အတွေးအခေါ်

အတွေးလက်ဆောင် (၉၈)

By HapEye.net

June 11, 2020

အတွေးလက်ဆောင် (၉၈) ။ ။ ပျိုမျစ်နုနယ်နဲ့ လူငယ်ဘဝဆိုတာ တန်ဖိုးထားပြီး အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုပါတယ်။ လူငယ်ဘဝရဲ့ တက်ကြွမှု ဖျတ်လတ်မှု စိတ်အားထက်သန်မှု စတာတွေဟာ အမှန်တကယ် လိုအပ်ပါတယ်။ ဒါပေမယ့် လူငယ်တိုင်းဟာ လူကြီးတွေ (ခေတ် အခေါ် – ရှေးအဘိုးကြီးတွေ) မှာရှိတဲ့ ဘဝအတွေ့အကြုံမျိုး မရှိကြတဲ့အတွက် ဘဝအတွေ့အကြုံ ပြည့်စုံတဲ့ လူကြီးသူမတွေရဲ့ ဘဝဖြတ်သန်းမှုနဲ့၊ ရင့်ကျက်တည်ငြိမ်မှုကို ပစ်ပယ်လို့ မရပါဘူး။ လူကြီးတွေရဲ့ ဆုံးမစကားနဲ့ အတွေ့အကြုံထဲက သင်ခန်းစာတွေကို ဘဝရဲ့ အဖိုးတန် ရတနာ အဖြစ် ခံယူသင့်ပါတယ်။

Everybody was young before,but not everybody sas okd before.African Proverbလူတိုင်းဟာ ငယ်ရွယ်ဖူးကြတာ မှန်ပေမယ့်၊ဒီအရင်က လူတိုင်း မအိုမင်းဖူးကြပါဘူး။အာဖရိက စကားပုံ

#OpenYourBusinessOnline