အတွေးလက်ဆောင် (၉၂) ။ ။ မကောင်းမှုကို မကောင်းမှုမှန်း သိပြီး ရှောင်ရှားနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် ရှောင်ရှားတယ်ဆိုတာ မကောင်းမှန်း သိလို့ မကောင်းမှုကို ရွံရှာစက်ဆုပ်လို့ ရှောင်ရှားတာမျိုးပဲ ဖြစ်သင့်ပါတယ်။ သူများကဲ့ရဲ့ခံရမှာ စိုးလို့ လူရိုသေ ရှင်ရိုသေ ဖြစ်အောင် ဟန်ဆောင်ရှောင်တာမျိုး မလုပ်ပါနဲ့။ မကောင်းတတ်လို့ ရှောင်တာမျိုးထက် ကိုယ်တိုင်က မနှစ်မြို့လို့ ရှောင်တာမျိုးမှ တကယ့် စစ်မှန်တဲ့ ရှောင်ကြဉ်ခြင်းမျိုးပါ။ မကောင်းမှုကို စိတ်ရောကိုယ်ပါ ရှောင်ပါလေ။
Virtue consists, not in abstainingfrom vice, but is not desiring it.George Bernard Shawမကောင်းမှုကို ရှောင်ရှားနိုင်ရုံနဲ့ ကောင်းမြတ်မှုနဲ့ပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ မကောင်းမှုမှန်သမျှကို နှစ်သက်လိုလားခြင်း မရှိမှသာကောင်းမြတ်တဲ့ ဂုဏ်ရည်နဲ့ ပြည့်စုံပါလိမ့်မယ်။ဂျော့ – ဘားနဒ်ရှော