အတွေးလက်ဆောင် (၈၇) ။ ။ ဘဝဆိုတာ ကျားကစားရသလိုပါပဲ။ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရတယ်။ ကိုယ်က စားရတဲ့အခါ ရှိသလို ကိုယ်က အစားခံရတဲ့ အခါတွေလည်း ရှိတတ်တယ်။ စိတ်ရှည်ဖို့ သည်းခံဖို့ ရှေ့အလောမကြီးဖို့ အမှားကင်းဖို့ သင်ခန်းစာတွေ ပေးပါတယ်။ မအောင်မြင်ခင် ဘဝမှာ ဆင်ဆင်ခြင်ခြင် ချွေချွေတာတာ သုံးစွဲပါ၊ စည်းကမ်းရှိပါ။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ပါ။ အောင်မြင်ပြီးပြီဆိုရင်တော့ သင်လုပ်ချင်တာ လုပ်လို့ရပြီ။
You can learn much about life from a cheeker game.Surrender one to take two, don’t make two movesat one time, move up, not down, and when you reachthe top, you may move as you like.Stephen Johnsonကျားကစားပွဲက တစ်ဆင့်၊ ဘဝနဲ့ ပက်သက်လို့ အများကြီးသင်ယူရရှိနိုင်ပါတယ်။ နှစ်ကောင်စားနိုင်ဖို့ တစ်ကောင် ကျွေးရတယ်။တစ်ကြိမ်ထဲမှာ နှစ်ကောင်ရွှေ့မရဘူး။ အထက်ကိုပဲ ရွှေ့ရမယ်၊ အောက်ကိုမရွှေ့ရဘူး။ ကင်းစင်သွားပြီဆိုရင်တော့ ကြိုက်သလို ရွှေ့လို့ရပြီ။စတီဖင် ဂျွန်ဆင်