင့်…

သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေဟာ တခြားလူရဲ့အမြင်မှာ၊ အပြောမှာ အမျိုးမျိုး ပြောင်းလဲနေတယ်။ ဘယ်သူတွေ ဘာပြောပြော သင့်ပုံစံ၊ သင့်ရပ်တည်ချက်၊ သင့်ယုံကြည်မှုတွေ ပြောင်းမသွားဖို့လိုသလို သင့်ကိုယ်သင်ဘာလဲဆိုတာ သိနေဖို့က သာပြီးအရေးကြီးပါတယ်။

ဆရာမ နိုင်းနိုင်းစနေ၏ facebook post မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline